Property Expo
×

ႏႈိးစက္ေပးထားတာေမ့ျပီး အအိပ္လြန္မွာ စိုးလုိ႔ ညၾကီးမင္းၾကီး လန္႔ႏုိးတတ္ပါသလား။ အလုပ္အခ်ိန္မမီွမွာ စိုးရိမ္လြန္ျပီး ညဝတ္အက်ီၤ၀တ္ကာ အလုပ္ကို အေရာက္သြားမိမွာ စိုးရိမ္တာ သင္တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။

ဆုိလုိခ်င္တာက သင္ဟာ အစစအရာရာ အရမ္းစိုးရိမ္တတ္သူ တစ္ဦးျဖစ္ေနတာပါပဲ။ စိုးရိမ္တတ္တာနဲ႕ ပတ္သက္ျပီး စိတ္ပ်က္စရာေကာင္းတယ္လို႕ သင္ထင္ေကာင္းထင္ႏိုင္ေပမယ့္ အရမ္းပူပန္တတ္သူေတြအတြက္ သတင္းေကာင္းတခ်ဳိ႕ရိွေနပါတယ္။

သင့္ဟာ စိုးရိမ္ေသာကေတြေၾကာင့္ မိမိကိုယ္ကုိယ္ ရုပ္ပုိင္းဆုိင္ရာေရာ၊ စိတ္ခံစားခ်က္ပုိင္းဆုိင္ရာအရပါ ေျခကုန္လက္ပမ္းက်တတ္ပါတယ္။ ဒါေပမယ့္ ႏႈတ္အေျပာအဆုိဆုိင္ရာ ထက္ျမက္ျခင္းနဲ႔ အျမဲစိုးရိမ္ပူပန္မႈၾကား ဆက္စပ္မႈတစ္ခု ရိွေၾကာင္း သက္ေသျပသြားတဲ့ မၾကာေသးမီက ေလ့လာမႈတစ္ခု ရိွပါတယ္။

ယင္းေလ့လာခ်က္ကို Ontario ရိွ Lakehead University မွ သုေတသီေတြမွ ျပဳလုပ္ခဲ့ျပီး စိုးရိမ္တတ္သူေတြ အေျပာအဆုိ ဥာဏ္ရည္စစ္ေဆးမႈမွာ ရမွတ္ပိုမ်ားေလ့ရိွတာလည္း ေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ ညေကာင္းေကာင္းအိပ္စက္အနားယူမယ့္အစား ေခါင္းထဲ အခ်ိန္ယူစဥ္းစားေနခ်ိန္မွာ သင္လုပ္မိေနတာက သင့္ရဲ႕ ေဝဖန္ပုိင္းျခားႏုိင္တဲ့ ေတြးေခၚမႈစြမ္းရည္ကို ထက္ျမက္ေစတာပဲ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version
နှိုးစက်ပေးထားတာမေ့ပြီး အအိပ်လွန်မှာ စိုးလို့ ညကြီးမင်းကြီး လန့်နိုးတတ်ပါသလား။ အလုပ်အချိန်မမှီမှာ စိုးရိမ်လွန်ပြီး ညဝတ်အကျီၤဝတ်ကာ အလုပ်ကို အရောက်သွားမိမှာ စိုးရိမ်တာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

ဆိုလိုချင်တာက သင်ဟာ အစစအရာရာ အရမ်းစိုးရိမ်တတ်သူ တစ်ဦးဖြစ်နေတာပါပဲ။ စိုးရိမ်တတ်တာနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာကောင်းတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် အရမ်းပူပန်တတ်သူတွေအတွက် သတင်းကောင်းတချို့ရှိနေပါတယ်။

သင့်ဟာ စိုးရိမ်သောကတွေကြောင့် မိမိကိုယ်ကိုယ် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအရပါ ခြေကုန်လက်ပမ်းကျတတ်ပါတယ်။ ဒါပေမယ့် နှုတ်အပြောအဆိုဆိုင်ရာ ထက်မြက်ခြင်းနဲ့ အမြဲစိုးရိမ်ပူပန်မှုကြား ဆက်စပ်မှုတစ်ခု ရှိကြောင်း သက်သေပြသွားတဲ့ မကြာသေးမီက လေ့လာမှုတစ်ခု ရှိပါတယ်။

ယင်းလေ့လာချက်ကို Ontario ရှိ Lakehead University မှ သုတေသီတွေမှ ပြုလုပ်ခဲ့ပြီး စိုးရိမ်တတ်သူတွေ အပြောအဆို ဉာဏ်ရည်စစ်ဆေးမှုမှာ ရမှတ်ပိုများလေ့ရှိတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် ညကောင်းကောင်းအိပ်စက်အနားယူမယ့်အစား ခေါင်းထဲ အချိန်ယူစဉ်းစားနေချိန်မှာ သင်လုပ်မိနေတာက သင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်ကို ထက်မြက်စေတာပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top