Property Expo
×

ေျမာက္ဥကၠလာပၿမိဳ႕ နယ္ ပုရြက္ဆိတ္ကုန္းရပ္ကြက္ ဦးေတလမ္းတြင္ (၉)ႏွစ္အရြယ္ သမီးအား တစ္လေက်ာ္ၾကာ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္သည့္ ဖခင္အရင္းကို ႏိုဝင္ဘာ ၁၇ ရက္ ညက အိမ္နီးခ်င္းမ်ား၏ တိုင္ၾကားမႈေၾကာင့္ ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

အိမ္ငွားမိသားစုက သံသယရွိေန၍ ရပ္ကြက္႐ံုးကို သြား ေရာက္တုိင္တန္းရာမွ အဓမၼျပဳ က်င့္ေၾကာင္း ဝန္ခံထြက္ဆိုသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ သည္။

ျပစ္မႈက်ဴးလြန္သူ ဦးေရႊထြန္းမွာ အသက္(၄၁)ႏွစ္အရြယ္ ဆိုက္ကားနင္းသူျဖစ္ၿပီး အိမ္ေထာင္ကြဲ တစ္ေယာက္ျဖစ္ကာ အသက္ (၁၁)ႏွစ္အရြယ္ သားအႀကီးႏွင့္ (၉)ႏွစ္အရြယ္ သမီးငယ္တို႔ႏွင့္ အတူေနထိုင္ေနသူျဖစ္သည္။

လြန္ခဲ့သည့္တစ္လက ၎ ၏ေရွ႕တြင္ပင္ ဖခင္ျဖစ္သူက ညီမငယ္ကို ပါးစပ္ပိတ္၍ အဓမၼျပဳက်င့္သည္ကို ျမင္ခဲ့ေၾကာင္း အစ္ကုိက ေျပာၾကားခဲ့ၿပီး ယင္းေန႔ကစ၍ ရပ္ကြက္အတြင္းရွိ ဘုန္းႀကီးေက်ာင္းသို႔ ထြက္ေျပးခဲ့သည္ဟု ၎ကဆိုသည္။ ဖခင္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခံရသည့္ ကေလးငယ္က ရဲတပ္ဖြဲ႕တြင္ စစ္ခ်က္ထြက္ဆိုခဲ့ၿပီး ဖခင္က ၎အား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ ေသာ္လည္း ဖခင္အဖမ္းခံရမည္ ကို သနားေသာေၾကာင့္ မည္သူ႔ကုိမွ် မေျပာခဲ့ေၾကာင္း ကေလးငယ္က စစ္ခ်က္တြင္ေျပာၾကားသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးေရႊထြန္း၏ အိမ္နီးခ်င္းက ၿပီးခဲ့ သည့္ တန္ေဆာင္မုန္းလျပည့္ေန႔ မတုိင္မီကတည္းက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးသို႔ သြားေရာက္တုိင္ၾကားေသာ္ လည္း အေၾကာင္းမထူးသျဖင့္ ႏိုဝင္ဘာ ၁၇ ၌ ေနာက္တစ္ႀကိမ္ ထပ္မံတိုင္ၾကားခဲ့ျခင္းျဖစ္သည္။

‘‘ဒီလူက ညညအရက္မူးလာ ၿပီး ညဥ့္နက္ရင္ ဟိုဘက္အခန္းက အသံဗလံေတြ ၾကားရတယ္။ ကေလးကငိုယုိၿပီး ကြၽန္ေတာ္တို႔ အိမ္ဘက္ကို ေျပးလာတာ ခဏ ခဏပဲ။ ညဘက္ဆို အိမ္မျပန္ခ်င္ ဘူးဆိုၿပီး ကြၽန္ေတာ္တို႔အိမ္မွာပဲ ကပ္ေနတာ။ အဲဒီည (ႏိုဝင္ဘာ ၁၇)ကလည္း ည ၈ နာရီေလာက္ ႀကီး ကေလးကို အတင္းေခၚေန တာ ကေလးကလည္း ငိုယုိေန ေတာ့ ကြၽန္ေတာ္တို႔လည္း သည္း မခံႏုိင္ဘဲ ရပ္ကြက္႐ံုးကို ကေလး ကို အမွန္အတိုင္းေျပာဖို႔ ေခ်ာ့ ေမာ့ေျပာၿပီး ပို႔လိုက္မွ အျဖစ္မွန္ ထြက္လာတာပဲ’’ အဓမၼျပဳက်င့္သူ ၏အိမ္ႏွင့္ ေဘးခ်င္းကပ္တြင္ ေန ထုိင္သည့္ အိမ္ငွားက ေျပာသည္။

လက္ရွိတြင္ အဆိုပါ အမ်ဳိး သားကို ဖမ္းဆီးထားၿပီး ေျမာက္ ဥကၠလာပၿမိဳ႕နယ္ ၿမိဳ႕ရဲစခန္းတြင္ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆး ေနေၾကာင္း သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
  မြောက်ဥက္ကလာပမြို့ နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ဦးတေလမ်းတွင် (၉)နှစ်အရွယ် သမီးအား တစ်လကျော်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဖခင်အရင်းကို နိုဝင်ဘာ ၁၇ ရက် ညက အိမ်နီးချင်းများ၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။


အိမ်ငှားမိသားစုက သံသယရှိနေ၍ ရပ်ကွက်ရုံးကို သွား ရောက်တိုင်တန်းရာမှ အဓမ္မပြု ကျင့်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ပြစ်မှုကျူးလွန်သူ ဦးရွှေထွန်းမှာ အသက်(၄၁)နှစ်အရွယ် ဆိုက်ကားနင်းသူဖြစ်ပြီး အိမ်ထောင်ကွဲ တစ်ယောက်ဖြစ်ကာ အသက် (၁၁)နှစ်အရွယ် သားအကြီးနှင့် (၉)နှစ်အရွယ် သမီးငယ်တို့နှင့် အတူနေထိုင်နေသူဖြစ်သည်။

လွန်ခဲ့သည့်တစ်လက ၎င်း ၏ရှေ့တွင်ပင် ဖခင်ဖြစ်သူက ညီမငယ်ကို ပါးစပ်ပိတ်၍ အဓမ္မပြုကျင့်သည်ကို မြင်ခဲ့ကြောင်း အစ်ကိုက ပြောကြားခဲ့ပြီး ယင်းနေ့ကစ၍ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးခဲ့သည်ဟု ၎င်းကဆိုသည်။ ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်က ရဲတပ်ဖွဲ့တွင် စစ်ချက်ထွက်ဆိုခဲ့ပြီး ဖခင်က ၎င်းအား သတ်ပစ်မည်ဟု ခြိမ်းခြောက် သော်လည်း ဖခင်အဖမ်းခံရမည် ကို သနားသောကြောင့် မည်သူ့ကိုမျှ မပြောခဲ့ကြောင်း ကလေးငယ်က စစ်ချက်တွင်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးရွှေထွန်း၏ အိမ်နီးချင်းက ပြီးခဲ့ သည့် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီကတည်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားသော် လည်း အကြောင်းမထူးသဖြင့် နိုဝင်ဘာ ၁၇ ၌ နောက်တစ်ကြိမ် ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီလူက ညညအရက်မူးလာ ပြီး ညဥ့်နက်ရင် ဟိုဘက်အခန်းက အသံဗလံတွေ ကြားရတယ်။ ကလေးကငိုယိုပြီး ကျွန်တော်တို့ အိမ်ဘက်ကို ပြေးလာတာ ခဏ ခဏပဲ။ ညဘက်ဆို အိမ်မပြန်ချင် ဘူးဆိုပြီး ကျွန်တော်တို့အိမ်မှာပဲ ကပ်နေတာ။ အဲဒီည (နိုဝင်ဘာ ၁၇)ကလည်း ည ၈ နာရီလောက် ကြီး ကလေးကို အတင်းခေါ်နေ တာ ကလေးကလည်း ငိုယိုနေ တော့ ကျွန်တော်တို့လည်း သည်း မခံနိုင်ဘဲ ရပ်ကွက်ရုံးကို ကလေး ကို အမှန်အတိုင်းပြောဖို့ ချော့ မော့ပြောပြီး ပို့လိုက်မှ အဖြစ်မှန် ထွက်လာတာပဲ’’ အဓမ္မပြုကျင့်သူ ၏အိမ်နှင့် ဘေးချင်းကပ်တွင် နေ ထိုင်သည့် အိမ်ငှားက ပြောသည်။

လက်ရှိတွင် အဆိုပါ အမျိုး သားကို ဖမ်းဆီးထားပြီး မြောက် ဥက္ကလာပမြို့နယ် မြို့ရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top