Property Expo
×
နယူးဇီလန်မှာ နိုဝင်ဘာ ၁၃ ရက် သန်းခေါင်ယံက ပြင်းအားအဆင့် ၇.၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် နာရီပိုင်းအကြာမှာ ယနေ့ နိုဝင်ဘာ ၁၄ ရက်အထိ ပြင်းအားအဆင့် ၆.၅၊ ၆.၂ နဲ့ ၆.၅  အဆင့်ရှိ ငလျင်သုံးခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
ယခု ငလျင်များ လှုပ်ခတ်ခဲ့တဲ့ ခရစ္စချာ့ခ်ျမြို့မှာပင် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၁၈၅ ဦး သေဆုံးခဲ့ရပါတယ်။
Credit:duwun
#Unicode Version
နယူးဇီလန်မှာ နိုဝင်ဘာ ၁၃ ရက် သန်းခေါင်ယံက ပြင်းအားအဆင့် ၇.၈ ရစ်ချ်တာစကေးရှိ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် နာရီပိုင်းအကြာမှာ ယနေ့ နိုဝင်ဘာ ၁၄ ရက်အထိ ပြင်းအားအဆင့် ၆.၅၊ ၆.၂ နဲ့ ၆.၅  အဆင့်ရှိ ငလျင်သုံးခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထပ်မံလှုပ်ခတ်တဲ့ ငလျင်တွေဟာ ပထမငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ခရစ္စချာ့ချ်မြို့အနီးမှာပင် ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်လာမှုကြောင့် နယူးဇီလန်အာဏာပိုင်တွေက အရှေ့ဘက်ကမ်းရိုးတန်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ငလျင်ကြီးနှစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ်များ ရာနဲ့ချီလှုပ်ခတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရေပြတ်လပ်မှုတို့ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ယခု ငလျင်များ လှုပ်ခတ်ခဲ့တဲ့ ခရစ္စချာ့ချ်မြို့မှာပင် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၁၈၅ ဦး သေဆုံးခဲ့ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top