Kantharyar Centre
×
Credit:Yoyarlay
#Unicode Version
လေ့လာချက် အသစ်တစ်ခုအရ အရွယ်ရောက် သူတွေ မှာ အိပ်ပျော်ရင်း လမ်းထလျှောက်တဲ့ ပြဿနာရှိပါက လူငယ်များအကြား ဘဝ အရည်အသွေးကို ထိခိုက်စေ သလို၊ ရုန်းရင်းဆန်ခတ် အကြမ်းဖက် အပြုအမူဆိုး တွေလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း အကြံပြုမှတ် ချက်ပေး လိုက်ပါတယ်။
ထိုအကြောင်းကို လေ့လာသုတေသနပြု၍ ဦးဆောင်ခဲ့ သူ စာရေးဆရာ Yves Dauvillier (MD,Phd) ၏ ပြောကြားချက်အရ ထိန်းချုပ်နိုင်သော အုပ်စုနှင့် အိပ်ပျော် ရင်း လမ်းထလျှောက်တဲ့ လူနာများအား နှိုင်းယှဉ်ကြည့်ခဲ့ရာ ထိုလူနာများ၏ ဘဝအရည်အသွေး ပြောင်းလဲနေတာကို တွေ့ခဲ့ရပါတယ်။ ညမှာ ကောင်း စွာ အိပ်ခဲ့ရတာ မဟုတ်တဲ့ အတွက် နေခင်းပိုင်းမှာ ပြန်အိပ်တာ၊ ငိုက်မြည်းတာ ပိုများလာခြင်း၊ မော ပန်းနုံးချိနေခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျ လာခြင်း၊ စိုးရိမ်စိတ်များ လာ ခြင်းစတဲ့ ဝေဒနာတွေ လည်းပို၍ ခံစားရကြောင်း တွေ့ခဲ့ရ ပါတယ်။
ညအိပ်ပျော်ရင်း လမ်းထလျှော တဲ့ လူတွေမှာ တကယ့်ကို ပြင်းထန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုဖြစ် လာ သလို ညစဉ်ဆက်တိုက် လမ်းထ လျှောက်လာတဲ့အခါ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ လျစ်လျူရှုမ ထားသင့်ပါလို့လည်း ပြောပြ လိုက်ပါတယ်။
လေ့လာချက် ရလဒ်များအရ ညတိုင်း လမ်းထလျှောက်တဲ့ လူနာ များ၏ ၂၂.၈ ရာခိုင်နှုန်းနှင့် အပတ် စဉ် (တစ်ပတ် ၁ ကြိမ်) ညအိပ်ရင်း လမ်းထလျှောက်တဲ့ လူနာများ၏ ၄၃.၅ ရာခိုင်နှုန်းမှာ ထိုသို့ ပြဿနာ များရှိခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ ရပါတယ်။ အကြမ်းဖက် အပြုအမူ များနှင့် အိပ်ပျော်ရင်း လမ်းထ လျှောက်သူတွေအား လေ့လာခဲ့ရာ လူနာ ၁၀ဝ လျှင် ၅၄ ဦးမှာ ဘာမှမဖြစ်သော်လည်း ၁၇ ရာခိုင်နှုန်း မှာမူ အနည်းဆုံး ၁ ကြိမ်ခန့် ထိခိုက် မှု အန္တရာယ်များ တွေ့ခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ရတဲ့ အပြင်၊ ၎င်းနှင့်အတူ တွဲ၍ အိပ်တဲ့လူကိုပါ ထိခိုက်အနာတရ ဖြစ်စေခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။
ထိုထိခိုက် အနာတရ ဒဏ်ရာတွေကတော့ သွေးခြည်ခြင်း၊ နှာ ခေါင်းသွေးထွက်ခြင်းနှင့် အရိုးများ ကျိုးခြင်းတို့ ဖြစ်ပါတယ်။ လူတစ်ဦးမှာ ၃ထပ်တိုက် ပြတင်းပေါက်မှ ခုန်ချ သဖြင့် အရိုးများ ကျိုးခဲ့တဲ့အပြင် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်လို့ အစီရင်ခံစာများက ဖော်ပြလိုက်ပါတယ်။
ညအိပ်ပျော်စဉ် လမ်းထလျှောက်ခြင်းကို ပြသနာကို မဖော်ထုတ်နိုင်ပါက နေ့ခင်းပိုင်း ဖြစ် ပေါ်လာမည့် အကျိုးဆက်များနှင့် စိတ်အနှောင့်အယှက်များ ဖြစ်စေခြင်း တို့က ဘဝအရည်အသွေး လျော့ကျ စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်သူတွေရဲ့ စိုးရိမ်ရမယ့် အခြေအနေများကို ဟိုင်းလိုက်တင်ရန်နှင့် ဝေဖန်ဆန်းစစ်ဖို့ လိုနေပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top