Property Expo
×

အသည္းကြဲျခင္းနဲ႕ တန္းတူခံစားခ်က္ျပင္းတဲ့ တစ္ခ်ိဳ႕အခ်က္ေတြက relationship တစ္ခုမွာရွိပါတယ္။ သင္ဟာသူ႕ကိုအရမ္းခ်စ္ေနလြန္းတဲ့အတြက္ေၾကာင့္ တစ္ဖက္လူက တစ္ေျဖးေျဖးသင့္ဆီက ခြာေျပးသြားတာကိုေတာင္ မရိပ္မိလိုက္နိုင္တဲ့အခ်ိန္ေတြရွိပါတယ္။ သင့္အခ်စ္နဲ႕သင္ ဖုံးလႊမ္းေနတဲ့ အခိုက္အတန႔္ေတြေပါ့။ သင္ကသာ မျမင္နိုင္တာ။ သင့္ကိုသူေျပာျပေနတဲ့ အရိတ္အႁမြတ္ေတြအမ်ားႀကီးရွိပါတယ္။

1. သူကသင္နဲ႕အစီအစဥ္ေတြဆြဲတာမ်ိဳးေတြ လုပ္ေတာ့မွာမဟုတ္ဘူး

သင္တို႔ႏွစ္ေယာက္ဟာ အရင္တုန္းက အၿမဲလိုလိုအျပင္ထြက္လည္ေလ့ရွိတယ္ဆိုေပမယ့္ ႐ုတ္တရတ္ႀကီးလိုလို သင့္ေကာင္ေလးကသင့္နဲ႕ထြက္လည္မယ္လုပ္တိုင္း အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ပတ္ေျပးလာပါလိမ့္မယ္။ ဒါဟာ သူ႕အေနနဲ႕ ျပတ္ဆဲဖို႔ မေရမရာျဖစ္ေနတဲ့ အခိုက္အတန႔္မ်ိဳးမွာ လုပ္ေလ့ရွိတဲ့ အျပဳအမူျဖစ္ပါတယ္။

2. သူက တစ္ျခားအမ်ိဳးသမီးတစ္ေယာက္ကို စတင္စာေတြပို႔ စကားေျပာလာလိမ့္မယ္

သင့္အေနနဲ႕ ကိုယ့္ေကာင္ေလးက တစ္ျခားအမ်ိဳးသမီးတစ္ေယာက္နဲ႕ စကားေျပာေနတဲ့ ခံစားခ်က္ရလာပါလိမ့္မယ္။ လုပ္ေဖာ္ကိုင္ဖက္ေကာင္မေလးတစ္ေယာက္နဲ႕ျဖစ္ျဖစ္၊ ဒါမွမဟုတ္ ရည္းစားေဟာင္းနဲ႕ျဖစ္ျဖစ္ေပါ့။ ဒါက ေကာင္ေလးအေနနဲ႕ သစၥာေဖာက္တာလို႔ မဆိုလိုနိုင္ပါဘူး။ တစ္ခ်ိဳ႕ေကာင္ေလးေတြအေနနဲ႕ လြတ္ေျမာက္ဖို႔ လမ္းစဥ္ရွာတယ္လို႔ ဆိုရမွာေပါ့ေနာ္။ ဒီလိုလုပ္ေနၿပီဆိုရင္ သင့္ေကာင္ေလးသည္ သင္နဲ႕ျပတ္တဲ့အခါ ေနာက္တစ္ေယာက္ဆီသြားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။

3. သူက ဒီ relationship နဲ႕ပက္သက္ၿပီး စကားေတြအၾကာႀကီးေျပာဖို႔ ေတာင္းဆိုလာလိမ့္မယ္

သူ႕အေနနဲ႕ ဒီဆက္ဆံေရးႀကီးမွာ ခံစားရတဲ့ျပႆ နာေတြကို ေျပာျပလာလိမ့္မယ္။ ဥပမာ သင့္သူငယ္ခ်င္းေတြနဲ႕ အခ်ိန္ျဖဳန္းတာကို ေလွ်ာ့ေစခ်င္လာတာမ်ိဳး၊ အလုပ္ကိုအရမ္းအာ႐ုံစိုက္တာကို မႀကိဳက္တာမ်ိဳးေပါ့။ အရင္တုန္းက အေသးအမႊားကိစၥရပ္ေလးေတြဟာ ခုေတာ့ သူ႕အတြက္အျပစ္ေျပာစရာႀကီးတစ္ခုလို ျဖစ္လာလိမ့္မယ္။ အျပစ္ရွာတာေပါ့ေလ။ အစပိုင္းမွာေျပာရင္ေတာ့ သူ႕ဘက္ကိုယ့္ဘက္ကိုၾကည့္ေျပာေပမယ့္ အားလုံးေျပာဆိုၿပီးသြားလို႔ ေကာက္ခ်က္ခ်တဲ့အခါ သင့္အမွားႀကီးလိုကို ျဖစ္သြားေအာင္ ေျပာလာပါလိမ့္မယ္။

4. သင္ကသူ႕အတြက္ ပဓာနမဟုတ္ေတာ့ပါဘူး

သင့္အေနနဲ႕ သူ႕ရာထူးတိုးသြားတဲ့ကိစၥကို တစ္ျခားသူငယ္ခ်င္းတစ္ေယာက္ဆီက ၾကားလာတယ္။ အေၾကာင္းကေတာ့ သင္ဟာ သူ႕အတြက္ ကိစၥအႀကီးႀကီးတစ္ခုျဖစ္တိုင္း ပထမဆုံးအေျပးအလႊားလာေျပာျပမယ့္ ပဓာန၊ ပထမသူတစ္ေယာက္ မဟုတ္ေတာ့ပါဘူး။

5. သင္လုပ္သမွ်အားလုံးက သူ႕အတြက္ စိတ္အေႏွာက္အယွက္ျဖစ္စရာျဖစ္လာၿပီ

သူကတစ္ခ်ိန္လုံးအဲ့ေလာက္ အလိုမက်မ်ားျဖစ္ေနဖူးလားလို႔ အံ့ၾသမိပါလိမ့္မယ္။ တစ္ကယ္ေတာ့ သူကေရဆူမွတ္ကိုေရာက္ေနတဲ့ သူတစ္ေယာက္ေပါ့။ သူ႕အတြက္လည္း ေဝခြဲမရျဖစ္ေနတယ္။ ခံစားခ်က္ေတြနဲ႕ ရႈပ္ေထြးေနတယ္။ အဆုံးသတ္မွာေတာ့ အားလုံးကို သင့္အေပၚပုံခ်လိဳက္ပါလိမ့္မယ္။

6. သူသင့္အနားမွာဆို မေပ်ာ္ေတာ့ဘူး

အဲ့ဒီခံစားခ်က္ အေတြးႀကီးက သိပ္ကို ဝမ္းနည္းဖို႔ေကာင္းပါတယ္။ ကိုယ့္ခ်စ္သူက ကိုယ့္အနားမွာေပ်ာ္မေနေတာ့ဘူးတဲ့။ သူကသင့္ကို မစေနာက္ေတာ့ဘူး။ သင္ကသြားစေနာက္ရင္လည္း မရယ္ေတာ့ဘူး။ တစ္ခ်ိန္လုံးဖုန္းပဲၾကည့္ေနေတာ့မယ္။ ဒါကိုသင္တစ္ေျဖးေျဖးရိပ္မိလာပါလိမ့္မယ္။

7. အေၾကာင္းျပခ်က္မရွိပဲ ရန္ျဖစ္မယ္

ဒါေယာက္်ားေလးေတြရဲ႕ အဆိုးဝါးဆုံးအပိုင္းထဲကတစ္ခု။ သူနဲ႕သင္မတိုက္ဆိုင္တဲ့ အေၾကာင္းကိစၥတစ္ခုနဲ႕ အျငင္းပြားတဲ့အခါ ဘယ္သူ႕အျပစ္မွ မဟုတ္ေသာ္လည္း ဒီဆက္ဆံေရးႀကီးက အလုပ္မလုပ္ေတာ့တဲ့အေၾကာင္း သင့္ကိုမရရေအာင္ သြတ္သြင္းေျပာဆိုပါလိမ့္မယ္။

8. သူအခ်ိန္လိုလာၿပီလို႔ ေျပာၿပီ

ဒါဟာသင္တို႔ႏွစ္ေယာက္ ျပတ္ဆဲဖို႔ လုံးဝကိုနီးစပ္ေနတဲ့အေနအထား၊ သူတစ္ေယာက္တည္းရွိခ်င္လာတယ္။ ရွိေတာ့ရွိတယ္။ တစ္ခ်ိဳ႕လူေတြ .. ကိုယ့္ကိုယ္ကိုတစ္ေယာက္တည္း စိတ္ေအးေအးေနခ်င္တဲ့ အခိုက္အတန႔္ေတြ။ ဒါမွမဟုတ္ သင့္ခ်စ္သူက သင္မရွိဘဲ သူ႕အခ်ိန္ေတြကို စမ္းသပ္တာလဲျဖစ္နိုင္ပါတယ္။ သင္မရွိတဲ့ သူ႕ေန႕ရက္ေတြ ဘယ္လိုျဖစ္နိုင္မလဲဆိုတာ စမ္းသပ္ၾကည့္တဲ့သေဘာေပါ့။ ဒါက ယာယီေခတၱျပတ္ဆဲျခင္းလို႔ ေခၚနိုင္ပါတယ္။ ဘယ္လိုပဲေျပာေျပာ သင့္ကိုသူမခ်စ္ေတာ့တာ ရာခိုင္ႏႈန္းသိပ္မ်ားေနၿပီေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmarload

Unicode Version

အသည်းကွဲခြင်းနဲ့ တန်းတူခံစားချက်ပြင်းတဲ့ တစ်ချို့အချက်တွေက relationship တစ်ခုမှာရှိပါတယ်။ သင်ဟာသူ့ကိုအရမ်းချစ်နေလွန်းတဲ့အတွက်ကြောင့် တစ်ဖက်လူက တစ်ဖြေးဖြေးသင့်ဆီက ခွာပြေးသွားတာကိုတောင် မရိပ်မိလိုက်နိုင်တဲ့အချိန်တွေရှိပါတယ်။ သင့်အချစ်နဲ့သင် ဖုံးလွှမ်းနေတဲ့ အခိုက်အတန့်တွေပေါ့။ သင်ကသာ မမြင်နိုင်တာ။ သင့်ကိုသူပြောပြနေတဲ့ အရိတ်အမြွတ်တွေအများကြီးရှိပါတယ်။

1. သူကသင်နဲ့အစီအစဉ်တွေဆွဲတာမျိုးတွေ လုပ်တော့မှာမဟုတ်ဘူး

သင်တို့နှစ်ယောက်ဟာ အရင်တုန်းက အမြဲလိုလိုအပြင်ထွက်လည်လေ့ရှိတယ်ဆိုပေမယ့် ရုတ်တရတ်ကြီးလိုလို သင့်ကောင်လေးကသင့်နဲ့ထွက်လည်မယ်လုပ်တိုင်း အကြောင်းအမျိုးမျိုးပြပြီး ပတ်ပြေးလာပါလိမ့်မယ်။ ဒါဟာ သူ့အနေနဲ့ ပြတ်ဆဲဖို့ မရေမရာဖြစ်နေတဲ့ အခိုက်အတန့်မျိုးမှာ လုပ်လေ့ရှိတဲ့ အပြုအမူဖြစ်ပါတယ်။

2. သူက တစ်ခြားအမျိုးသမီးတစ်ယောက်ကို စတင်စာတွေပို့ စကားပြောလာလိမ့်မယ်

သင့်အနေနဲ့ ကိုယ့်ကောင်လေးက တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတဲ့ ခံစားချက်ရလာပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတစ်ယောက်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရည်းစားဟောင်းနဲ့ဖြစ်ဖြစ်ပေါ့။ ဒါက ကောင်လေးအနေနဲ့ သစ္စာဖောက်တာလို့ မဆိုလိုနိုင်ပါဘူး။ တစ်ချို့ကောင်လေးတွေအနေနဲ့ လွတ်မြောက်ဖို့ လမ်းစဉ်ရှာတယ်လို့ ဆိုရမှာပေါ့နော်။ ဒီလိုလုပ်နေပြီဆိုရင် သင့်ကောင်လေးသည် သင်နဲ့ပြတ်တဲ့အခါ နောက်တစ်ယောက်ဆီသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

3. သူက ဒီ relationship နဲ့ပက်သက်ပြီး စကားတွေအကြာကြီးပြောဖို့ တောင်းဆိုလာလိမ့်မယ်

သူ့အနေနဲ့ ဒီဆက်ဆံရေးကြီးမှာ ခံစားရတဲ့ပြဿ နာတွေကို ပြောပြလာလိမ့်မယ်။ ဥပမာ သင့်သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို လျှော့စေချင်လာတာမျိုး၊ အလုပ်ကိုအရမ်းအာရုံစိုက်တာကို မကြိုက်တာမျိုးပေါ့။ အရင်တုန်းက အသေးအမွှားကိစ္စရပ်လေးတွေဟာ ခုတော့ သူ့အတွက်အပြစ်ပြောစရာကြီးတစ်ခုလို ဖြစ်လာလိမ့်မယ်။ အပြစ်ရှာတာပေါ့လေ။ အစပိုင်းမှာပြောရင်တော့ သူ့ဘက်ကိုယ့်ဘက်ကိုကြည့်ပြောပေမယ့် အားလုံးပြောဆိုပြီးသွားလို့ ကောက်ချက်ချတဲ့အခါ သင့်အမှားကြီးလိုကို ဖြစ်သွားအောင် ပြောလာပါလိမ့်မယ်။

4. သင်ကသူ့အတွက် ပဓာနမဟုတ်တော့ပါဘူး

သင့်အနေနဲ့ သူ့ရာထူးတိုးသွားတဲ့ကိစ္စကို တစ်ခြားသူငယ်ချင်းတစ်ယောက်ဆီက ကြားလာတယ်။ အကြောင်းကတော့ သင်ဟာ သူ့အတွက် ကိစ္စအကြီးကြီးတစ်ခုဖြစ်တိုင်း ပထမဆုံးအပြေးအလွှားလာပြောပြမယ့် ပဓာန၊ ပထမသူတစ်ယောက် မဟုတ်တော့ပါဘူး။

5. သင်လုပ်သမျှအားလုံးက သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်လာပြီ

သူကတစ်ချိန်လုံးအဲ့လောက် အလိုမကျများဖြစ်နေဖူးလားလို့ အံ့သြမိပါလိမ့်မယ်။ တစ်ကယ်တော့ သူကရေဆူမှတ်ကိုရောက်နေတဲ့ သူတစ်ယောက်ပေါ့။ သူ့အတွက်လည်း ဝေခွဲမရဖြစ်နေတယ်။ ခံစားချက်တွေနဲ့ ရှုပ်ထွေးနေတယ်။ အဆုံးသတ်မှာတော့ အားလုံးကို သင့်အပေါ်ပုံချလိုက်ပါလိမ့်မယ်။

6. သူသင့်အနားမှာဆို မပျော်တော့ဘူး

အဲ့ဒီခံစားချက် အတွေးကြီးက သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားမှာပျော်မနေတော့ဘူးတဲ့။ သူကသင့်ကို မစနောက်တော့ဘူး။ သင်ကသွားစနောက်ရင်လည်း မရယ်တော့ဘူး။ တစ်ချိန်လုံးဖုန်းပဲကြည့်နေတော့မယ်။ ဒါကိုသင်တစ်ဖြေးဖြေးရိပ်မိလာပါလိမ့်မယ်။

7. အကြောင်းပြချက်မရှိပဲ ရန်ဖြစ်မယ်

ဒါယောက်ျားလေးတွေရဲ့ အဆိုးဝါးဆုံးအပိုင်းထဲကတစ်ခု။ သူနဲ့သင်မတိုက်ဆိုင်တဲ့ အကြောင်းကိစ္စတစ်ခုနဲ့ အငြင်းပွားတဲ့အခါ ဘယ်သူ့အပြစ်မှ မဟုတ်သော်လည်း ဒီဆက်ဆံရေးကြီးက အလုပ်မလုပ်တော့တဲ့အကြောင်း သင့်ကိုမရရအောင် သွတ်သွင်းပြောဆိုပါလိမ့်မယ်။

8. သူအချိန်လိုလာပြီလို့ ပြောပြီ

ဒါဟာသင်တို့နှစ်ယောက် ပြတ်ဆဲဖို့ လုံးဝကိုနီးစပ်နေတဲ့အနေအထား၊ သူတစ်ယောက်တည်းရှိချင်လာတယ်။ ရှိတော့ရှိတယ်။ တစ်ချို့လူတွေ .. ကိုယ့်ကိုယ်ကိုတစ်ယောက်တည်း စိတ်အေးအေးနေချင်တဲ့ အခိုက်အတန့်တွေ။ ဒါမှမဟုတ် သင့်ချစ်သူက သင်မရှိဘဲ သူ့အချိန်တွေကို စမ်းသပ်တာလဲဖြစ်နိုင်ပါတယ်။ သင်မရှိတဲ့ သူ့နေ့ရက်တွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ စမ်းသပ်ကြည့်တဲ့သဘောပေါ့။ ဒါက ယာယီခေတ္တပြတ်ဆဲခြင်းလို့ ခေါ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော သင့်ကိုသူမချစ်တော့တာ ရာခိုင်နှုန်းသိပ်များနေပြီလေ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top