Property Expo
×










Credit:7Day Daily

Unicode Version

 ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အာဟာရဓာတ်များစွာပါဝင် သော ဂရင်းတီးသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုး ကျေးဇူးများစွာရရှိနိုင်သည်။

ကျန်းမာရေးနှင့်ညီသော ဂရင်းတီး (Green tea) သည် ကျန်း မာရေးကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်သည်။


ဂရင်းတီးက ကျောက်ကပ်အဆိပ်အတောက်ဖြစ်မှုနှင့် ကင် ဆာရောဂါအတွက် သောက်ရသော usplatin ဟုခေါ်သည့် ဆေး ကြောင့်ဖြစ်ပေါ်သော ထိခိုက်ပျက်စီးမှု လျှော့ချရန် အထောက်အကူ ပြုနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ဂရင်းတီးမှရရှိသည့် Polyphenolic ဟုခေါ်သော ဒြပ်ပေါင်း တစ်မျိုးက cisplatin ဆေးကြောင့်ဖြစ်သော ကျောက်ကပ်ထိခိုက် ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။ cisplatin ဆေး၏ ဘေးထွက်ဆိုးကျိုးများတွင် ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းနှင့် ကျောက်ကပ်အဆိပ်အတောက်ဖြစ်ခြင်းတို့ ပါဝင်သည်။

ယခုလေ့လာမှုရလဒ်ကို Laboratory Investigations ဂျာနယ် တွင် ဖော်ပြထားသည်။

လေ့လာမှုရလဒ်အရ cisplatin ဆေး၏ ဘေးထွက်ဆိုးကျိုးများ ကို တိုက်ဖျက်ရေး ဆေးဝါးအသစ်တစ်ခုထုတ်လုပ်ရန် နည်းလမ်း တွေ့လာနိုင်သည်ဟု သုတေသီများက ပြောသည်။

ယင်းဆေးဝါးဖြင့် ဆေးဝါးကုသမှုခံယူထားသော လူနာများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ကျောက်ကပ်အဆိပ်အတောက်ဖြစ်မှုနှင့် ကြုံတွေ့ရလေ့ရှိသည်။

Cisplatin ဆေးကြောင့် ကျောက်ကပ်ဆဲလ်များထဲတွင် မော် လီကျူးများ ထုတ်လုပ်မှုဖြစ်ပေါ်လာပြီး အဆိပ်မပြယ်နိုင်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်လာနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top