Property Expo
×

တိရစၦာန္ႏွင့္ တိရစၦာန္ထြက္ပစၥည္း ေမွာင္ခုိေစ်းကြက္တြင္ ေရာင္း၀ယ္မႈမ်ားေနသည့္အတြက္ သင္းေခြခ်ပ္တို႔၏ ေနာက္ဆုံးေန႔ရက္မ်ား နီးကပ္လာသည္။ (ဓာတ္ပံု-ေအပီ)
တရားမဝင္ တိရစၧာန္ေမွာင္ခို ေရာင္းဝယ္ရာတြင္ သတင္းႀကီးေနၿပီး လာမည့္ဆယ္စုႏွစ္အတြင္း ကမၻာေျမေပၚမွ ေပ်ာက္ကြယ္သြားႏိုင္သည္ဟု ပညာရွင္မ်ားေဟာကိန္းထုတ္ခံထားရသည့္ သင္းေခြခ်ပ္မ်ားအေၾကာင္းကို ယခုတစ္ပတ္တြင္ ေဖာ္ျပေပးလိုက္ပါသည္။

သင္းေခြခ်ပ္မ်ိဳးစိတ္သည္ ကမၻာေျမ၏ဘူမိသက္တမ္းကာလ ေရွးႏွစ္သန္းေပါင္း ၆၆ ႏွစ္ေလာက္က ရွင္သန္ေပါက္ဖြားခဲ့သည့္ မ်ိဳးစိတ္ျဖစ္သည္။ သင္းေခြခ်ပ္၏အသားႏွင့္အေၾကးခြံတို႔ကို တ႐ုတ္ႏွင့္ဗီယက္နမ္ႏုိင္ငံတို႔၌ တိုင္းရင္းေဆးအျဖစ္ အသံုးျပဳၾကသျဖင့္ သင္းေခြခ်ပ္မ်ား၏ရွင္သန္ရပ္တည္မႈကို ၿခိမ္းေျခာက္ေနျခင္းျဖစ္သည္။

အျပည္ျပည္ဆုိင္ရာသဘာဝ ႏွင့္သဘာဝအရင္းအျမစ္မ်ားထိန္းသိမ္းေရးအဖြဲ႕(IUCN)က အဆိုပါမ်ိဳးစိတ္ကို မ်ိဳးသုဥ္းေပ်ာက္ကြယ္လုနီးပါး အႏၲရာယ္ႏွင့္ရင္ဆိုင္ေနရေသာ မ်ိဳးစိတ္အျဖစ္ သတ္မွတ္ခဲ့သည္။ သင္းေခြခ်ပ္မ်ား တစ္ႏွစ္ထက္တစ္ႏွစ္ အေကာင္ေရေလ်ာ့က်လာသျဖင့္ ယခုႏွစ္စက္တင္ဘာက က်င္းပသည့္ IUCN အဖြဲ႕၏အလုပ္႐ံုေဆြးေႏြးပြဲတြင္ သင္းေခြခ်ပ္ထိန္းသိမ္းကာကြယ္ေရးကို အေရးေပးေဆြးေႏြးခဲ့ၾကသည္။

ကမၻာေပၚရွိ သင္းေခြခ်ပ္မ်ိဳး စိတ္ရွစ္မ်ိဳးအနက္ ႏွစ္မ်ိဳးကို ျမန္ မာႏိုင္ငံတြင္ ေတြ႕ရွိရၿပီး မေလးသင္းေခြခ်ပ္ Sunda Pangolin (သိပၸံအမည္ Manisjavanica)၊ တ႐ုတ္သင္းေခြခ်ပ္ Chinese Pangolin (သိပၸံအမည္ Mani-spentadactyla) တို႔ျဖစ္သည္။

ျမန္မာႏိုင္ငံရွိ သင္းေခြခ်ပ္မ်ိဳးစိတ္မ်ားသည္ ျမန္မာမ်ိဳးရင္း သင္းေခြခ်ပ္မ်ားမဟုတ္ၾကေပ။ ျမန္မာႏိုင္ငံ၏နယ္ေျမဧရိယာသည္ မေလးကၽြန္းဆြယ္ရပ္ဝန္း ေဒသတစ္ခုလံုးတြင္ပါဝင္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ထိစပ္ေနသျဖင့္ ယင္းမ်ိဳးစိတ္မ်ားကို ေတြ႕ရွိရျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ေပါက္ေရာက္က်က္စားသည့္ အပင္၊ အေကာင္၊ ေတာ႐ိုင္းတိရစၧာန္မ်ားကို ထိန္းသိမ္းသည့္ နည္းလမ္းသံုးမ်ိဳးရွိသည့္အနက္ သင္းေခြခ်ပ္မ်ိဳးစိတ္သည္ လံုးဝကာကြယ္ထားေသာ မ်ိဳးစိတ္ျဖစ္သည္။ ထိန္းသိမ္းကာ ကြယ္ထားေသာ အပင္၊ အေကာင္ ႏွင့္ ေတာ႐ိုင္းတိရစၧာန္မ်ားကို တရားမဝင္ သတ္ျဖတ္ေရာင္းဝယ္ေဖာက္ကားပါက ပုဒ္မ ၃၇(က) အရ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ႏိုင္သည္။

သင္းေခြခ်ပ္ဝယ္လိုအားမ်ားေသာ တ႐ုတ္ႏိုင္ငံႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသျဖင့္ ျမန္မာႏိုင္ငံတြင္ က်က္စားသည့္ သင္းေခြခ်ပ္မ်ားသည္ နည္းမ်ိဳးစံုႏွင့္ ၿခိမ္းေျခာက္အျမတ္ထုတ္ျခင္းခံေနရသည္။

မေလးသင္းေခြခ်ပ္ Sunda Pan-golin (သိပၸံအမည္ Manisjava-nica)

ျမန္မာႏိုင္ငံတြင္ က်က္စား သည့္ မ်ိဳးစိတ္ႏွစ္မ်ိဳးအနက္ မေလး သင္းေခြခ်ပ္ Sunda Pangolin (သိပၸံအမည္ Manisjavanica) ကို ျမန္မာႏိုင္ငံရွိ ရခိုင္၊ ရွမ္း၊ ကယား၊ ကရင္ျပည္နယ္ႏွင့္ မေကြးတုိင္း၊ မႏၲေလးတိုင္း၊ တနသၤာရီတုိင္းေဒ သႀကီးတို႔တြင္ ေတြ႕ရွိရသည္။ မ ေလးကြၽန္းဆြယ္ရပ္ဝန္းတစ္ဝိုက္ တြင္ ယင္းေဒသတုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားပါဝင္ေသာေၾကာင့္ မေလးသင္းေခြခ်ပ္မ်ားကို ေတြ႕ရွိ ရျခင္းျဖစ္သည္။

တ႐ုတ္သင္းေခြခ်ပ္ Chinese Pangolin (သိပၸံအမည္ Mani-spentadactyla)

Chinese Pangolin (သိပၸံအမည္ Manispentadactyla) ကိုတ႐ုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ရွမ္း၊ ကခ်င္ျပည္နယ္၊စစ္ကိုင္းတိုင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ေတြ႕ရွိရသည့္အ ျပင္ ရခိုင္ႏွင့္ခ်င္းျပည္နယ္တို႔၌ လည္း ေတြ႕ရွိရသည္။ တ႐ုတ္ကြၽန္းဆြယ္ရပ္ဝန္းေဒသအတြင္းရွိ မည္သည့္ေနရာတြင္မဆို အဆိုပါမ်ိဳးစိတ္မ်ားကို ေတြ႕ရွိႏိုင္သည္။

ျမန္မာႏိုင္ငံရွိ သင္းေခြခ်ပ္မ်ား၏ အမူအက်င့္ႏွင့္အေလ့အထမ်ား

ျမန္မာႏုိင္ငံတြင္ က်က္စားသည့္ အမူအက်င့္၊ အေလ့အထမ်ားသည္ အျခားႏိုင္ငံမ်ားမွ သင္းေခြခ်ပ္မ်ားႏွင့္လည္း တူညီၾကသည္။ သင္းေခြခ်ပ္မ်ိဳးစိတ္ရွစ္မ်ိဳးကို အာရွႏွင့္ အာဖရိကတိုက္တြင္သာေတြ႕ရွိရသျဖင့္ အာရွသင္းေခြ ခ်ပ္၊ အာဖရိကသင္းေခြခ်ပ္ဟူ၍ အမွတ္သညာျပဳ ေခၚေဝၚၾကသည္။ အေခၚအေဝၚခြဲျခားထားေသာ္လည္း အစားအေသာက္၊ အမူအက်င့္မ်ားမွာ အတူတူပင္ ျဖစ္သည္။

ကြဲျပားသည္မွာ အာဖရိကသင္းေခြခ်ပ္သည္ တစ္ႀကိမ္သားေပါက္လွ်င္ တစ္ေကာင္သာေမြးဖြားၿပီး အာရွသင္းေခြခ်ပ္မ်ားမွာ တစ္ႀကိမ္လွ်င္ ႏွစ္ေကာင္ထက္မနည္း သားေပါက္တတ္သည္။

သင္းေခြခ်ပ္မ်ားမွာ သားေပါက္ခ်ိန္ရက္ေပါင္း ၁၂၀ မွ ၁၅၀ အထိ ၾကာျမင့္တတ္ၿပီး တစ္ႀကိမ္သားေပါက္လွ်င္ တစ္ေကာင္မွ သံုးေကာင္အထိ ေပါက္ဖြားတတ္သည္။ ၂ ႏွစ္သားအရြယ္ေရာက္မွသာ သားေပါက္ၿပီး ေမြးကင္းစအေကာင္ေပါက္ေလးမ်ားသည္ သံုးလသားအရြယ္ေရာက္မွသာ ႏို႔ျဖတ္ၾကသည္။

ေမြးကင္းစအေကာင္ေပါက္မ်ား၏ကိုယ္အေလးခ်ိန္မွာ ၈၀ မွ ၄၅၀ ဂရမ္အထိ ရွိတတ္ၿပီး အေကာင္ေပါက္ကေလးမ်ား၏အေၾကးခြံမွာ ႏူးညံ့ေပ်ာ့ေပ်ာင္းကာ ႀကီးရင့္လာခ်ိန္တြင္ အခြံမာမ်ားျဖစ္သြားၿပီး ယင္းကို အႏၲရာယ္ျပဳ မည့္သူမ်ားကို ခုခံရာတြင္ အေၾကးခြံကို အသံုးျပဳၾကသည္။

သင္းေခြခ်ပ္၏မလြယ္ေပါက္ အနီးတစ္ဝိုက္တြင္ အဆိပ္ပါၿပီး အနံ႔ဆုိးေသာ အက္စစ္တစ္မ်ိဳး ထုတ္လႊတ္ႏိုင္သည့္ ဂလင္း (Glands)ပါရွိသည္။ သို႔ေသာ္ အဆိုပါအက္စစ္ကို အၿမဲထုတ္လႊတ္ေလ့မရွိေပ။ ေျခသည္း၊ လက္သည္းမ်ားပါရွိသျဖင့္ ယင္းတို႔ကို အသံုးျပဳ၍ တြင္းတူးႏိုင္ၿပီး ျခေတာင္ပို႔မ်ားကို ၿဖိဳဖ်က္ႏိုင္ျခင္းႏွင့္ အပင္ေပၚတက္ႏိုင္ျခင္းမ်ား ျပဳလုပ္ႏိုင္သည္။ ေျမေအာက္ အနက္ ၃ ဒသမ ၅ မီတာ (၁၁ ေပ)အနက္အထိ ဥမင္လိုဏ္ေခါင္းမ်ားတူးႏိုင္သည္။

သင္းေခြခ်ပ္မ်ားသည္ ေန႔တြင္ အိပ္စက္ၿပီး ညတြင္ က်က္စားကာ အိပ္စက္ရာ၌လည္း ေဘာလံုးကဲ့သို႔ လံုးေခြ၍ အိပ္စက္တတ္ၾကသည္။ သင္းေခြခ်ပ္မ်ား၏ထူးျခားခ်က္မွာ ေရကူးကြၽမ္းက်င္ျခင္းျဖစ္သည္။ ထို႔အျပင္ ထူးျခားေသာ အာ႐ံုခံစားမႈႏွင့္ အနံ႔ခံအာ႐ံုကို ပိုင္ဆိုင္ထားသည္။

အနံ႔ခံအာ႐ံုကို ထူးျခားစြာ ပိုင္ဆိုင္ထားသည့္အျပင္ ရွည္လ်ားေသာ လွ်ာရွိၿပီး ေစးကပ္ေသာတံေတြးပါ ထုတ္လႊတ္ႏုိင္သျဖင့္ အမဲလုိက္ရာ၌ ၎တို႔၏ထူးျခားသည့္ အာ႐ံုခံစားမႈမ်ားျဖင့္ အစာအင္းဆက္ပိုးမႊားမ်ားကို ရွာေဖြစားေသာက္ၾကသည္။

သင္းေခြခ်ပ္မ်ားတြင္ သြားမပါရွိေသာေၾကာင့္ အစားအစာမ်ားကို ေၾကညက္ေအာင္ ဝါးစားႏိုင္စြမ္းမရွိေပ။ ထို႔ေၾကာင့္ ၎တို႔၏ အစားအစာမ်ားမွာ ျခေတာင္ပို႔မ်ား၊ ပုရြက္ဆိတ္အံုမ်ားျဖစ္သည္။ ၎တို႔သည္ အၿမီးႏွင့္ ရွည္လ်ားေသာလွ်ာကို အသံုးျပဳ၍ အစာမ်ားကို ရွာေဖြစားေသာက္ၾကသည္။

(အခ်က္အလက္မ်ားကို ေတာ႐ိုင္းတိရစၧာန္မ်ားထိန္းသိမ္းေရး မိတ္ေဆြအသင္းမွ စီမံကိန္းတာဝန္ခံ ဦးၾကည္စိုးလြင္က ကူညီပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုဈေးကွက်တွင် ရောင်းဝယ်မှုများနေသည့်အတွက် သင်းခွေချပ်တို့၏ နောက်ဆုံးနေ့ရက်များ နီးကပ်လာသည်။ (ဓာတ်ပုံ-အေပီ)

တရားမဝင် တိရစ္ဆာန်မှောင်ခို ရောင်းဝယ်ရာတွင် သတင်းကြီးနေပြီး လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်များဟောကိန်းထုတ်ခံထားရသည့် သင်းခွေချပ်များအကြောင်းကို ယခုတစ်ပတ်တွင် ဖော်ပြပေးလိုက်ပါသည်။

သင်းခွေချပ်မျိုးစိတ်သည် ကမ္ဘာမြေ၏ဘူမိသက်တမ်းကာလ ရှေးနှစ်သန်းပေါင်း ၆၆ နှစ်လောက်က ရှင်သန်ပေါက်ဖွားခဲ့သည့် မျိုးစိတ်ဖြစ်သည်။ သင်းခွေချပ်၏အသားနှင့်အကြေးခွံတို့ကို တရုတ်နှင့်ဗီယက်နမ်နိုင်ငံတို့၌ တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသဖြင့် သင်းခွေချပ်များ၏ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာသဘာဝ နှင့်သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့(IUCN)က အဆိုပါမျိုးစိတ်ကို မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့်ရင်ဆိုင်နေရသော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်။ သင်းခွေချပ်များ တစ်နှစ်ထက်တစ်နှစ် အကောင်ရေလျော့ကျလာသဖြင့် ယခုနှစ်စက်တင်ဘာက ကျင်းပသည့် IUCN အဖွဲ့၏အလုပ်ရုံဆွေးနွေးပွဲတွင် သင်းခွေချပ်ထိန်းသိမ်းကာကွယ်ရေးကို အရေးပေးဆွေးနွေးခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ သင်းခွေချပ်မျိုး စိတ်ရှစ်မျိုးအနက် နှစ်မျိုးကို မြန် မာနိုင်ငံတွင် တွေ့ရှိရပြီး မလေးသင်းခွေချပ် Sunda Pangolin (သိပ္ပံအမည် Manisjavanica)၊ တရုတ်သင်းခွေချပ် Chinese Pangolin (သိပ္ပံအမည် Mani-spentadactyla) တို့ဖြစ်သည်။

မြန်မာနိုင်ငံရှိ သင်းခွေချပ်မျိုးစိတ်များသည် မြန်မာမျိုးရင်း သင်းခွေချပ်များမဟုတ်ကြပေ။ မြန်မာနိုင်ငံ၏နယ်မြေဧရိယာသည် မလေးကျွန်းဆွယ်ရပ်ဝန်း ဒေသတစ်ခုလုံးတွင်ပါဝင်ပြီး တရုတ်နိုင်ငံနှင့်ထိစပ်နေသဖြင့် ယင်းမျိုးစိတ်များကို တွေ့ရှိရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပေါက်ရောက်ကျက်စားသည့် အပင်၊ အကောင်၊ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းသည့် နည်းလမ်းသုံးမျိုးရှိသည့်အနက် သင်းခွေချပ်မျိုးစိတ်သည် လုံးဝကာကွယ်ထားသော မျိုးစိတ်ဖြစ်သည်။ ထိန်းသိမ်းကာ ကွယ်ထားသော အပင်၊ အကောင် နှင့် တောရိုင်းတိရစ္ဆာန်များကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်ဖောက်ကားပါက ပုဒ်မ ၃၇(က) အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။

သင်းခွေချပ်ဝယ်လိုအားများသော တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသဖြင့် မြန်မာနိုင်ငံတွင် ကျက်စားသည့် သင်းခွေချပ်များသည် နည်းမျိုးစုံနှင့် ခြိမ်းခြောက်အမြတ်ထုတ်ခြင်းခံနေရသည်။

မလေးသင်းခွေချပ် Sunda Pan-golin (သိပ္ပံအမည် Manisjava-nica)

မြန်မာနိုင်ငံတွင် ကျက်စား သည့် မျိုးစိတ်နှစ်မျိုးအနက် မလေး သင်းခွေချပ် Sunda Pangolin (သိပ္ပံအမည် Manisjavanica) ကို မြန်မာနိုင်ငံရှိ ရခိုင်၊ ရှမ်း၊ ကယား၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းဒေ သကြီးတို့တွင် တွေ့ရှိရသည်။ မ လေးကျွန်းဆွယ်ရပ်ဝန်းတစ်ဝိုက် တွင် ယင်းဒေသတိုင်းဒေသကြီးနှင့် ပြည်နယ်များပါဝင်သောကြောင့် မလေးသင်းခွေချပ်များကို တွေ့ရှိ ရခြင်းဖြစ်သည်။

တရုတ်သင်းခွေချပ် Chinese Pangolin (သိပ္ပံအမည် Mani-spentadactyla)

Chinese Pangolin (သိပ္ပံအမည် Manispentadactyla) ကိုတရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်း၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တွေ့ရှိရသည့်အ ပြင် ရခိုင်နှင့်ချင်းပြည်နယ်တို့၌ လည်း တွေ့ရှိရသည်။ တရုတ်ကျွန်းဆွယ်ရပ်ဝန်းဒေသအတွင်းရှိ မည်သည့်နေရာတွင်မဆို အဆိုပါမျိုးစိတ်များကို တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံရှိ သင်းခွေချပ်များ၏ အမူအကျင့်နှင့်အလေ့အထများ

မြန်မာနိုင်ငံတွင် ကျက်စားသည့် အမူအကျင့်၊ အလေ့အထများသည် အခြားနိုင်ငံများမှ သင်းခွေချပ်များနှင့်လည်း တူညီကြသည်။ သင်းခွေချပ်မျိုးစိတ်ရှစ်မျိုးကို အာရှနှင့် အာဖရိကတိုက်တွင်သာတွေ့ရှိရသဖြင့် အာရှသင်းခွေ ချပ်၊ အာဖရိကသင်းခွေချပ်ဟူ၍ အမှတ်သညာပြု ခေါ်ဝေါ်ကြသည်။ အခေါ်အဝေါ်ခွဲခြားထားသော်လည်း အစားအသောက်၊ အမူအကျင့်များမှာ အတူတူပင် ဖြစ်သည်။

ကွဲပြားသည်မှာ အာဖရိကသင်းခွေချပ်သည် တစ်ကြိမ်သားပေါက်လျှင် တစ်ကောင်သာမွေးဖွားပြီး အာရှသင်းခွေချပ်များမှာ တစ်ကြိမ်လျှင် နှစ်ကောင်ထက်မနည်း သားပေါက်တတ်သည်။

သင်းခွေချပ်များမှာ သားပေါက်ချိန်ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ ကြာမြင့်တတ်ပြီး တစ်ကြိမ်သားပေါက်လျှင် တစ်ကောင်မှ သုံးကောင်အထိ ပေါက်ဖွားတတ်သည်။ ၂ နှစ်သားအရွယ်ရောက်မှသာ သားပေါက်ပြီး မွေးကင်းစအကောင်ပေါက်လေးများသည် သုံးလသားအရွယ်ရောက်မှသာ နို့ဖြတ်ကြသည်။

မွေးကင်းစအကောင်ပေါက်များ၏ကိုယ်အလေးချိန်မှာ ၈၀ မှ ၄၅၀ ဂရမ်အထိ ရှိတတ်ပြီး အကောင်ပေါက်ကလေးများ၏အကြေးခွံမှာ နူးညံ့ပျော့ပျောင်းကာ ကြီးရင့်လာချိန်တွင် အခွံမာများဖြစ်သွားပြီး ယင်းကို အန္တရာယ်ပြု မည့်သူများကို ခုခံရာတွင် အကြေးခွံကို အသုံးပြုကြသည်။

သင်းခွေချပ်၏မလွယ်ပေါက် အနီးတစ်ဝိုက်တွင် အဆိပ်ပါပြီး အနံ့ဆိုးသော အက်စစ်တစ်မျိုး ထုတ်လွှတ်နိုင်သည့် ဂလင်း (Glands)ပါရှိသည်။ သို့သော် အဆိုပါအက်စစ်ကို အမြဲထုတ်လွှတ်လေ့မရှိပေ။ ခြေသည်း၊ လက်သည်းများပါရှိသဖြင့် ယင်းတို့ကို အသုံးပြု၍ တွင်းတူးနိုင်ပြီး ခြတောင်ပို့များကို ဖြိုဖျက်နိုင်ခြင်းနှင့် အပင်ပေါ်တက်နိုင်ခြင်းများ ပြုလုပ်နိုင်သည်။ မြေအောက် အနက် ၃ ဒသမ ၅ မီတာ (၁၁ ပေ)အနက်အထိ ဥမင်လိုဏ်ခေါင်းများတူးနိုင်သည်။

သင်းခွေချပ်များသည် နေ့တွင် အိပ်စက်ပြီး ညတွင် ကျက်စားကာ အိပ်စက်ရာ၌လည်း ဘောလုံးကဲ့သို့ လုံးခွေ၍ အိပ်စက်တတ်ကြသည်။ သင်းခွေချပ်များ၏ထူးခြားချက်မှာ ရေကူးကျွမ်းကျင်ခြင်းဖြစ်သည်။ ထို့အပြင် ထူးခြားသော အာရုံခံစားမှုနှင့် အနံ့ခံအာရုံကို ပိုင်ဆိုင်ထားသည်။

အနံ့ခံအာရုံကို ထူးခြားစွာ ပိုင်ဆိုင်ထားသည့်အပြင် ရှည်လျားသော လျှာရှိပြီး စေးကပ်သောတံတွေးပါ ထုတ်လွှတ်နိုင်သဖြင့် အမဲလိုက်ရာ၌ ၎င်းတို့၏ထူးခြားသည့် အာရုံခံစားမှုများဖြင့် အစာအင်းဆက်ပိုးမွှားများကို ရှာဖွေစားသောက်ကြသည်။

သင်းခွေချပ်များတွင် သွားမပါရှိသောကြောင့် အစားအစာများကို ကြေညက်အောင် ဝါးစားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ အစားအစာများမှာ ခြတောင်ပို့များ၊ ပုရွက်ဆိတ်အုံများဖြစ်သည်။ ၎င်းတို့သည် အမြီးနှင့် ရှည်လျားသောလျှာကို အသုံးပြု၍ အစာများကို ရှာဖွေစားသောက်ကြသည်။

(အချက်အလက်များကို တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး မိတ်ဆွေအသင်းမှ စီမံကိန်းတာဝန်ခံ ဦးကြည်စိုးလွင်က ကူညီပါသည်။)


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top