Property Expo
×

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕တြင္ က်င္းပလ်က္ရွိသည့္ ဆုေတာင္းျပည့္ျမတ္စြာ ဘုရားပြဲေတာ္ ပြဲေစ်းတန္းတြင္ ေအာက္တိုဘာ ၃၀ ရက္ ညက ပြဲေစ်းတန္းလာသည့္ လူငယ္အခ်င္းခ်င္း ကတ္ေၾကးျဖင့္ ထိုးျခင္း၊ သံတုတ္ျဖင့္ ႐ိုက္ႏွက္ျခင္းတို႔ ျဖစ္ပြားၿပီး လူငယ္ငါးဦး ျပင္းထန္ေသာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး မံုရြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ အတြင္းလူနာမ်ားအျဖစ္ ေဆး႐ံုတက္ေရာက္ခဲ့ရကာ ကတ္ေၾကးျဖင့္ထိုးၿပီး သံတုတ္ျဖင့္ ႐ိုက္ႏွက္သူ လူငယ္တစ္စုအား သက္ဆိုင္ရာရဲတပ္ဖြဲ႕စခန္းက လိုက္လံစံုစမ္း လ်က္ရွိေၾကာင္း မံုရြာၿမိဳ႕ၿမိဳ႕မ ရဲစခန္းမွ သတင္းရရွိသည္။
ကတ္ေၾကးျဖင့္ အထိုးခံခဲ့ရသည့္ ေအာင္မ်ဳိး၀င္းႏွင့္ သူငယ္ခ်င္း ၁၀ ဦးတို႔သည္ မံုရြာၿမိဳ႕ ဆုေတာင္းျပည့္ ဘုရားပြဲေစ်းတန္းသို႔ ေလွ်ာက္လည္ရန္ ဆိုင္ကယ္ေလးစီးျဖင့္ ေရာက္ရွိလာၿပီး သာသနာ့ဗိမာန္အနီးအေရာက္တြင္ အမည္မသိ လူငယ္အုပ္စု ၂၀ ခန္႔အား ဆိုင္ကယ္ေရွာင္တိမ္းရင္း စကားမ်ားခဲ့ၿပီး ဆိုင္ကပ္အပ္ႏွံသည့္ ေနရာသို႔အေရာက္တြင္ သံတုတ္မ်ားျဖင့္ ၀ိုင္း၀န္း႐ိုက္ႏွက္ျခင္းႏွင့္ ကတ္ေၾကးျဖင့္ လိုက္လံထိုးျခင္းတို႔ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေအာင္မ်ဳိး၀င္း၊ သန္းျမင့္ထြန္း၊ ထက္ေဇာ္ဦး၊ စိုးေက်ာ္ႏွင့္ လွျမင့္ေဆြတို႔မွာ အသက္အႏၲရာယ္ စိုးရိမ္ရသည့္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေအာင္မ်ဳိးထြန္းက တရားလိုျပဳလုပ္တိုင္တန္း သျဖင့္ မံုရြာၿမိဳ႕ၿမိဳ႕မရဲစခန္းက (ပ) ၁၅၁၄/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၅/ ၃၂၆/ ၁၄၄ တို႔အရ အမႈဖြင့္ေရးဖြင့္ လက္ခံၿပီး ဒုရဲအုပ္ေဇာ္ေဇာ္ေအာင္က တရားခံမ်ား ရွာေဖြေဖာ္ထုတ္ ဖမ္းဆီးႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၂၇ ရက္ နံနက္တြင္လည္း မံုရြာၿမိဳ႕ ကန္သာဦးရပ္ကြက္တြင္ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ၿပီး အဆိုပါ ေနအိမ္မွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိခဲ့ကာ အမႈမွန္ေပၚေပါက္ေရးအတြက္ ေဆာင္ရြက္ေနဆဲ အခ်ိန္ကာလအတြင္း ယခုက့ဲသို႔ အမႈထပ္မံျဖစ္ပြားရျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕အား တိုင္ၾကားျခင္းမရွိခဲ့သည့္ ညအခ်ိန္လုယက္ မႈမ်ားလည္း ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပလျက်ရှိသည့် ဆုတောင်းပြည့်မြတ်စွာ ဘုရားပွဲတော် ပွဲဈေးတန်းတွင် အောက်တိုဘာ ၃၀ ရက် ညက ပွဲဈေးတန်းလာသည့် လူငယ်အချင်းချင်း ကတ်ကြေးဖြင့် ထိုးခြင်း၊ သံတုတ်ဖြင့် ရိုက်နှက်ခြင်းတို့ ဖြစ်ပွားပြီး လူငယ်ငါးဦး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးရုံတက်ရောက်ခဲ့ရကာ ကတ်ကြေးဖြင့်ထိုးပြီး သံတုတ်ဖြင့် ရိုက်နှက်သူ လူငယ်တစ်စုအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းက လိုက်လံစုံစမ်း လျက်ရှိကြောင်း မုံရွာမြို့မြို့မ ရဲစခန်းမှ သတင်းရရှိသည်။
ကတ်ကြေးဖြင့် အထိုးခံခဲ့ရသည့် အောင်မျိုးဝင်းနှင့် သူငယ်ချင်း ၁၀ ဦးတို့သည် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားပွဲဈေးတန်းသို့ လျှောက်လည်ရန် ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သာသနာ့ဗိမာန်အနီးအရောက်တွင် အမည်မသိ လူငယ်အုပ်စု ၂၀ ခန့်အား ဆိုင်ကယ်ရှောင်တိမ်းရင်း စကားများခဲ့ပြီး ဆိုင်ကပ်အပ်နှံသည့် နေရာသို့အရောက်တွင် သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်းနှင့် ကတ်ကြေးဖြင့် လိုက်လံထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် အောင်မျိုးဝင်း၊ သန်းမြင့်ထွန်း၊ ထက်ဇော်ဦး၊ စိုးကျော်နှင့် လှမြင့်ဆွေတို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်မျိုးထွန်းက တရားလိုပြုလုပ်တိုင်တန်း သဖြင့် မုံရွာမြို့မြို့မရဲစခန်းက (ပ) ၁၅၁၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/ ၃၂၆/ ၁၄၄ တို့အရ အမှုဖွင့်ရေးဖွင့် လက်ခံပြီး ဒုရဲအုပ်ဇော်ဇော်အောင်က တရားခံများ ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက် နံနက်တွင်လည်း မုံရွာမြို့ ကန်သာဦးရပ်ကွက်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ နေအိမ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေဆဲ အချိန်ကာလအတွင်း ယခုကဲ့သို့ အမှုထပ်မံဖြစ်ပွားရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အား တိုင်ကြားခြင်းမရှိခဲ့သည့် ညအချိန်လုယက် မှုများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top