Property Expo
×

သင့္ရဲ႕ခံစားခ်က္ေတြ၊ သင့္စိတ္ကူးအိပ္မက္ေတြ၊ သင့္အခ်စ္ေရးစတာေတြကို သင့္ခ်စ္သူကို ဖြင့္ဟတယ္ဆုိတာ ဘာမွမထူးဆန္းပါဘူး။ ဒါေပမယ့္ ဒီလိုအရာမ်ိဳးေတြကို အျခားလူေတြကိုေတာ့ သင္မဖြင့္ဟသင့္သလို သူတုိ႕ဆီက အၾကံဥာဏ္ေတာင္းခံတာမ်ိဳးလည္း လံုး၀မလုပ္သင့္ပါဘူး။ ဒီေတာ့ သင့္သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြကိုေတာင္ မေျပာျပသင့္တဲ့ အေၾကာင္းအရာေတြက ဘာျဖစ္မလဲဆုိတာ ၾကည့္လိုက္ၾကရေအာင္။

၁။ သင္တုိ႕ႏွစ္ဦးရဲ႕ အိပ္ယာေပၚက ကိစၥမ်ား


သင္တုိ႕ႏွစ္ဦး အတူေနတဲ့ကိစၥေတြကို သူငယ္ခ်င္းေတြကို ဖြင့္ဟျပီး ပါးစပ္အရသာခံတာမ်ိဳး ဒါမွမဟုတ္ အၾကံဥာဏ္ေတာင္းတာမ်ိဳး လုပ္လိုက္မိလို႕ကေတာ့ သူတုိ႕က သင့္ေရွ႕မွာ ဟာသမေျပာရင္ေတာင္ တျခားသူငယ္ခ်င္းေတြနဲ႕ ျပန္ေတြ႔တဲ့အခါ သင့္အေၾကာင္းကို သူတုိ႕ခ်င္း ေျပာကိုေျပာၾကပါလိမ့္မယ္။ သင္နဲ႕သင့္ခ်စ္ရသူႏွစ္ဦးက အိပ္ယာေပၚက အေနအထားေတြကို ျမင္ေယာင္ၾကည့္တာမ်ိဳးေတြ သင္ၾကိဳက္ပါသလား။ မိန္းကေလးဘက္ကို ထည့္ေတြ႕ရမယ့္ကိစၥ ရွိကုိရွိတာမုိ႕ ကိုယ္ခ်စ္သူေကာင္မေလးကို သိကၡာမခ်ပစ္မိဖုိ႕ ပါးစပ္ကို ေစာင့္ထိန္း လိုက္ပါ။

၂။ ခ်စ္ရသူရဲ႕မိဘေတြ ဒါမွမဟုတ္ ေမာင္ႏွမေတြနဲ႕ အဆင္မေျပတဲ့ကိစၥမ်ား


လူေတာ္ေတာ္မ်ားမ်ားကေတာ့ သူတုိ႕ရဲ႕ ေယာကၡထီး၊ ေယာကၡမေတြနဲ႕ လံုးလံုးလ်ားလ်ားအဆင္ေျပခ်စ္ခင္ၾကတယ္ဆုိတာ ရွားပါတယ္။ ရွိေတာ့ရွိတယ္ ဒါေပမယ့္ စိတ္အခန္႕မသင့္တဲ့ကိိစၥေတြ ျဖစ္တတ္ၾကပါတယ္။ ဒီလိုပဲ ကိုယ့္ခ်စ္သူရဲ႕ညီမနဲ႕အဆင္မေျပတာ၊ အစ္ကိုနဲ႕မ်က္ႏွာေၾကာမတည့္တာေတြလညး္ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒီအေၾကာင္းအရာေတြကိုလည္း တတ္ႏိုင္သမ်ွ သူငယ္ခ်င္းေတြကို မေျပာျဖစ္ေအာင္ ထိန္းပါ။ သူတုိ႕ကို သင္ရင္ဖြင့္လိုက္လုိ႕ သူတုိ႕က ဒါေတာ့ျငိမ္ခံမေနနဲ႕ ဘာညာ ေျမွာက္ေပးတဲ့အခါ လိုအပ္တာထက္ပိုတဲ့ျပသနာေတြ ျဖစ္ႏိုင္ပါတယ္။ သင့္ခ်စ္သူကုိ လက္မလႊတ္ႏိုင္ဘူး၊ ခ်စ္တယ္ဆုိရင္ဒါေတြေျပာေနလည္း မထူးပါဘူး။

၃။ သင္ ဒါမွမဟုတ္ သင့္ခ်စ္သူက လိမ္ညာဖူးတယ္ဆုိတာ

သင္တုိ႕ႏွစ္ဦးၾကားမွာ သီးသန္႕ထားရမယ့္ကိစၥေတြထဲ ဒီအခ်က္ပါ၀င္ပါတယ္။ သင္တုိ႕ႏွစ္ဦးအနက္ တစ္ဦးက အရင္က လိမ္ညာခဲ့တာမ်ိဳးေတြ ရွိေကာင္းရွိပါလိမ့္မယ္။ ဒါကိုသင့္သူငယ္ခ်င္းေတြကို ျပန္ေျပာလိုက္မိရင္ သူတုိ႕စိတ္ထဲ သင္တုိ႕ႏွစ္ဦးကို အထင္ေသးတာမ်ိဳးေတြ ျဖစ္သြားႏိုင္ပါတယ္။ မဟုတ္ရင္ေတာင္ သင္တုိ႕နွစ္ဦးနဲ႕ စိတ္မၾကည္တဲ့အခ်ိန္မ်ိဳးေတြမွာ ဒါေတြကို ျပန္ေျပာျပီး စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။

၄။ ေငြေရးေၾကေရးျပသနာေတြ တစ္စံုတစ္ေယာက္က လုပ္ခဲ့မိရင္

သင္ ဒါမွမဟုတ္ သင့္ခ်စ္သူက ေငြေၾကးနဲ႕ပတ္သက္တဲ့ ျပသနာတစ္ခုခုရင္ဆုိင္ေနရတဲ့အခါ ဒါကို သူငယ္ခ်င္းေတြ၊ အေပါင္းအသင္းေတြကို မေျပာတာ အေကာင္းဆံုးပါ။ ခုလို ဖြင့္ဟလိုက္လုိ႕ သူတုိ႕က ျပသနာကို ေျဖရွင္းေပးနိုင္မွာလား၊ ဒီေငြေတြကို ျပန္ရႏိုင္မွာလား ဆုိတာ စဥ္းစားပါ။ ဘာအကူအညီမွ မေပးႏိုင္သလို သင္တုိ႕ႏွစ္ဦးအေျခအေနကို အားလံုးပိုသိသြားေစမယ္ဆုိရင္ေတာ့ ႏႈတ္ပိတ္ေနလိုက္တာ ပိုေကာင္းပါတယ္။ ေငြေရးေၾကးေရးျပသနာကို ဘယ္လိုေျဖရွင္းမလဲဆုိတာ ေခါင္းေအးေအးထား စဥ္းစားျပီး တစ္ဆင့္ခ်င္းစီ ေျဖရွင္းသြားလိုက္ပါ။

၅။ သင့္ခ်စ္သူက အနံ႕အသက္မေကာင္းတာ၊ ခႏၶာကိုယ္မွာ ခ်ိဳု႕ယြင္းခ်က္တစ္ခုခုရွိတယ္ဆုိတာေတြ

သင္ဟာ သင္အခ်စ္ရဆံုးသူကို ခ်စ္ရမွာမွန္သလို ေလးလည္းေလးစားရပါမယ္။ တစ္ဖက္လူ သိကၡာက်မယ့္အျဖစ္မ်ိဳး ႏႈတ္က မဖြင့္ဟမိပါေစနဲ႕။ ဒါ့ေၾကာင့္ သူငယ္ခ်င္းေတြနဲ႕ဆံုတဲ့အခါ သင့္ခ်စ္သူကေတာ့ျဖင့္ အေမႊးအမ်ွင္ေတြ ထူတာ၊ အနံ႕အသက္ မေကာင္းတာ၊ ဘယ္အရာက ဘယ္လုိျဖစ္တာ စသျဖင့္ တျခားလူေတြကို ေျပာမေနပဲ လ်ွိဳ႕၀ွက္ထားသင့္တာေတြကို လ်ွိဳ႕၀ွက္ထားတာ အေကာင္းဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
သင့်ရဲ့ခံစားချက်တွေ၊ သင့်စိတ်ကူးအိပ်မက်တွေ၊ သင့်အချစ်ရေးစတာတွေကို သင့်ချစ်သူကို ဖွင့်ဟတယ်ဆိုတာ ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ဒီလိုအရာမျိုးတွေကို အခြားလူတွေကိုတော့ သင်မဖွင့်ဟသင့်သလို သူတို့ဆီက အကြံဉာဏ်တောင်းခံတာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။ ဒီတော့ သင့်သူငယ်ချင်းအရင်းခေါက်ခေါက်တွေကိုတောင် မပြောပြသင့်တဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ သင်တို့နှစ်ဦးရဲ့ အိပ်ယာပေါ်က ကိစ္စများ
သင်တို့နှစ်ဦး အတူနေတဲ့ကိစ္စတွေကို သူငယ်ချင်းတွေကို ဖွင့်ဟပြီး ပါးစပ်အရသာခံတာမျိုး ဒါမှမဟုတ် အကြံဉာဏ်တောင်းတာမျိုး လုပ်လိုက်မိလို့ကတော့ သူတို့က သင့်ရှေ့မှာ ဟာသမပြောရင်တောင် တခြားသူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ သင့်အကြောင်းကို သူတို့ချင်း ပြောကိုပြောကြပါလိမ့်မယ်။ သင်နဲ့သင့်ချစ်ရသူနှစ်ဦးက အိပ်ယာပေါ်က အနေအထားတွေကို မြင်ယောင်ကြည့်တာမျိုးတွေ သင်ကြိုက်ပါသလား။ မိန်းကလေးဘက်ကို ထည့်တွေ့ရမယ့်ကိစ္စ ရှိကိုရှိတာမို့ ကိုယ်ချစ်သူကောင်မလေးကို သိက္ခာမချပစ်မိဖို့ ပါးစပ်ကို စောင့်ထိန်း လိုက်ပါ။

၂။ ချစ်ရသူရဲ့မိဘတွေ ဒါမှမဟုတ် မောင်နှမတွေနဲ့ အဆင်မပြေတဲ့ကိစ္စများ
လူတော်တော်များများကတော့ သူတို့ရဲ့ ယောက္ခထီး၊ ယောက္ခမတွေနဲ့ လုံးလုံးလျားလျားအဆင်ပြေချစ်ခင်ကြတယ်ဆိုတာ ရှားပါတယ်။ ရှိတော့ရှိတယ် ဒါပေမယ့် စိတ်အခန့်မသင့်တဲ့ကိစ္စတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုပဲ ကိုယ့်ချစ်သူရဲ့ညီမနဲ့အဆင်မပြေတာ၊ အစ်ကိုနဲ့မျက်နှာကြောမတည့်တာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကိုလည်း တတ်နိုင်သမျှ သူငယ်ချင်းတွေကို မပြောဖြစ်အောင် ထိန်းပါ။ သူတို့ကို သင်ရင်ဖွင့်လိုက်လို့ သူတို့က ဒါတော့ငြိမ်ခံမနေနဲ့ ဘာညာ မြှောက်ပေးတဲ့အခါ လိုအပ်တာထက်ပိုတဲ့ပြသနာတွေ ဖြစ်နိုင်ပါတယ်။ သင့်ချစ်သူကို လက်မလွှတ်နိုင်ဘူး၊ ချစ်တယ်ဆိုရင်ဒါတွေပြောနေလည်း မထူးပါဘူး။

၃။ သင် ဒါမှမဟုတ် သင့်ချစ်သူက လိမ်ညာဖူးတယ်ဆိုတာ
သင်တို့နှစ်ဦးကြားမှာ သီးသန့်ထားရမယ့်ကိစ္စတွေထဲ ဒီအချက်ပါဝင်ပါတယ်။ သင်တို့နှစ်ဦးအနက် တစ်ဦးက အရင်က လိမ်ညာခဲ့တာမျိုးတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါကိုသင့်သူငယ်ချင်းတွေကို ပြန်ပြောလိုက်မိရင် သူတို့စိတ်ထဲ သင်တို့နှစ်ဦးကို အထင်သေးတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ မဟုတ်ရင်တောင် သင်တို့နှစ်ဦးနဲ့ စိတ်မကြည်တဲ့အချိန်မျိုးတွေမှာ ဒါတွေကို ပြန်ပြောပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။

၄။ ငွေရေးကြေရေးပြသနာတွေ တစ်စုံတစ်ယောက်က လုပ်ခဲ့မိရင်
သင် ဒါမှမဟုတ် သင့်ချစ်သူက ငွေကြေးနဲ့ပတ်သက်တဲ့ ပြသနာတစ်ခုခုရင်ဆိုင်နေရတဲ့အခါ ဒါကို သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေကို မပြောတာ အကောင်းဆုံးပါ။ ခုလို ဖွင့်ဟလိုက်လို့ သူတို့က ပြသနာကို ဖြေရှင်းပေးနိုင်မှာလား၊ ဒီငွေတွေကို ပြန်ရနိုင်မှာလား ဆိုတာ စဉ်းစားပါ။ ဘာအကူအညီမှ မပေးနိုင်သလို သင်တို့နှစ်ဦးအခြေအနေကို အားလုံးပိုသိသွားစေမယ်ဆိုရင်တော့ နှုတ်ပိတ်နေလိုက်တာ ပိုကောင်းပါတယ်။ ငွေရေးကြေးရေးပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ခေါင်းအေးအေးထား စဉ်းစားပြီး တစ်ဆင့်ချင်းစီ ဖြေရှင်းသွားလိုက်ပါ။

၅။ သင့်ချစ်သူက အနံ့အသက်မကောင်းတာ၊ ခန္ဓာကိုယ်မှာ ချိုု့ယွင်းချက်တစ်ခုခုရှိတယ်ဆိုတာတွေ
သင်ဟာ သင်အချစ်ရဆုံးသူကို ချစ်ရမှာမှန်သလို လေးလည်းလေးစားရပါမယ်။ တစ်ဖက်လူ သိက္ခာကျမယ့်အဖြစ်မျိုး နှုတ်က မဖွင့်ဟမိပါစေနဲ့။ ဒါ့ကြောင့် သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ သင့်ချစ်သူကတော့ဖြင့် အမွှေးအမျှင်တွေ ထူတာ၊ အနံ့အသက် မကောင်းတာ၊ ဘယ်အရာက ဘယ်လိုဖြစ်တာ စသဖြင့် တခြားလူတွေကို ပြောမနေပဲ လျှို့ဝှက်ထားသင့်တာတွေကို လျှို့ဝှက်ထားတာ အကောင်းဆုံးပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top