Property Expo
×

အခ်စ္ေရးကို မစဥ္းစားျဖစ္ေသးဘူးလို႕ေျပာလာတဲ့ အိပ္မက္ဆံုရာ အစီအစဥ္ရဲ႕ First Runner Up ဆုပိုင္ရွင္ နန္႕ခ်စ္နဒီေဇာ္ဟာ သီခ်င္းေတြဆုိရင္း ၊ ၀ါသနာပါတဲ့ သရုပ္ေဆာင္အလုပ္ကုိလဲ အနည္းအက်ဥ္းလုပ္ေနတာကို ေတြ႕ရမွာပါ။ ဒသူမဟာ ဘယ္ရည္းစားကို အခ်စ္ဆံုးလဲဆိုတဲ့ ရုပ္ရွင္ကားၾကီးနဲ႕ကံ ကံဧ။္ အက်ိဳးဆိုတဲ့ ဇာတ္လမ္းတြဲတစ္ခုကိုလဲ ရုိက္ကူးထားပါေသးတယ္။ ဒါ့အျပင္ ခုခ်ိန္ဟာ ပြင့္လင္းရာသီေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ လက္ခံထားတဲ့ ရိႈးေတြလိုက္ဆိုျဖစ္ရင္း လက္ရွိမွာလဲ သီခ်င္းေခြႏွစ္ေခြလုပ္ျဖစ္ေနတဲ့ သူမကို သြားေ၇ာက္ေမးျမန္းျဖစ္ခဲ့ပါတယ္။.

ပထမဆံုး လက္ရွိမွာ တစ္ကိုယ္ေတာ္အေခြႏွစ္ခုလုပ္ျဖစ္ေနတဲ့ နန္႕ခ်စ္နဒီေဇာ္က “ ေလာေလာဆယ္ နန္႕ခ်စ္ ကရင္အေခြေလးလုပ္ေနတယ္။ ကရင္အေခြေလးလုပ္ေနတဲ့အခ်ိန္မွာပဲ နန္႕ခ်စ္ျမန္မာအေခြေလးလဲ လုပ္ေနတယ္။ ျမန္မာအေခြက သီခ်င္းတစ္၀က္ေလာက္ေတာ့ ၿပီးသြားၿပီ။ ေနာက္ထပ္တစ္၀က္ကိုေတာ့ ဒီႏွစ္အတြင္းၿပီးေအာင္ လုပ္မယ္။ ကရင္အေခြကေတာ့ ကရင္လိုဆိုမွာေပါ့။ ဦးေသာမတ္စ္လဲပါတယ္။ တျခားကရင္ေတးေရးဆရာေတြလဲ ပါတယ္။ ျမန္မာအေခြထဲမွာေတာ့ နန္႕ခ်စ္ကုိယ္တုိင္ေရးထားတဲ့ ခ်င္းေတြလဲပါမယ္။ ေနာက္ၿပီး တျခားေတးေရးဆရာေတြလဲပါဦးမယ္။ ၀ယ္ထားတာေတြလဲ အမ်ားၾကီးပဲရွိတယ္။ ဘယ္အပုဒ္ေတြထည့္မလဲဆိုတာကေတာ့ ျပန္ေရြးရဦးမွာေပါ့။ ႏွစ္ေခြစလံုးကို သီခ်င္းအေရအတြက္က ၁၀ပုဒ္၊ ၁၁ ပုဒ္ေလာက္ပဲထည့္ျဖစ္မယ္။ ေပ့ါပ္ခ်ိဳခ်ိဳေလးေတြပါမယ္။ ခပ္ျမဴးျမဴးနန္႕ခ်စ္နဲ႕လိုက္မဲ့ပံုစံမ်ိဳးေတြလဲပါပါမယ္ ။ ကရင္အေခြကေတာ့ အရင္ထြက္မယ္။ ကရင္စကားေတာ့သိပ္မေျပာတတ္ေပမဲ့ ကရင္သီခ်င္းေတြကိုေတာ့ အေကာင္းဆံုးျဖစ္ေအာင္သီဆိုထားပါတယ္။ “ တဲ့။

ပြင့္လင္းရာသီျဖစ္တဲ့အတြက္ လက္ခံထားတဲ့ရိႈးေတြနဲ႕ပတ္သက္ၿပီး “ နန္႕ခ်စ္ ကုမၸဏီပြဲေတြမွာပဲရွိလိမ့္မယ္။ တန္ေဆာင္တုိင္က ျမန္မာပလာဇာကပြဲမွာသီခ်င္းဆုိျဖစ္မယ္ထင္ပါတယ္။ အထူးတလည္နယ္သြားဖို႕ကေတာ့ မေသခ်ာေသးပါဘူး။ သီတင္းကၽြတ္တုန္းကေတာ့ ေရေက်ာ္ဘုရားပြဲမွာငါးရက္ေခၚတာ၊ နန္႕ခ်စ္သံုးရက္ပဲဆုိျဖစ္ခဲ့တယ္။ ေနာက္ျပင္ဦးလြင္မွာလဲသြားဆိုျဖစ္ခဲ့တယ္။ ၂၉ ရက္ေန႕က ကရင္ႏွစ္သစ္ကူးပြဲဆိုေတာ့ ဘားအံျမိဳ႕မွာသြားဆိုဖို႕ရွိပါတယ္။ “ လို႕ သူမက ေျပာျပသြားပါေသးတယ္။

ၾကိဳၾကားၾကိဳၾကားလုပ္ျဖစ္တဲ့ သရုပ္ေဆာင္ပိုင္းအေၾကာင္းကိုလည္း သူမက “ အဲ့ဒါကနန္႕ခ်စ္ပရိသတ္ေတြသိမလားေတာ့မသိဘူး။ ကံ ကံဧ။္ အက်ိဳးရိုက္ထားတယ္။ အဲ့ဒါေလးထြက္ၿပီးေနာက္ပိုင္း ပရိသတ္ေတြကသရုပ္ေဆာင္လုပ္ေစခ်င္တယ္။ သရုပ္ေဆာင္အလုပ္ကနန္႕ခ်စ္အတြက္နည္းနည္းေတာ့ခက္ခဲတယ္။ ဒါေပမဲ့သရုပ္ေဆာင္ဖက္ကိုလဲ ၀ါသနာပါတဲ့အတြက္ တတ္ႏုိင္သေလာက္လုပ္မယ္။ သူမ်ားေတြ အမ္တီဗီေခၚရုိက္ရင္လဲရုိက္ေပးတယ္။ ၿပီးေတာ့ Featuring အေနနဲ႕လဲဆိုေပးတယ္။ မေဟာ္ဂနီနဲ႕ရုိက္ထားတာက ဘယ္ရည္းစားကိုအခ်စ္ဆံုးလဲဆိုတဲ့ကားေလးရုိက္ထားတယ္။ အဲ့ဒီထဲမွာကဖန္စီက်တဲ့ညီအစ္မေတြပံုစံမ်ိဳးထဲမွာ နန္႕ခ်စ္ကညီမလတ္အေနနဲ႕ရုိက္ထားတာပါ။ သရုပ္ေဆာင္ပိုင္းကိုလဲဆက္လုပ္သြားမွာပါ။ “ တဲ့။

သူမရဲ႕ လက္ရွိအခ်စ္ေရးကိုေတာ့ “ အခ်စ္ေရးကေတာ့ မရွိေတာ့ပါဘူး။ အခုကတစ္ေယာက္တည္းပါ။ တစ္ေယာက္တည္းျဖစ္ေ္နတာေတာ့ ေတာ္ေတာ္ၾကာပါၿပီ။ အခ်စ္ေရးကို မစဥ္းစားဘူးေတာ့မဟုတ္ပါဘူး။ စဥ္းစားသင့္တဲ့အခ်ိန္ေရာက္ရင္စဥ္းစားပါ့မယ္။ အခုေလာေလာဆယ္ကေတာ့ အခ်ိန္သိပ္ေပးႏုိင္ေသးတဲ့အတြက္၊ ေခါင္းေအးေအးထားၿပီးလဲမစဥ္းစားႏုိင္ေသးတဲ့အတြက္ ရွိသလိုလို၊ မရွိသလိုလိုပါပဲ “ လို႕ ဆုိသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အချစ်ရေးကို မစဉ်းစားဖြစ်သေးဘူးလို့ပြောလာတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ First Runner Up ဆုပိုင်ရှင် နန့်ချစ်နဒီဇော်ဟာ သီချင်းတွေဆိုရင်း ၊ ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုလဲ အနည်းအကျဉ်းလုပ်နေတာကို တွေ့ရမှာပါ။ ဒသူမဟာ ဘယ်ရည်းစားကို အချစ်ဆုံးလဲဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ကံ ကံဧ။် အကျိုးဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုကိုလဲ ရိုက်ကူးထားပါသေးတယ်။ ဒါ့အပြင် ခုချိန်ဟာ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တာကြောင့် လက်ခံထားတဲ့ ရှိုးတွေလိုက်ဆိုဖြစ်ရင်း လက်ရှိမှာလဲ သီချင်းခွေနှစ်ခွေလုပ်ဖြစ်နေတဲ့ သူမကို သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။.

ပထမဆုံး လက်ရှိမှာ တစ်ကိုယ်တော်အခွေနှစ်ခုလုပ်ဖြစ်နေတဲ့ နန့်ချစ်နဒီဇော်က “ လောလောဆယ် နန့်ချစ် ကရင်အခွေလေးလုပ်နေတယ်။ ကရင်အခွေလေးလုပ်နေတဲ့အချိန်မှာပဲ နန့်ချစ်မြန်မာအခွေလေးလဲ လုပ်နေတယ်။ မြန်မာအခွေက သီချင်းတစ်ဝက်လောက်တော့ ပြီးသွားပြီ။ နောက်ထပ်တစ်ဝက်ကိုတော့ ဒီနှစ်အတွင်းပြီးအောင် လုပ်မယ်။ ကရင်အခွေကတော့ ကရင်လိုဆိုမှာပေါ့။ ဦးသောမတ်စ်လဲပါတယ်။ တခြားကရင်တေးရေးဆရာတွေလဲ ပါတယ်။ မြန်မာအခွေထဲမှာတော့ နန့်ချစ်ကိုယ်တိုင်ရေးထားတဲ့ ချင်းတွေလဲပါမယ်။ နောက်ပြီး တခြားတေးရေးဆရာတွေလဲပါဦးမယ်။ ဝယ်ထားတာတွေလဲ အများကြီးပဲရှိတယ်။ ဘယ်အပုဒ်တွေထည့်မလဲဆိုတာကတော့ ပြန်ရွေးရဦးမှာပေါ့။ နှစ်ခွေစလုံးကို သီချင်းအရေအတွက်က ၁၀ပုဒ်၊ ၁၁ ပုဒ်လောက်ပဲထည့်ဖြစ်မယ်။ ပေ့ါပ်ချိုချိုလေးတွေပါမယ်။ ခပ်မြူးမြူးနန့်ချစ်နဲ့လိုက်မဲ့ပုံစံမျိုးတွေလဲပါပါမယ် ။ ကရင်အခွေကတော့ အရင်ထွက်မယ်။ ကရင်စကားတော့သိပ်မပြောတတ်ပေမဲ့ ကရင်သီချင်းတွေကိုတော့ အကောင်းဆုံးဖြစ်အောင်သီဆိုထားပါတယ်။ “ တဲ့။

ပွင့်လင်းရာသီဖြစ်တဲ့အတွက် လက်ခံထားတဲ့ရှိုးတွေနဲ့ပတ်သက်ပြီး “ နန့်ချစ် ကုမ္ပဏီပွဲတွေမှာပဲရှိလိမ့်မယ်။ တန်ဆောင်တိုင်က မြန်မာပလာဇာကပွဲမှာသီချင်းဆိုဖြစ်မယ်ထင်ပါတယ်။ အထူးတလည်နယ်သွားဖို့ကတော့ မသေချာသေးပါဘူး။ သီတင်းကျွတ်တုန်းကတော့ ရေကျော်ဘုရားပွဲမှာငါးရက်ခေါ်တာ၊ နန့်ချစ်သုံးရက်ပဲဆိုဖြစ်ခဲ့တယ်။ နောက်ပြင်ဦးလွင်မှာလဲသွားဆိုဖြစ်ခဲ့တယ်။ ၂၉ ရက်နေ့က ကရင်နှစ်သစ်ကူးပွဲဆိုတော့ ဘားအံမြို့မှာသွားဆိုဖို့ရှိပါတယ်။ “ လို့ သူမက ပြောပြသွားပါသေးတယ်။

ကြိုကြားကြိုကြားလုပ်ဖြစ်တဲ့ သရုပ်ဆောင်ပိုင်းအကြောင်းကိုလည်း သူမက “ အဲ့ဒါကနန့်ချစ်ပရိသတ်တွေသိမလားတော့မသိဘူး။ ကံ ကံဧ။် အကျိုးရိုက်ထားတယ်။ အဲ့ဒါလေးထွက်ပြီးနောက်ပိုင်း ပရိသတ်တွေကသရုပ်ဆောင်လုပ်စေချင်တယ်။ သရုပ်ဆောင်အလုပ်ကနန့်ချစ်အတွက်နည်းနည်းတော့ခက်ခဲတယ်။ ဒါပေမဲ့သရုပ်ဆောင်ဖက်ကိုလဲ ဝါသနာပါတဲ့အတွက် တတ်နိုင်သလောက်လုပ်မယ်။ သူများတွေ အမ်တီဗီခေါ်ရိုက်ရင်လဲရိုက်ပေးတယ်။ ပြီးတော့ Featuring အနေနဲ့လဲဆိုပေးတယ်။ မဟော်ဂနီနဲ့ရိုက်ထားတာက ဘယ်ရည်းစားကိုအချစ်ဆုံးလဲဆိုတဲ့ကားလေးရိုက်ထားတယ်။ အဲ့ဒီထဲမှာကဖန်စီကျတဲ့ညီအစ်မတွေပုံစံမျိုးထဲမှာ နန့်ချစ်ကညီမလတ်အနေနဲ့ရိုက်ထားတာပါ။ သရုပ်ဆောင်ပိုင်းကိုလဲဆက်လုပ်သွားမှာပါ။ “ တဲ့။

သူမရဲ့ လက်ရှိအချစ်ရေးကိုတော့ “ အချစ်ရေးကတော့ မရှိတော့ပါဘူး။ အခုကတစ်ယောက်တည်းပါ။ တစ်ယောက်တည်းဖြစ်ေ်နတာတော့ တော်တော်ကြာပါပြီ။ အချစ်ရေးကို မစဉ်းစားဘူးတော့မဟုတ်ပါဘူး။ စဉ်းစားသင့်တဲ့အချိန်ရောက်ရင်စဉ်းစားပါ့မယ်။ အခုလောလောဆယ်ကတော့ အချိန်သိပ်ပေးနိုင်သေးတဲ့အတွက်၊ ခေါင်းအေးအေးထားပြီးလဲမစဉ်းစားနိုင်သေးတဲ့အတွက် ရှိသလိုလို၊ မရှိသလိုလိုပါပဲ “ လို့ ဆိုသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top