Property Expo
×

အသက္ ကိုးႏွစ္အရြယ္မွ စ၍ သားအိမ္ေခါင္းကင္ဆာကာ ကြယ္ေဆးထိုးထားျခင္းသည္ ကင္ဆာမျဖစ္ေစရန္ အေကာင္းဆံုး ကာကြယ္နည္းျဖစ္ေၾကာင္း သား ဖြားမီးယပ္အထူးကုဆရာ၀န္ႀကီး တြဲဖက္ပါေမာကၡ ေဒါက္တာ စိုး လြင္က ေျပာသည္။

သားအိမ္ေခါင္း ကင္ဆာ သည္ ျမန္မာျပည္ရွိ အမ်ဳိးသမီး မ်ားတြင္ ဒုတိယအျဖစ္အမ်ားဆံုး ႏွင့္ ဒုတိယေသဆံုးမႈအမ်ားဆံုး ကင္ဆာေရာဂါျဖစ္ေၾကာင္း ကမၻာေပၚတြင္ သားအိမ္ေခါင္းကင္ဆာ ေၾကာင့္ အသက္ဆံုး႐ႈံးသည့္ အမ်ဳိးသမီး ၁၀ ဦးအနက္ ကိုးဦးသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမွျဖစ္ေၾကာင္း သိရသည္။

‘‘သားအိမ္ေခါင္းကင္ဆာနဲ႔ ျမန္မာအမ်ဳိးသမီးေတြ မေသသင့္ ေတာ့ဘူး။ ျမန္မာႏိုင္ငံမွာ ရင္သားကင္ဆာၿပီးရင္ သားအိမ္ေခါင္း ကင္ဆာက ဒုတိယအျဖစ္အမ်ား ဆံုးပဲ။ တစ္ႏွစ္ကို ၅,၀၀၀ ေက်ာ္ ေလာက္ျဖစ္ေနၿပီး ၃,၀၀၀ ေက်ာ္ ေလာက္ေသတာေတြ႕ရတယ္’’ဟု ေဒါက္တာ စိုးလြင္က ေျပာသည္။

သားအိမ္ေခါင္း ကင္ဆာ သည္ ႂကြက္ႏို႔ပိုး (HPV) ေၾကာင့္ အဓိကျဖစ္ရၿပီး လိင္ဆက္ဆံရာ မွတစ္ဆင့္ ကူးစက္ေၾကာင္း၊ ေရာဂါျဖစ္စတြင္ မည္သည့္လကၡဏာမွ် ျပသေလ့မရွိျခင္းေၾကာင့္ သားအိမ္ေခါင္းကင္ဆာကို အသံတိတ္လူသတ္သမားဟု ေခၚေ၀ၚေၾကာင္း ၎က ဆိုသည္။

‘‘ကင္ဆာအမ်ားစုက ဘာ ေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ အေျခ အေနမသိရတာမ်ားတယ္။ သား အိမ္ေခါင္းကင္ဆာကေတာ့ ျဖစ္ ရတဲ့အေၾကာင္းရင္းကို သိရတဲ့အ တြက္ ကာကြယ္ေဆးနဲ႔ ကာကြယ္ ႏုိင္တယ္။ ကာကြယ္ေဆးကို လိင္ဆက္ဆံမႈမစခင္အရြယ္ အသက္ ကိုးႏွစ္ကစၿပီးထိုးထားရင္ ထိထိ ေရာက္ေရာက္ကာကြယ္ႏုိင္တယ္’’ဟု ေဒါက္တာ စိုးလြင္က ရွင္းျပ သည္။

သားအိမ္ေခါင္းကင္ဆာကာ ကြယ္ေဆးကို အသက္ ကိုးႏွစ္မွ ၁၅ ႏွစ္ၾကားဆိုပါက ႏွစ္ႀကိမ္ထိုး သင့္ၿပီး အသက္ ၁၅ ႏွစ္အထက္ ဆိုပါက သံုးႀကိမ္ထိုးရမည္ ျဖစ္ ေၾကာင္း၊ HIV ရွိသူမ်ားအပါအ၀င္ကိုယ္ခံအားနည္းသူအမ်ဳိးသမီး မ်ားသံုးႀကိမ္ထိုးရန္ လိုအပ္ ေၾကာင္း သိရသည္။

‘‘သားအိမ္ေခါင္းကင္ဆာ၊ အသည္းကင္ဆာတို႔က ေရာဂါပိုး ကူးစက္ျခင္းေၾကာင့္ ျဖစ္ၾကရ တာ။ ကင္ဆာေတြထဲမွာ ဒီေရာဂါ ႏွစ္မ်ဳိးက ကာကြယ္ေဆးနဲ႔ ကာ ကြယ္ႏိုင္ၾကတယ္။ ကေလးအ သက္ ကိုးႏွစ္အရြယ္ကေနစၿပီး ထိုးႏိုင္တယ္ဆိုေတာ့ ကေလးမိဘ ေတြကို ပညာေပးမႈေတြပိုလုပ္ဖို႔ လိုတယ္။ အမ်ဳိးသားကာကြယ္ ေဆးထိုးစီမံခ်က္မွာလည္း ဒီေရာ ဂါကာကြယ္ေဆးထည့္သြင္းႏိုင္ ေအာင္ ႀကိဳးစားေနပါတယ္’’ဟု ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာ ေစာ၀င္းကေျပာသည္။ သားအိမ္ေခါင္းကင္ဆာ သည္ ကမၻာေပၚတြင္ တစ္ႏွစ္လွ်င္အမ်ဳိးသမီး ငါးသိန္းေက်ာ္ ျဖစ္ပြားေနၿပီး တစ္ႏွစ္လွ်င္ ေသဆံုးသူႏွစ္သိန္းခြဲေက်ာ္ရွိေၾကာင္း၊ ႏွစ္မိနစ္လွ်င္ အမ်ဳိးသမီးတစ္ဦး သားအိမ္ ေခါင္းကင္ဆာျဖင့္ ေသဆံုးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အသက် ကိုးနှစ်အရွယ်မှ စ၍ သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးထိုးထားခြင်းသည် ကင်ဆာမဖြစ်စေရန် အကောင်းဆုံး ကာကွယ်နည်းဖြစ်ကြောင်း သား ဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ စိုး လွင်က ပြောသည်။

သားအိမ်ခေါင်း ကင်ဆာ သည် မြန်မာပြည်ရှိ အမျိုးသမီး များတွင် ဒုတိယအဖြစ်အများဆုံး နှင့် ဒုတိယသေဆုံးမှုအများဆုံး ကင်ဆာရောဂါဖြစ်ကြောင်း ကမ္ဘာပေါ်တွင် သားအိမ်ခေါင်းကင်ဆာ ကြောင့် အသက်ဆုံးရှုံးသည့် အမျိုးသမီး ၁၀ ဦးအနက် ကိုးဦးသည် ဖွံ့ဖြိုးဆဲနိုင်ငံမှဖြစ်ကြောင်း သိရသည်။

‘‘သားအိမ်ခေါင်းကင်ဆာနဲ့ မြန်မာအမျိုးသမီးတွေ မသေသင့် တော့ဘူး။ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်း ကင်ဆာက ဒုတိယအဖြစ်အများ ဆုံးပဲ။ တစ်နှစ်ကို ၅,၀၀၀ ကျော် လောက်ဖြစ်နေပြီး ၃,၀၀၀ ကျော် လောက်သေတာတွေ့ရတယ်’’ဟု ဒေါက်တာ စိုးလွင်က ပြောသည်။

သားအိမ်ခေါင်း ကင်ဆာ သည် ကြွက်နို့ပိုး (HPV) ကြောင့် အဓိကဖြစ်ရပြီး လိင်ဆက်ဆံရာ မှတစ်ဆင့် ကူးစက်ကြောင်း၊ ရောဂါဖြစ်စတွင် မည်သည့်လက္ခဏာမျှ ပြသလေ့မရှိခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာကို အသံတိတ်လူသတ်သမားဟု ခေါ်ဝေါ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကင်ဆာအများစုက ဘာ ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အခြေ အနေမသိရတာများတယ်။ သား အိမ်ခေါင်းကင်ဆာကတော့ ဖြစ် ရတဲ့အကြောင်းရင်းကို သိရတဲ့အ တွက် ကာကွယ်ဆေးနဲ့ ကာကွယ် နိုင်တယ်။ ကာကွယ်ဆေးကို လိင်ဆက်ဆံမှုမစခင်အရွယ် အသက် ကိုးနှစ်ကစပြီးထိုးထားရင် ထိထိ ရောက်ရောက်ကာကွယ်နိုင်တယ်’’ဟု ဒေါက်တာ စိုးလွင်က ရှင်းပြ သည်။

သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးကို အသက် ကိုးနှစ်မှ ၁၅ နှစ်ကြားဆိုပါက နှစ်ကြိမ်ထိုး သင့်ပြီး အသက် ၁၅ နှစ်အထက် ဆိုပါက သုံးကြိမ်ထိုးရမည် ဖြစ် ကြောင်း၊ HIV ရှိသူများအပါအဝင်ကိုယ်ခံအားနည်းသူအမျိုးသမီး များသုံးကြိမ်ထိုးရန် လိုအပ် ကြောင်း သိရသည်။

‘‘သားအိမ်ခေါင်းကင်ဆာ၊ အသည်းကင်ဆာတို့က ရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်ကြရ တာ။ ကင်ဆာတွေထဲမှာ ဒီရောဂါ နှစ်မျိုးက ကာကွယ်ဆေးနဲ့ ကာ ကွယ်နိုင်ကြတယ်။ ကလေးအ သက် ကိုးနှစ်အရွယ်ကနေစပြီး ထိုးနိုင်တယ်ဆိုတော့ ကလေးမိဘ တွေကို ပညာပေးမှုတွေပိုလုပ်ဖို့ လိုတယ်။ အမျိုးသားကာကွယ် ဆေးထိုးစီမံချက်မှာလည်း ဒီရော ဂါကာကွယ်ဆေးထည့်သွင်းနိုင် အောင် ကြိုးစားနေပါတယ်’’ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စောဝင်းကပြောသည်။ သားအိမ်ခေါင်းကင်ဆာ သည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင်အမျိုးသမီး ငါးသိန်းကျော် ဖြစ်ပွားနေပြီး တစ်နှစ်လျှင် သေဆုံးသူနှစ်သိန်းခွဲကျော်ရှိကြောင်း၊ နှစ်မိနစ်လျှင် အမျိုးသမီးတစ်ဦး သားအိမ် ခေါင်းကင်ဆာဖြင့် သေဆုံးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top