Kantharyar Centre
×

 မူဆယ္ၿမိဳ႕တြင္ လက္ရွိ ျဖစ္ပြားေနေသာ တုိက္ပြဲမ်ား ေၾကာင့္ တ႐ုတ္ႏုိင္ငံသို႔ တင္ပို႔ သည့္ ဖရဲ၊ သခြားမ်ားကို တ႐ုတ္ႏုိင္ငံတြင္း ဝမ္တိန္ႏွင့္ က်ယ္ေဂါင္ ၿမိဳ႕မ်ားအထိ အရဲစြန္႔သြားေရာက္ ေရာင္းခ်ေနရေၾကာင္း သတင္း ရရွိသည္။


ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ႏွင့္ ကြတ္ခုိင္ၿမိဳ႕နယ္မ်ား အတြင္း ႏိုဝင္ဘာ ၂၀ ရက္ နံနက္ က စတင္ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္တြင္ ကုန္သြယ္ေရးလုပ္ငန္းမ်ား ရပ္ဆုိင္းခဲ့ရ သည္။ ထို႔ေၾကာင့္ လက္ရွိတြင္ ဖရဲ၊ သခြားစိုက္ပ်ိဳးသူအခ်ိဳ႕က တ႐ုတ္ႏုိင္ငံအထိ စြန္႔စားကာ သြားေရာက္ေရာင္းခ်ေနရၿပီး အ မ်ားစုမွာ သြားေရာက္ျခင္းမရွိ၍ တ႐ုတ္ႏုိင္ငံဘက္သို႔ ဝင္သည့္ ကားအစီးေရမ်ားစြာ ေလ်ာ့က် ေၾကာင္း ျမန္မာႏုိင္ငံ ဖရဲ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ် သူမ်ားအစုအဖြဲ႕ အတြင္းေရးမွဴး ဦးေက်ာ္သူက ေျပာသည္။

မူဆယ္ (၁၀၅)မိုင္ အေျခ စိုက္ ခြာညိဳသစ္သီးဝလံပြဲ႐ံုမွ စိုင္း မင္းသူႏုိင္က ‘‘မေန႔က (ႏိုဝင္ဘာ ၂၁ ရက္)ကေတာ့ ဝမ္တိန္ဘက္မွာ သြားေရာင္းတယ္။ ဝမ္တိန္၊ က်င္ဆန္ေက်ာ့ကားလမ္းက မလံုၿခံဳေတာ့ ေဈးကြက္ျပန္ေရႊ႕ရ တယ္။ ဒီေန႔ေတာ့ က်ယ္ေဂါင္မွာ အေရာင္းအဝယ္လုပ္တယ္။ တ႐ုတ္ဘက္ကေတာ့ သူ႔ႏုိင္ငံသားေတြကို ျမန္မာဘက္ ထြက္ခြင့္မျပဳေသးဘူး။ ဒါေၾကာင့္ ဝယ္လက္ရွိရာ လိုက္ေရာင္းရတယ္’’ ဟု ေျပာသည္။

တိုက္ပြဲမ်ား မျဖစ္မီက မူ ဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ သို႔ ေန႔စဥ္ ဖရဲ၊ သခြားကားအစီး ေရ ၃၀၀ ခန္႔ ပံုမွန္ဝင္ေရာက္ ေရာင္းခ်မႈရွိၿပီး လက္ရွိတြင္ တစ္ရက္လွ်င္ ကားအစီးေရ ၅၀ ခန္႔ သာရွိေတာ့ေၾကာင္း သတင္းရရွိသည္။

တ႐ုတ္ႏုိင္ငံဘက္သို႔ သြား ေရာက္ေရာင္းခ်ေနရေသာ္လည္း ဝယ္လိုအားမ်ားေန၍ တ႐ုတ္ဝယ္ လက္မ်ားက ေဈးႏွိမ္ဝယ္ယူမႈမရွိ ဘဲ ေဈးေကာင္းရရွိေနေၾကာင္း ခြာညိဳသစ္သီးပြဲ႐ံုမွ သတင္းရရွိ သည္။ အရည္အေသြးႏွင့္ အမ်ိဳး အစားအလိုက္ ဖရဲ၊ သခြား တစ္ကီလိုလွ်င္ အနည္းဆံုး တ႐ုတ္ေငြႏွစ္ယြမ္မွ အမ်ားဆံုးေလးယြမ္ခြဲအထိ ရရွိေနေၾကာင္း သိရသည္။

တုိက္ပြဲမ်ား စတင္ျဖစ္ပြား သည့္အခ်ိန္တြင္ (၁၀၅)မိုင္ ကုန္ သြယ္ေရးဇုန္အတြင္း ပိတ္မိေနခဲ့ သည့္ ဖရဲ၊ သခြားကားမ်ားကို ႏိုဝင္ဘာ ၂၁ ရက္က ႏွစ္ဖက္ကုန္စည္ဒိုင္မ်ား ညႇိႏိႈင္းမႈေၾကာင့္ က်င္ဆန္ေက်ာ့လမ္းမွတစ္ဆင့္ ဝမ္တိန္ကြင္းသို႔ သြားေရာက္ေရာင္းခ် ႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘လမ္းက တရားဝင္ေတာ့ ပိတ္မထားတဲ့အတြက္ သြားလို႔ ေတာ့ရေနေသးတယ္။ တစ္ခါ တေလေတာ့ အႏၲရာယ္ရွိတယ္လို႔ ၾကားတယ္။ ဒီအတုိင္းဆက္သြား ရင္ ဖရဲ၊ သခြားစိုက္ပ်ိဳးသူေတြ အ​႐ႈံးေပၚဖို႔ရိွတယ္။ ျပည္တြင္းမွာက စားသံုးမႈအားနည္းတယ္။ ေဈး လည္း သိပ္မရဘူး။ အခုက စေပၚခါစ အစပိုင္းမို႔ ခံသာတာ။ ဒီဇင္ ဘာလေလာက္မွာသာျဖစ္ရင္ အကုန္သြားၿပီ’’ဟု ဦးေက်ာ္သူက ေျပာသည္။

တ႐ုတ္ႏုိင္ငံသုိ႔ ဖရဲ၊ သခြား မ်ား သြားေရာက္ေရာင္းခ်သည့္ လမ္းတြင္ လက္နက္ကိုင္အဖြဲ႕သံုး ဖြဲ႕ခန္႔ရွိေနၿပီး တစ္ဖြဲ႕စီက ကား တစ္စီးလွ်င္ ၃၀,၀၀၀ က်ပ္ ခန္႔ ေကာက္ခံမႈလည္းရွိေနေၾကာင္း ဦးစိုင္းမင္းသူႏုိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မူဆယ်မြို့တွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ သည့် ဖရဲ၊ သခွားများကို တရုတ်နိုင်ငံတွင်း ဝမ်တိန်နှင့် ကျယ်ဂေါင် မြို့များအထိ အရဲစွန့်သွားရောက် ရောင်းချနေရကြောင်း သတင်း ရရှိသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များ အတွင်း နိုဝင်ဘာ ၂၀ ရက် နံနက် က စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရ သည်။ ထို့ကြောင့် လက်ရှိတွင် ဖရဲ၊ သခွားစိုက်ပျိုးသူအချို့က တရုတ်နိုင်ငံအထိ စွန့်စားကာ သွားရောက်ရောင်းချနေရပြီး အ များစုမှာ သွားရောက်ခြင်းမရှိ၍ တရုတ်နိုင်ငံဘက်သို့ ဝင်သည့် ကားအစီးရေများစွာ လျော့ကျ ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

မူဆယ် (၁၀၅)မိုင် အခြေ စိုက် ခွာညိုသစ်သီးဝလံပွဲရုံမှ စိုင်း မင်းသူနိုင်က ‘‘မနေ့က (နိုဝင်ဘာ ၂၁ ရက်)ကတော့ ဝမ်တိန်ဘက်မှာ သွားရောင်းတယ်။ ဝမ်တိန်၊ ကျင်ဆန်ကျော့ကားလမ်းက မလုံခြုံတော့ ဈေးကွက်ပြန်ရွှေ့ရ တယ်။ ဒီနေ့တော့ ကျယ်ဂေါင်မှာ အရောင်းအဝယ်လုပ်တယ်။ တရုတ်ဘက်ကတော့ သူ့နိုင်ငံသားတွေကို မြန်မာဘက် ထွက်ခွင့်မပြုသေးဘူး။ ဒါကြောင့် ဝယ်လက်ရှိရာ လိုက်ရောင်းရတယ်’’ ဟု ပြောသည်။

တိုက်ပွဲများ မဖြစ်မီက မူ ဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သို့ နေ့စဉ် ဖရဲ၊ သခွားကားအစီး ရေ ၃၀၀ ခန့် ပုံမှန်ဝင်ရောက် ရောင်းချမှုရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ကားအစီးရေ ၅၀ ခန့် သာရှိတော့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံဘက်သို့ သွား ရောက်ရောင်းချနေရသော်လည်း ဝယ်လိုအားများနေ၍ တရုတ်ဝယ် လက်များက ဈေးနှိမ်ဝယ်ယူမှုမရှိ ဘဲ ဈေးကောင်းရရှိနေကြောင်း ခွာညိုသစ်သီးပွဲရုံမှ သတင်းရရှိ သည်။ အရည်အသွေးနှင့် အမျိုး အစားအလိုက် ဖရဲ၊ သခွား တစ်ကီလိုလျှင် အနည်းဆုံး တရုတ်ငွေနှစ်ယွမ်မှ အများဆုံးလေးယွမ်ခွဲအထိ ရရှိနေကြောင်း သိရသည်။

တိုက်ပွဲများ စတင်ဖြစ်ပွား သည့်အချိန်တွင် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်အတွင်း ပိတ်မိနေခဲ့ သည့် ဖရဲ၊ သခွားကားများကို နိုဝင်ဘာ ၂၁ ရက်က နှစ်ဖက်ကုန်စည်ဒိုင်များ ညှိနှိုင်းမှုကြောင့် ကျင်ဆန်ကျော့လမ်းမှတစ်ဆင့် ဝမ်တိန်ကွင်းသို့ သွားရောက်ရောင်းချ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘လမ်းက တရားဝင်တော့ ပိတ်မထားတဲ့အတွက် သွားလို့ တော့ရနေသေးတယ်။ တစ်ခါ တလေတော့ အန္တရာယ်ရှိတယ်လို့ ကြားတယ်။ ဒီအတိုင်းဆက်သွား ရင် ဖရဲ၊ သခွားစိုက်ပျိုးသူတွေ အရှုံးပေါ်ဖို့ရှိတယ်။ ပြည်တွင်းမှာက စားသုံးမှုအားနည်းတယ်။ ဈေး လည်း သိပ်မရဘူး။ အခုက စပေါ်ခါစ အစပိုင်းမို့ ခံသာတာ။ ဒီဇင် ဘာလလောက်မှာသာဖြစ်ရင် အကုန်သွားပြီ’’ဟု ဦးကျော်သူက ပြောသည်။

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား များ သွားရောက်ရောင်းချသည့် လမ်းတွင် လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့ခန့်ရှိနေပြီး တစ်ဖွဲ့စီက ကား တစ်စီးလျှင် ၃၀,၀၀၀ ကျပ် ခန့် ကောက်ခံမှုလည်းရှိနေကြောင်း ဦးစိုင်းမင်းသူနိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top