Property Expo
×

 ေတာင္ကိုရီးယားသမၼတ ပတ္ဂြန္ေဟးအား အ႐ႈပ္ေတာ္ပုံတစ္ရပ္အတြင္း ႏိုင္ငံေရးအက်င့္ပ်က္မႈျဖင့္ စစ္ေဆးမည္ျဖစ္သည္။

ရာထူးတာဝန္ထမ္းေဆာင္ဆဲ သမၼတတစ္ဦးအား ေရွ႕ေနေရွ႕ရပ္မ်ားျဖင့္ ယခုကဲ့သို႔ စစ္ေမးျခင္းသည္ ပထမဆုံးအႀကိမ္ ျဖစ္ေၾကာင္းလည္း တာဝန္ရွိသူမ်ားက ေျပာသည္။

ပတ္ဂြန္ေဟးက သူငယ္ခ်င္းျဖစ္သူ ေခ်ာင္ေဆာင္ဆီအား ေနာက္ကြယ္တြင္ လုပ္ပုိင္ခြင့္အာဏာေပးကာ ႀကိဳးကိုင္ျခယ္လွယ္ခြင့္ ေပးခဲ့ေၾကာင္း စြပ္စြဲခံထားရသည္။

ရာေပါင္းမ်ားစြာေသာ ျပည္သူမ်ားက ပတ္ဂြန္ေဟး သမၼတအျဖစ္မွ ႏုတ္ထြက္ေရး ႏုိဝင္ဘာ ၁၂ ရက္က စု႐ုံးဆႏၵျပၾကသည္။

ႏိုဝင္ဘာ ၁၆ ရက္ထက္ ေနာက္မက်ဘဲ ပတ္ဂြန္ေဟးအား စစ္ေဆးေမးျမန္းမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားကို ကိုးကားလ်က္ ေတာင္ကိုရီးယားယြန္ဟတ္သတင္းဌာနက ေဖာ္ျပသည္။

ပတ္ဂြန္ေဟးေပၚတြင္ ကာလၾကာရွည္မိတ္ေဆြျဖစ္ခဲ့သူ ႐ုိးရာဓေလ့ နတ္ဆရာတစ္ဦး၏ သမီးျဖစ္သူက လြန္ကဲစြာၾသဇာလႊမ္းမိုးထားသည္ဟု စြပ္စြဲမႈမ်ားလည္း ရွိထားသည္။

ေခ်ာင္ေဆာင္စီဆိုသည့္ ပတ္ဂြန္ေဟး၏ သူငယ္ခ်င္းအမ်ိဳးသမီးျဖစ္သူသည္ ၎ထိန္းခ်ဳပ္သည့္ ေဖာင္ေဒးရွင္းမ်ားသို႔ ေဒၚလာေငြအေျမာက္အျမားလႈဒါန္းရန္ စီးပြားေရးလုပ္ငန္းမ်ားအား ဖိအားေပးျခင္း၊ သမၼတလက္ေထာက္မ်ား
ေရြးခ်ယ္ရာတြင္ ပါဝင္ျခင္းတို႔အျပင္ သမၼတ၏ ဝတ္စားဆင္ယင္မႈကိုပင္ ၎က ေရြးခ်ယ္ေပးသည္ကို ဝတ္ဆင္ေနရသည္ဟု စြပ္စြဲခ်က္မ်ား ရွိထားသည္။

ႏုိဝင္ဘာ ၄ ရက္ေန႔က ပတ္ဂြန္ေဟးအေနျဖင့္ ျဖစ္ပ်က္သည့္ ကိစၥရပ္မ်ားအတြက္ ျပည္သူထံသုိ႔ ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ ေတာင္းပန္ခဲ့သည္။

ႏိုင္ငံေတာ္သို႔ ႐ုပ္သံမွတစ္ဆင့္ မိန္႔ခြန္းေျပာရာတြင္ မ်က္ရည္က်လုနီးပါးျဖင့္ ေခ်ာင္ေဆာင္စီအေပၚ မိမိ၏ ယုံၾကည္မႈအား လုံးလုံးမွားယြင္းပါသည္ဟု ေျပာဆိုျခင္းအပါအဝင္ ျဖစ္ပ်က္သည့္ ကိစၥရပ္မ်ား အတြက္ ေတာင္းပန္စကားေျပာၾကားခဲ့သည္။

ေခ်ာင္ေဆာင္စီအား ႏုိဝင္ဘာ ၃ ရက္ေန႔တြင္ အာဏာအလြဲသုံးမႈ၊ ဟန္ေဆာင္လိမ္လည္မႈမ်ားျဖင့္ ဖမ္းဆီးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးအား အရှုပ်တော်ပုံတစ်ရပ်အတွင်း နိုင်ငံရေးအကျင့်ပျက်မှုဖြင့် စစ်ဆေးမည်ဖြစ်သည်။

ရာထူးတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအား ရှေ့နေရှေ့ရပ်များဖြင့် ယခုကဲ့သို့ စစ်မေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

ပတ်ဂွန်ဟေးက သူငယ်ချင်းဖြစ်သူ ချောင်ဆောင်ဆီအား နောက်ကွယ်တွင် လုပ်ပိုင်ခွင့်အာဏာပေးကာ ကြိုးကိုင်ခြယ်လှယ်ခွင့် ပေးခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ရာပေါင်းများစွာသော ပြည်သူများက ပတ်ဂွန်ဟေး သမ္မတအဖြစ်မှ နုတ်ထွက်ရေး နိုဝင်ဘာ ၁၂ ရက်က စုရုံးဆန္ဒပြကြသည်။

နိုဝင်ဘာ ၁၆ ရက်ထက် နောက်မကျဘဲ ပတ်ဂွန်ဟေးအား စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို ကိုးကားလျက် တောင်ကိုရီးယားယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

ပတ်ဂွန်ဟေးပေါ်တွင် ကာလကြာရှည်မိတ်ဆွေဖြစ်ခဲ့သူ ရိုးရာဓလေ့ နတ်ဆရာတစ်ဦး၏ သမီးဖြစ်သူက လွန်ကဲစွာသြဇာလွှမ်းမိုးထားသည်ဟု စွပ်စွဲမှုများလည်း ရှိထားသည်။

ချောင်ဆောင်စီဆိုသည့် ပတ်ဂွန်ဟေး၏ သူငယ်ချင်းအမျိုးသမီးဖြစ်သူသည် ၎င်းထိန်းချုပ်သည့် ဖောင်ဒေးရှင်းများသို့ ဒေါ်လာငွေအမြောက်အမြားလှုဒါန်းရန် စီးပွားရေးလုပ်ငန်းများအား ဖိအားပေးခြင်း၊ သမ္မတလက်ထောက်များ
ရွေးချယ်ရာတွင် ပါဝင်ခြင်းတို့အပြင် သမ္မတ၏ ဝတ်စားဆင်ယင်မှုကိုပင် ၎င်းက ရွေးချယ်ပေးသည်ကို ဝတ်ဆင်နေရသည်ဟု စွပ်စွဲချက်များ ရှိထားသည်။

နိုဝင်ဘာ ၄ ရက်နေ့က ပတ်ဂွန်ဟေးအနေဖြင့် ဖြစ်ပျက်သည့် ကိစ္စရပ်များအတွက် ပြည်သူထံသို့ ရုပ်မြင်သံကြားမှတစ်ဆင့် တောင်းပန်ခဲ့သည်။

နိုင်ငံတော်သို့ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် မျက်ရည်ကျလုနီးပါးဖြင့် ချောင်ဆောင်စီအပေါ် မိမိ၏ ယုံကြည်မှုအား လုံးလုံးမှားယွင်းပါသည်ဟု ပြောဆိုခြင်းအပါအဝင် ဖြစ်ပျက်သည့် ကိစ္စရပ်များ အတွက် တောင်းပန်စကားပြောကြားခဲ့သည်။

ချောင်ဆောင်စီအား နိုဝင်ဘာ ၃ ရက်နေ့တွင် အာဏာအလွဲသုံးမှု၊ ဟန်ဆောင်လိမ်လည်မှုများဖြင့် ဖမ်းဆီးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top