Property Expo
×
Credit:Duwun
Unicode Version
အင်္ဂလန်နိုင်ငံက အသက် ၃၀ အရွယ် ဘရန်ဒီဝေါ်လေဆိုသူဟာ သူမရဲ့ကလေးနှစ်ဦးကိုသတ်ပြီးနောက် ရဲကိုဖုန်းဆက်ကာ အပြစ်ဝန်ခံခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ သူမရဲ့ ၇ နှစ်အရွယ်သားဖြစ်သူ တိုင်လာနဲ့ ၃ နှစ်သမီးေလေးက ချာလီတို့က အိပ်ခန်းထဲမှာ သေဆုံးနေတာကို ကြေကွဲဖွယ်ရာ တွေ့မြင်ရပါတယ်။ ဘယ်လိုသေခဲ့သလဲဆိုတာကိုတော့ ရဲက မထုတ်ပြန်ပါဘူး။
အခင်းဖြစ်ပွားစဉ်က ကလေးတွေရဲ့ဖခင် ဂျေဆန်က အောက်ထပ်မှာအိပ်နေခဲ့တာပါ။
ကလေးတွေနဲ့အတူရှိနေတဲ့ ဘရန်ဒီက ရင်သွေးနှစ်ဦးကို သတ်ခဲ့သလို သူမရဲ့လည်ပင်းကိုလည်း ဓားနဲ့ထိုးပြီး သေကြောင်းကြံခဲ့ပါတယ်။ အသက်မသေသေးတဲ့ ဘရန်ဒီကို ရဲတွေက IU Health Methodist ဆေးရုံကို တင်ပို့ထားပါတယ်။ ဘရန်ဒီရဲ့ခင်ပွန်း ဂျေဆန်က ရုံးတော်မှာကွာရှင်းခွင့်လျှောက်ပြီးနောက်မှာ သူမဟာ ယခုလို ကြောက်စရာကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။ ဒီအတွက် ရဲတွေက မကြာမီ ရုံးတင်စစ်ဆေးကြတော့မှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top