Property Expo
×

တရားမ၀င္ ကိုယ္၀န္  ဖ်က္ခ်ဖို႔ ႀကိဳးစားတာေတြေၾကာင့္ အမ်ိဳးသမီးေတြ ထိခိုက္ဒဏ္ရာရွိတာေတြနဲ႔ ေသဆံုးတာေတြ အမ်ားဆံုး ျဖစ္ေပၚေနတဲ့ ႏိုင္ငံစာရင္းမွာ ျမန္မာႏိုင္ငံ ပါ၀င္ေနတယ္လုိ႔ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ အစီအရင္ခံစာအရ သိရပါတယ္။
ျမန္မာႏုိင္ငံမွာ အမ်ဳိးသမီးေတြရဲ႕ ကုိယ္၀န္ နဲ႔သက္ဆုိင္တဲ့ ေသဆံုးမႈသံုးခုမွာ တစ္ခုက တရားမ၀င္ ကုိယ္၀န္ ဖ်က္ခ်မႈေၾကာင့္ ျဖစ္ေနၿပီး ကုိယ္၀န္ ဖ်က္ခ်တာေတြနဲ႔ သက္ဆုိင္တဲ့ ေသဆံုးမႈေတြမွာ အဓိကအေၾကာင္းရင္းက ေသြးလြန္တာေတြနဲ႔ ေရာဂါပုိး၀င္တာေတြေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။
တရားမ၀င္ကုိယ္၀န္ဖ်က္ခ်တာေတြကုိ သားဖြားဆရာမေတြက ျပဳလုပ္ေပးတာက အမ်ားဆံုးျဖစ္ေနၿပီး တစ္ခါတေလမွာ ကုိယ္၀န္ေဆာင္မိခင္နဲ႔ မိသားစု၀င္ေတြက ကုိယ္တုိင္ျပဳလုပ္တာေတြရွိေနတယ္လို႔ သိရၿပီး အစုိးရစာရင္းအရ ေမြးဖြားမႈနဲ႔ သက္ဆုိင္တဲ့ ေသဆံုးမႈရဲ႕ ၁၀ ရာခုိင္ႏႈန္းက တရားမ၀င္ ကုိယ္၀န္ဖ်က္ခ်တာေတြေၾကာင့္ ျဖစ္တယ္လုိ႔ သိရပါတယ္။
က်န္းမာေရး၀န္ႀကီးဌာနရဲ႕အစီရင္ခံစာအရ ျမန္မာႏိုင္ငံကအာဆီယံႏိုင္ငံေတြထဲမွာ ေမြးဖြားမႈႏႈန္းဒုတိယ
အျမင့္မားဆံုးႏိုင္ငံျဖစ္ေနၿပီး ေမြးဖြားမႈနဲ႔ ပတ္သက္တဲ့ ေသဆံုးႏႈန္းက ဧရာ၀တီတုိင္းနဲ႔ မေကြးတုိင္းမွာ အျမင့္ဆံုးျဖစ္ၿပီး ရန္ကုန္တုိင္းနဲ႔ ေနျပည္ေတာ္တို႔က အနိမ့္ဆံုးျဖစ္ေနတယ္လို႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Ladies News

#Unicode Version
တရားမဝင် ကိုယ်ဝန်  ဖျက်ချဖို့ ကြိုးစားတာတွေကြောင့် အမျိုးသမီးတွေ ထိခိုက်ဒဏ်ရာရှိတာတွေနဲ့ သေဆုံးတာတွေ အများဆုံး ဖြစ်ပေါ်နေတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန် နဲ့သက်ဆိုင်တဲ့ သေဆုံးမှုသုံးခုမှာ တစ်ခုက တရားမဝင် ကိုယ်ဝန် ဖျက်ချမှုကြောင့် ဖြစ်နေပြီး ကိုယ်ဝန် ဖျက်ချတာတွေနဲ့ သက်ဆိုင်တဲ့ သေဆုံးမှုတွေမှာ အဓိကအကြောင်းရင်းက သွေးလွန်တာတွေနဲ့ ရောဂါပိုးဝင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင်ကိုယ်ဝန်ဖျက်ချတာတွေကို သားဖွားဆရာမတွေက ပြုလုပ်ပေးတာက အများဆုံးဖြစ်နေပြီး တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ မိသားစုဝင်တွေက ကိုယ်တိုင်ပြုလုပ်တာတွေရှိနေတယ်လို့ သိရပြီး အစိုးရစာရင်းအရ မွေးဖွားမှုနဲ့ သက်ဆိုင်တဲ့ သေဆုံးမှုရဲ့ ၁၀ ရာခိုင်နှုန်းက တရားမဝင် ကိုယ်ဝန်ဖျက်ချတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေထဲမှာ မွေးဖွားမှုနှုန်းဒုတိယအမြင့်မားဆုံးနိုင်ငံဖြစ်နေပြီး မွေးဖွားမှုနဲ့ ပတ်သက်တဲ့ သေဆုံးနှုန်းက ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့က အနိမ့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: The Ladies News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top