က်ပ္သိန္း (၁၀၀) မွ သိန္း (၁၀၀၀) အတြင္း ျမိဳ ႔နယ္စံု အိမ္ရာ အေရာင္းျပပြဲ
×

ယမန္ေန႔က ကစားခဲ့ ေသာ ယူ႐ုိပါလိဂ္ပြဲတြင္ ဘီလ္ဘာအိုက ဂ်န္႔အသင္းကုိ ၅-၃ ဂုိးျဖင့္ အႏုိင္ရခဲ့ၿပီးေနာက္ ယင္းပြဲ၌ ဘီလ္ဘာအိုအတြက္ ငါးဂုိးစလံုး သြင္းယူခဲ့ေသာ တုိက္စစ္မွဴး အာ ရစ္အဒူရစ္သည္ ယူ႐ုိပါလိဂ္ပဲြ တစ္ပြဲ၌ ငါးဂုိးသြင္းေသာ ပထမ ဆံုးကစားသမားျဖစ္လာသည္။

စပိန္တိုက္စစ္မွဴး အဒူရစ္ (၃၅)ႏွစ္သည္ ပင္နယ္တီမွ ဟက္ ထရစ္သြင္းယူခဲ့ၿပီး ၁၉၇၁ ေနာက္ ပုိုင္း ဥေရာပၿပိဳင္ပြဲတစ္ပြဲတြင္ ငါးဂုိးသြင္းယူေသာ ပထမဆံုးစပိန္ကစားသမားျဖစ္သည္။

ဥေရာပ၏ ဒုတိယအဆင့္ ၿပိဳင္ပြဲတြင္ ငါးဂုိးသြင္းယူခဲ့ေသာ ေနာက္ဆံုးကစားသမားမွာ အီ တလီလက္ေရြးစင္ ဖာဘရီဇီယုိ ရာဗာနယ္လီျဖစ္ၿပီး ၁၉၉၄ က စီအက္ေကေအဆိုဗီယာအသင္း ကုိ အႏုိင္ရရိွေသာ ပြဲ၌ ၎က ဂ်ဴဗင္တပ္အတြက္ ငါးဂုိးသြင္း ယူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယမန်နေ့က ကစားခဲ့ သော ယူရိုပါလိဂ်ပွဲတွင် ဘီလ်ဘာအိုက ဂျန့်အသင်းကို ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ယင်းပွဲ၌ ဘီလ်ဘာအိုအတွက် ငါးဂိုးစလုံး သွင်းယူခဲ့သော တိုက်စစ်မှူး အာ ရစ်အဒူရစ်သည် ယူရိုပါလိဂ်ပွဲ တစ်ပွဲ၌ ငါးဂိုးသွင်းသော ပထမ ဆုံးကစားသမားဖြစ်လာသည်။

စပိန်တိုက်စစ်မှူး အဒူရစ် (၃၅)နှစ်သည် ပင်နယ်တီမှ ဟက် ထရစ်သွင်းယူခဲ့ပြီး ၁၉၇၁ နောက် ပိုင်း ဥရောပပြိုင်ပွဲတစ်ပွဲတွင် ငါးဂိုးသွင်းယူသော ပထမဆုံးစပိန်ကစားသမားဖြစ်သည်။

ဥရောပ၏ ဒုတိယအဆင့် ပြိုင်ပွဲတွင် ငါးဂိုးသွင်းယူခဲ့သော နောက်ဆုံးကစားသမားမှာ အီ တလီလက်ရွေးစင် ဖာဘရီဇီယို ရာဗာနယ်လီဖြစ်ပြီး ၁၉၉၄ က စီအက်ကေအေဆိုဗီယာအသင်း ကို အနိုင်ရရှိသော ပွဲ၌ ၎င်းက ဂျူဗင်တပ်အတွက် ငါးဂိုးသွင်း ယူခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top