Property Expo
×

 ခ်စ္သူက အျခားအမ်ဳိး သားႏွင့္ လက္ထပ္သြား၍ ပဲခူးတိုင္းေဒသႀကီး ဟသၤာကုန္းရပ္ကြက္ ဘုရင့္ေနာင္လမ္းတြင္ ဥပေဒ ဒုတိယႏွစ္ေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆံုးခဲ့သည့္ အသက္ (၂၂)ႏွစ္အရြယ္ အမ်ဳိးသားသည္ ေတာင္ငူတကၠသိုလ္တြင္ ဥပေဒအထူးျပဳဘာသာရပ္ျဖင့္ တက္ေရာက္သင္ၾကားေနသူျဖစ္ၿပီး စာေမးပြဲေျဖဆိုၿပီးေနာက္ ပဲခူးၿမိဳ႕ရွိေနအိမ္သို႔ လာေရာက္လည္ပတ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ပဲခူးၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

ေသဆံုးသူ မင္းသူေအာင္ သည္ ႏို၀င္ဘာ ၁၆ ရက္ ေန႔လယ္ ၃ နာရီေက်ာ္တြင္ ေနအိမ္အေပၚ ထပ္၌ ႏိုင္လြန္ႀကိဳးျဖင့္ ႀကိဳးဆြဲခ် ေသဆံုးခဲ့ေၾကာင္း သိရသည္။

‘‘သူက ဦးေလးေတာ္စပ္သူ ေနအိမ္ကို စာေမးပြဲေျဖၿပီး လာ လည္ေတာ့ အစ္မ၀မ္းကြဲကို သူ႕ ရည္းစား ေယာက်္ားယူသြားလို႔ ေသခ်င္တယ္ေျပာဖူးတယ္။ ဒီေန႔ ေန႔လယ္ပိုင္း အိမ္အေပၚထပ္ တက္ၾကည့္ေတာ့ ထုပ္တန္းမွာ ႀကိဳးခ်ည္ၿပီး ေသေနတာေတြ႕ရ တယ္။ အေလာင္းကိုေတာ့ ေဆး႐ုံပို႔ၿပီး စစ္ေဆးေနပါတယ္’’ဟု ပဲခူး ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံ တြင္ မိမိကုိယ္ကိုယ္ႀကိဳးဆြဲခ်ေသဆံုးသည့္ မႈခင္းျဖစ္စဥ္မ်ား ယခင္ႏွစ္မ်ားထက္ ပိုမိုမ်ားျပားလာၿပီး လူမႈေရး၊ စီးပြားေရးအျပင္ မိသားစု၀င္အခ်င္းခ်င္း ေျပာဆိုတုိင္ပင္ ေဆြးေႏြးမႈ နည္းပါးလာ၍ မိမိကိုယ္ကိုယ္ အဆံုးစီရင္မႈ (ေသေၾကာင္းႀကံစည္မႈ)မွာ ယခင္ထက္ မ်ားျပားလာျခင္းျဖစ္ ေၾကာင္း ေဒါက္တာေက်ာ္စြာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ချစ်သူက အခြားအမျိုး သားနှင့် လက်ထပ်သွား၍ ပဲခူးတိုင်းဒေသကြီး ဟင်္သာကုန်းရပ်ကွက် ဘုရင့်နောင်လမ်းတွင် ဥပဒေ ဒုတိယနှစ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသားသည် တောင်ငူတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ဖြင့် တက်ရောက်သင်ကြားနေသူဖြစ်ပြီး စာမေးပွဲဖြေဆိုပြီးနောက် ပဲခူးမြို့ရှိနေအိမ်သို့ လာရောက်လည်ပတ်စဉ် ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူ မင်းသူအောင် သည် နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၃ နာရီကျော်တွင် နေအိမ်အပေါ် ထပ်၌ နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

‘‘သူက ဦးလေးတော်စပ်သူ နေအိမ်ကို စာမေးပွဲဖြေပြီး လာ လည်တော့ အစ်မဝမ်းကွဲကို သူ့ ရည်းစား ယောကျ်ားယူသွားလို့ သေချင်တယ်ပြောဖူးတယ်။ ဒီနေ့ နေ့လယ်ပိုင်း အိမ်အပေါ်ထပ် တက်ကြည့်တော့ ထုပ်တန်းမှာ ကြိုးချည်ပြီး သေနေတာတွေ့ရ တယ်။ အလောင်းကိုတော့ ဆေးရုံပို့ပြီး စစ်ဆေးနေပါတယ်’’ဟု ပဲခူး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ တွင် မိမိကိုယ်ကိုယ်ကြိုးဆွဲချသေဆုံးသည့် မှုခင်းဖြစ်စဉ်များ ယခင်နှစ်များထက် ပိုမိုများပြားလာပြီး လူမှုရေး၊ စီးပွားရေးအပြင် မိသားစုဝင်အချင်းချင်း ပြောဆိုတိုင်ပင် ဆွေးနွေးမှု နည်းပါးလာ၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု (သေကြောင်းကြံစည်မှု)မှာ ယခင်ထက် များပြားလာခြင်းဖြစ် ကြောင်း ဒေါက်တာကျော်စွာက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top