Kantharyar Centre
×

မိုးကုတ္ၿမိဳ႕တစ္ၿမိဳ႕လံုး အသံုးျပဳစြန္႔ပစ္ေနေသာ အမိႈက္ပံုကို ၿမိဳ႕ေနျပည္သူလူထုႏွင့္ ေဝးကြာသည့္ေနရာသုိ႔ ေျပာင္းေရႊ႕ႏုိင္ရန္ ေျမေနရာအခက္အခဲရွိေနေၾကာင္းသတင္းရရွိသည္။

အဆုိပါ အမိႈက္ပံုအက်ယ္ အဝန္းသည္ သံုးဧကခန္႔ရွိၿပီး ၿမိဳ႕ေနျပည္သူလူထုႏွင့္ အရမ္းနီးကပ္ေနျခင္း၊ သုသာန္မ်ားအနီးတြင္ ရွိျခင္း၊ ထြက္ရွိလာေသာ အမိႈက္မ်ားကို မီး႐ိႈ႕ရသည့္စနစ္ျဖင့္ ဖ်က္ဆီးရေသာေၾကာင့္ ၿမိဳ႕ေနလူထုမ်ား က်န္းမာေရးထိခိုက္မႈမ်ား စိုးရိမ္ရျခင္းႏွင့္ သဘာဝပတ္ဝန္း က်င္ထိခိုက္ျခင္းအပါအဝင္ အနံ႔ ဆိုးမ်ား ထြက္ေပၚေနသည္ကို တုိင္ၾကားစာ ေပးပို႔မႈမ်ားရွိေနေၾကာင္း မိုးကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးဝင္းတင့္က ေျပာသည္။

‘‘လက္ရွိ အသံုးျပဳေနတဲ့ အ မိႈက္က်င္းက အမိႈက္စြန္႔ပစ္ဖို႔ေန ရာမက်န္ေတာ့ဘူးျဖစ္ေနတယ္။ ၿမိဳ႕ေနလူထုနဲ႔လည္း အရမ္းနီးကပ္ေနတဲ့အတြက္ေၾကာင့္ ေျပာင္းေရႊ႕မွရေတာ့မွာ။ ဒါေပမဲ့ ေျမေနရာကအခက္အခဲရွိေနေသးတယ္။ ကြၽန္ေတာ္တုိ႔ ၿမိဳ႕ေနလူထုနဲ႔ တုိင္ပင္ၿပီး အမိႈက္က်င္းေရႊ႕မယ့္ေနရာကို တုိင္းေဒသႀကီး အစိုးရအဖြဲ႕ကို တင္ျပထားပါတယ္။ ဒါေပမဲ့ အဲဒီေနရာကိုလည္း အစိုးရအဖြဲ႕က ကန္႔ကြက္ထားတဲ့အတြက္ အဆင္မေျပဘူး ျဖစ္ေနတာပါ။ ေျမေနရာေလးကို အစိုးရက အဆင္ေျပေျပလုပ္ေပးရင္ေတာ့ ပိုေကာင္းပါ တယ္’’ဟု ဦးဝင္းတင့္က ေျပာ ၾကားသည္။

မိုးကုတ္ၿမိဳ႕တြင္ လက္ရွိလူ ဦးေရ ႏွစ္သိန္းခန္႔ရွိၿပီး တစ္ရက္ လွ်င္ အမိႈက္တန္ခ်ိန္ ၂၀ ခန္႔ထြက္ရွိကာ အမိႈက္ကား ငါးစီးႏွင့္ ဝန္ထမ္းအင္အား ၁၆ ဦးခန္႔ျဖင့္ ေဆာင္ရြက္ေနေၾကာင္း စည္ပင္ သာယာေရးေကာ္မတီမွ စံုစမ္းသိ ရသည္။

အဆိုပါ ေန႔စဥ္ထြက္ရွိသည့္ အမိႈက္မ်ားထားရွိမည့္ အမိႈက္ပံု ေနရာကို ၿမိဳ႕ႏွင့္ ခုနစ္မိုင္ခန္႔ေဝး သည့္ မိုးကုတ္ႏွင့္ မုိးမိတ္ၿမိဳ႕ၾကား ရွိ ေျမဧက ၂၀၀ ခန္႔ရွိေနရာတြင္ ထားရွိရန္ ၿမိဳ႕နယ္လူထုႏွင့္ပူး ေပါင္းကာ စည္ပင္သာယာေရး ေကာ္မတီက မႏၲေလးတုိင္းေဒသ ႀကီး အစိုးရအဖြဲ႕ထံသုိ႔ ဩဂုတ္ အတြင္းကစတင္၍ ႏွစ္ႀကိမ္တိုင္  စာတင္ျပ ေတာင္းခံထားေသာ္ လည္း သေဘာမတူဘဲ ကန္႔ကြက္စာသာ ျပန္ၾကားထားေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ စည္ပင္သာယာ အေနျဖင့္ အမိႈက္သိမ္းစနစ္ အ လြန္အားနည္းေနေၾကာင္း၊ အ မိႈက္ပံုျပဳလုပ္ရန္ ေတာင္းခံထား သည့္ ေျမေနရာသစ္ရရွိပါက ျပည္သူလူလုကုိ အမိႈက္အစိုအေျခာက္ စနစ္တက် ခြဲျခားတတ္ေအာင္ ပညာေပး၍ လွ်ပ္စစ္မီးထုတ္လုပ္ ႏုိင္ရန္ ကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း ဦးဝင္းတင့္က ေျပာသည္။

‘‘အခုေျပာင္းမယ္လုပ္ေနတဲ့ ေနရာက ၿမိဳ႕နဲ႔အလွမ္းေဝးတဲ့အ တြက္ အေတာ္အဆင္ေျပတယ္။ အခု အသံုးျပဳေနတဲ့ အမိႈက္က်င္း ကေတာ့ ၿမိဳ႕နဲ႔အေတာ္ကေလးကို နီးကပ္ေနပါတယ္။ အမိႈက္ေတြ မီး႐ိႈ႕တဲ့အခ်ိန္ဆိုရင္ မေကာင္းတဲ့ အနံ႔ေတြရတတ္လို႔ က်န္းမာေရး အတြက္ စိုးရိမ္ရပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ေျမေနရာေလးကို အစိုးရ အဖြဲ႕က သတ္မွတ္ေပးမယ္ဆုိရင္ ေတာ္ေတာ္ အဆင္ေျပႏုိင္ပါ တယ္’’ဟု မိုးကုတ္ၿမိဳ႕ခံ ဦးေအာင္ ေက်ာ္မိုးက ေျပာသည္။

မိုးကုတ္ၿမိဳ႕နယ္ စည္ပင္ သာယာေရးေကာ္မတီက အမိႈက္က်င္းေရႊ႕ေျပာင္းႏုိင္ရန္ ေျမေနရာ ကို ၿမိဳ႕လူထုႏွင့္ ပူးေပါင္းၿပီး တုိင္း ေဒသႀကီး အစိုးရအဖြဲ႕ထံသို႔ ဆက္လက္တင္ျပေတာင္းခံမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

‘‘တိုင္းအစိုးရအေနနဲ႔ ကန္႔ ကြက္တဲ့သေဘာမ်ိဳးမဟုတ္ဘူး။ ေလွ်ာက္ထားတဲ့ ဧက ၂၀၀ က သစ္ေတာဧရိယာထဲပါေနတယ္။ အမိႈက္ပံုလုပ္တဲ့ကိစၥတစ္ခုတင္ မဟုတ္ဘူး။ တျခားၿမိဳ႕ျပဖြံ႕ၿဖိဳးတုိး တက္ဖို႔အတြက္ ပါတယ္လို႔ ေျပာ တယ္။ ဒါေၾကာင့္ တုိင္းအဆင့္နဲ႔ ဆံုးျဖတ္လို႔မရတဲ့အတြက္ ျပည္ ေထာင္စုအဆင့္က ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ တုိင္းအစိုးရအေနနဲ႔ ကေတာ့ ဒီေနရာကို သင့္ေတာ္ တယ္လုိ႔ မွတ္ခ်က္ေပးထားတယ္’’ဟု မႏၲေလးတုိင္းေဒသႀကီး အစိုးရအဖြဲ႕ သစ္ေတာႏွင့္ သယံဇာတ ဝန္ႀကီး ဦးမ်ိဳးသစ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

မိုးကုတ်မြို့တစ်မြို့လုံး အသုံးပြုစွန့်ပစ်နေသော အမှိုက်ပုံကို မြို့နေပြည်သူလူထုနှင့် ဝေးကွာသည့်နေရာသို့ ပြောင်းရွှေ့နိုင်ရန် မြေနေရာအခက်အခဲရှိနေကြောင်းသတင်းရရှိသည်။


အဆိုပါ အမှိုက်ပုံအကျယ် အဝန်းသည် သုံးဧကခန့်ရှိပြီး မြို့နေပြည်သူလူထုနှင့် အရမ်းနီးကပ်နေခြင်း၊ သုသာန်များအနီးတွင် ရှိခြင်း၊ ထွက်ရှိလာသော အမှိုက်များကို မီးရှို့ရသည့်စနစ်ဖြင့် ဖျက်ဆီးရသောကြောင့် မြို့နေလူထုများ ကျန်းမာရေးထိခိုက်မှုများ စိုးရိမ်ရခြင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ခြင်းအပါအဝင် အနံ့ ဆိုးများ ထွက်ပေါ်နေသည်ကို တိုင်ကြားစာ ပေးပို့မှုများရှိနေကြောင်း မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောသည်။

‘‘လက်ရှိ အသုံးပြုနေတဲ့ အ မှိုက်ကျင်းက အမှိုက်စွန့်ပစ်ဖို့နေ ရာမကျန်တော့ဘူးဖြစ်နေတယ်။ မြို့နေလူထုနဲ့လည်း အရမ်းနီးကပ်နေတဲ့အတွက်ကြောင့် ပြောင်းရွှေ့မှရတော့မှာ။ ဒါပေမဲ့ မြေနေရာကအခက်အခဲရှိနေသေးတယ်။ ကျွန်တော်တို့ မြို့နေလူထုနဲ့ တိုင်ပင်ပြီး အမှိုက်ကျင်းရွှေ့မယ့်နေရာကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာကိုလည်း အစိုးရအဖွဲ့က ကန့်ကွက်ထားတဲ့အတွက် အဆင်မပြေဘူး ဖြစ်နေတာပါ။ မြေနေရာလေးကို အစိုးရက အဆင်ပြေပြေလုပ်ပေးရင်တော့ ပိုကောင်းပါ တယ်’’ဟု ဦးဝင်းတင့်က ပြော ကြားသည်။

မိုးကုတ်မြို့တွင် လက်ရှိလူ ဦးရေ နှစ်သိန်းခန့်ရှိပြီး တစ်ရက် လျှင် အမှိုက်တန်ချိန် ၂၀ ခန့်ထွက်ရှိကာ အမှိုက်ကား ငါးစီးနှင့် ဝန်ထမ်းအင်အား ၁၆ ဦးခန့်ဖြင့် ဆောင်ရွက်နေကြောင်း စည်ပင် သာယာရေးကော်မတီမှ စုံစမ်းသိ ရသည်။

အဆိုပါ နေ့စဉ်ထွက်ရှိသည့် အမှိုက်များထားရှိမည့် အမှိုက်ပုံ နေရာကို မြို့နှင့် ခုနစ်မိုင်ခန့်ဝေး သည့် မိုးကုတ်နှင့် မိုးမိတ်မြို့ကြား ရှိ မြေဧက ၂၀၀ ခန့်ရှိနေရာတွင် ထားရှိရန် မြို့နယ်လူထုနှင့်ပူး ပေါင်းကာ စည်ပင်သာယာရေး ကော်မတီက မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံသို့ ဩဂုတ် အတွင်းကစတင်၍ နှစ်ကြိမ်တိုင်  စာတင်ပြ တောင်းခံထားသော် လည်း သဘောမတူဘဲ ကန့်ကွက်စာသာ ပြန်ကြားထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စည်ပင်သာယာ အနေဖြင့် အမှိုက်သိမ်းစနစ် အ လွန်အားနည်းနေကြောင်း၊ အ မှိုက်ပုံပြုလုပ်ရန် တောင်းခံထား သည့် မြေနေရာသစ်ရရှိပါက ပြည်သူလူလုကို အမှိုက်အစိုအခြောက် စနစ်တကျ ခွဲခြားတတ်အောင် ပညာပေး၍ လျှပ်စစ်မီးထုတ်လုပ် နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးဝင်းတင့်က ပြောသည်။

‘‘အခုပြောင်းမယ်လုပ်နေတဲ့ နေရာက မြို့နဲ့အလှမ်းဝေးတဲ့အ တွက် အတော်အဆင်ပြေတယ်။ အခု အသုံးပြုနေတဲ့ အမှိုက်ကျင်း ကတော့ မြို့နဲ့အတော်ကလေးကို နီးကပ်နေပါတယ်။ အမှိုက်တွေ မီးရှို့တဲ့အချိန်ဆိုရင် မကောင်းတဲ့ အနံ့တွေရတတ်လို့ ကျန်းမာရေး အတွက် စိုးရိမ်ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် မြေနေရာလေးကို အစိုးရ အဖွဲ့က သတ်မှတ်ပေးမယ်ဆိုရင် တော်တော် အဆင်ပြေနိုင်ပါ တယ်’’ဟု မိုးကုတ်မြို့ခံ ဦးအောင် ကျော်မိုးက ပြောသည်။

မိုးကုတ်မြို့နယ် စည်ပင် သာယာရေးကော်မတီက အမှိုက်ကျင်းရွှေ့ပြောင်းနိုင်ရန် မြေနေရာ ကို မြို့လူထုနှင့် ပူးပေါင်းပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြတောင်းခံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘တိုင်းအစိုးရအနေနဲ့ ကန့် ကွက်တဲ့သဘောမျိုးမဟုတ်ဘူး။ လျှောက်ထားတဲ့ ဧက ၂၀၀ က သစ်တောဧရိယာထဲပါနေတယ်။ အမှိုက်ပုံလုပ်တဲ့ကိစ္စတစ်ခုတင် မဟုတ်ဘူး။ တခြားမြို့ပြဖွံ့ဖြိုးတိုး တက်ဖို့အတွက် ပါတယ်လို့ ပြော တယ်။ ဒါကြောင့် တိုင်းအဆင့်နဲ့ ဆုံးဖြတ်လို့မရတဲ့အတွက် ပြည် ထောင်စုအဆင့်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တိုင်းအစိုးရအနေနဲ့ ကတော့ ဒီနေရာကို သင့်တော် တယ်လို့ မှတ်ချက်ပေးထားတယ်’’ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သယံဇာတ ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top