Property Expo
×

အသက္ ၅၂ ႏွစ္အရြယ္ ေဟာလိဝုဒ္မင္းသား ဘရတ္ပစ္ဟာ ဇနီးေဟာင္း အန္ဂ်လီနာဂ်ဳိလီနဲ႔ ႐ႈပ္ေထြးလွတဲ့ ကြာရွင္းျပတ္စဲမႈေတြၾကားမွာ ေနာက္ထပ္ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ဖို႔အတြက္ အဆင္သင့္မျဖစ္ႏုိင္ေသးေပမဲ့ သူဘာလုိခ်င္သလဲဆုိတာ သိသူပါ။

"အန္ဂ်လီနာက သူ႔ဘဝကို တစ္စစီျဖစ္ေအာင္ ဖ်က္ဆီးပစ္လုိက္တဲ့အတြက္ ဘရတ္ နလန္မထူႏိုင္ေသးပါဘူး။ ဒါေပမဲ့ အခ်ိန္တန္ရင္ေတာ့ သူ ခ်စ္သူရွာမွာပါ" လို႔ ဘရတ္ပစ္နဲ႔ ရင္းႏွီးသူတစ္ဦးက ေျပာျပခဲ့ပါတယ္။

"ေသခ်ာတာတစ္ခုကေတာ့ သူ ေနာက္ေရြးခ်ယ္မယ့္ အမ်ဳိးသမီးဟာ အန္ဂ်လီနာနဲ႔ လံုးဝတူတဲ့သူ ျဖစ္မွာ မဟုတ္ဘူး။ သူမရဲ႕ညႇဳိ႕ဓာတ္ၾကားမွာ ပိတ္မိခဲ့ၿပီး ဒရမ္မာေတြၾကားမွာ ႏွစ္ေပါင္းမ်ားစြာ ကုန္ဆံုးခဲ့ရေပမဲ့ အခုေတာ့ သူ႔နားမွာ အေကာင္းျမင္စိတ္ရွိသူေတြပဲ သူက ရွိေစခ်င္ေတာ့တာ။ ဘရတ္က သူ႔ဘဝကို အလင္းေရာင္ယူေဆာင္လာေပးမယ့္သူကိုပဲ ရွာေတ့မွာပါ။ ႐ိုးရွင္းမႈ၊ ၾကင္နာခ်စ္ခင္မႈေတြကိုပဲ သူလိုခ်င္ေတာ့တယ္" လုိ႔ ထိုသူက ေျပာျပခဲ့ပါတယ္။

ဘရတ္ပစ္ဟာ မင္းသမီး ကိတ္ဟက္ဆန္နဲ႔ တိတ္္တဆိတ္တြဲေနတယ္လို႔ ဒီရက္ပိုင္းအတြင္း သတင္းထြက္္ခဲ့ေပမဲ့ Woman's Day သတင္းဌာနကေတာ့ ဒီသတင္းဟာ လံုးဝမဟုတ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အသက် ၅၂ နှစ်အရွယ် ဟောလိဝုဒ်မင်းသား ဘရတ်ပစ်ဟာ ဇနီးဟောင်း အန်ဂျလီနာဂျိုလီနဲ့ ရှုပ်ထွေးလှတဲ့ ကွာရှင်းပြတ်စဲမှုတွေကြားမှာ နောက်ထပ် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးပေမဲ့ သူဘာလိုချင်သလဲဆိုတာ သိသူပါ။

"အန်ဂျလီနာက သူ့ဘဝကို တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်တဲ့အတွက် ဘရတ် နလန်မထူနိုင်သေးပါဘူး။ ဒါပေမဲ့ အချိန်တန်ရင်တော့ သူ ချစ်သူရှာမှာပါ" လို့ ဘရတ်ပစ်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

"သေချာတာတစ်ခုကတော့ သူ နောက်ရွေးချယ်မယ့် အမျိုးသမီးဟာ အန်ဂျလီနာနဲ့ လုံးဝတူတဲ့သူ ဖြစ်မှာ မဟုတ်ဘူး။ သူမရဲ့ညှို့ဓာတ်ကြားမှာ ပိတ်မိခဲ့ပြီး ဒရမ်မာတွေကြားမှာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရပေမဲ့ အခုတော့ သူ့နားမှာ အကောင်းမြင်စိတ်ရှိသူတွေပဲ သူက ရှိစေချင်တော့တာ။ ဘရတ်က သူ့ဘဝကို အလင်းရောင်ယူဆောင်လာပေးမယ့်သူကိုပဲ ရှာတေ့မှာပါ။ ရိုးရှင်းမှု၊ ကြင်နာချစ်ခင်မှုတွေကိုပဲ သူလိုချင်တော့တယ်" လို့ ထိုသူက ပြောပြခဲ့ပါတယ်။

ဘရတ်ပစ်ဟာ မင်းသမီး ကိတ်ဟက်ဆန်နဲ့ တိတ်တဆိတ်တွဲနေတယ်လို့ ဒီရက်ပိုင်းအတွင်း သတင်းထွက်ခဲ့ပေမဲ့ Woman's Day သတင်းဌာနကတော့ ဒီသတင်းဟာ လုံးဝမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top