Kantharyar Centre
×


ေနျပည္ေတာ္တြင္ ျပဳလုပ္မည့္ အမ်ဳိးသားအဆင့္ ကေလး သူငယ္ဆုိင္ရာ ေတြ႕ဆုံပြဲ၌ သက္ငယ္မုဒိမ္းမႈမ်ားအေၾကာင္းကို လႊတ္ေတာ္ကုိယ္စားလွယ္မ်ားထံ တင္ျပမည္ျဖစ္ၿပီး ယင္းပြဲမွေဆြးေႏြးခ်က္မ်ားကို ကုလသမဂၢသုိ႔ အစီရင္ခံစာ တင္သြင္းမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ယင္းေတြ႕ဆုံပဲြကို သုံးရက္ ၾကာ က်င္းပမည္ျဖစ္ၿပီး ႏုိ၀င္ ၁၈၊ ၁၉ ရက္တို႔တြင္ တုိင္းႏွင့္ ျပည္ နယ္အသီးသီးရွိ အသက္ ၁၈ ႏွစ္ ႏွင့္ေအာက္ ကေလးသူငယ္ကိုယ္ စားလွယ္ ၁၃၀ ခန္႔က ၎တို႔ ေဒသတြင္ ႀကံဳေတြ႕ေနရသည့္အ ခက္အခဲမ်ားကို ေခါင္းစဥ္မ်ား အလုိက္ ေဆြးေႏြး၍ ႏုိ၀င္ဘာ ၂၀ တြင္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသို႔ တင္ျပေဆြးေႏြးမည္ျဖစ္သည္။

ျမန္မာႏုိင္ငံသည္ ႏုိင္ငံတ ကာဆုိင္ရာ ကေလးသူငယ္ စာ ခ်ဳပ္ကုိ လက္မွတ္ေရးထုိးထားၿပီး ၂၀၁၇ ၌ ကေလးသူငယ္မ်ား အေျခအေနႏွင့္ ပတ္သက္၍ ႏုိင္ငံေတာ္အဆင့္ အစီရင္ခံစာကို တင္သြင္းရမည္ျဖစ္သည္။ ထုိအစီရင္ခံစာကို အစုိးရကတင္သြင္း သကဲ့သို႔ အစုိးရမဟုတ္သည့္အရပ္ဘက္ လူမႈအဖြဲ႕အစည္းမ်ားကလည္း စင္ၿပိဳင္အစီရင္ခံစာအေနျဖင့္ တင္သြင္းေလ့ရွိေၾကာင္း Eq-uality Myanmar ဒါ႐ုိက္တာ ဦးေအာင္မ်ဳိးမင္းကေျပာသည္။

‘‘ျမန္မာျပည္က ကေလးေတြ က ျမန္မာျပည္အစုိးရကုိ ဘာေတြ ျဖစ္ေစခ်င္လဲဆုိတာ ကုလသမဂၢ ကို တင္ျပၿပီးေတာ့ ႏုိင္ငံတကာရဲ႕ ၀ုိင္း၀န္းပံ့ပုိးမႈနဲ႔အတူ သူတုိ႔ရဲ႕အ ခြင့္အေရးကိုအေကာင္အထည္ ေဖာ္ဖုိ႔အတြက္လုပ္ေဆာင္သြား ဖို႔ ရွိပါတယ္’’ဟု ဦးေအာင္မ်ဳိးမင္း က ေျပာၾကားသည္။

 ကယားျပည္နယ္ရွိ ကေလး

မ်ားအတြက္ ကုိယ္စားျပဳေဆြးေႏြး မည့္ မသိမ့္ဟန္နီထြန္းက ၎တို႔ ေဒသတြင္ စစ္ေရွာင္ေနရာမွ မူလ ေနရပ္သုိ႔ျပန္ခ်င္ေသာ္လည္း ဗုံး မ်ားရွိေန၍ ျပန္မရေၾကာင္း၊ ေႏြ ေရာက္လွ်င္ အနည္မပါသည့္ေရ လုိခ်င္ေၾကာင္း၊ မုဒိမ္းမႈျဖစ္သည့္ အခါတြင္ ရပ္ရြာနည္းလမ္းမ်ား ျဖင့္ ေျဖရွင္း၍ အဓမၼျပဳက်င့္ခံရ သည့္ မိန္းကေလးေၾကာင့္ ရြာနစ္နာသည္ဆုိကာ ဖယ္ၾကဥ္ထား ျခင္းမ်ားရွိေၾကာင္းစသည့္ ကေလးငယ္မ်ားႀကံဳ ေတြ႕ရသည့္ အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို တင္ျပေတာင္းဆုိမည္ဟုေျပာသည္။ ျမန္မာႏုိင္ငံရွိ ကေလးအခြင့္အေရးအတြက္ လုပ္ေဆာင္ေပးခဲ့သည့္အဖြဲ႕အစည္းနည္းလြန္းေနၿပီး လူမႈကြန္ရက္မ်ားတြင္ သက္ငယ္မုဒိမ္းမႈမ်ား နားမဆံ့ႏိုင္ေအာင္ၾကားရသည့္အခါမွ လုပ္ေဆာင္ေလ့ရွိေၾကာင္း လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေအာင္မ်ဳိးမင္းကေျပာသည္။

ထုိ႔ေၾကာင့္ ကေလးမ်ား၏ အခက္အခဲမ်ားကို နားေထာင္ေပး ၍ ကေလးမ်ားအတြက္ လုံၿခဳံမည့္ ဥပေဒျပ႒ာန္းရန္ အဆုိပါေဆြး ေႏြးပြဲသုိ႔ဖိတ္ၾကားျခင္းခံရသည့္   လႊတ္ေတာ္ကုိယ္စားလွယ္ဦးေရ၇၀ ေက်ာ္က အေရးတယူတက္ေရာက္ေပးေစလုိေၾကာင္း ၎က တုိက္တြန္းေျပာၾကားသည္။

ျမန္မာႏုိင္ငံသည္ အျပည္ ျပည္ဆုိင္ရာ ကေလးသူငယ္အ ခြင့္အေရးဆုိင္ရာစာခ်ဳပ္(CRC) ကို ၁၉၉၁ ခုႏွစ္တြင္ လက္မွတ္ေရးထုိးၿပီးႏုိင္ငံတြင္း ကေလးအခြင့္အေရးကို ျမႇင့္တင္မည္ဟု အစီရင္ခံစာမ်ားတြင္ ကတိျပဳထားသည္။

သုိ႔ေသာ္လက္ရွိအထိ ကေလးငယ္မ်ားအား လုပ္သား အျဖစ္ ေစခုိင္းျခင္း၊ လူကုန္ကူးခံရျခင္း၊  လိင္ပုိင္းဆုိင္ရာေစာ္ကားခံရျခင္းျပႆနာမ်ား ျဖစ္ပြားမႈမ်ားျပားေနသည္ဟု လူ႔အခြင့္အေရးေလ့လာ ေစာင့္ၾကည့္သူမ်ားကအစီရင္ခံစာထုတ္ျပန္ခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  နေပြည်တော်တွင် ပြုလုပ်မည့် အမျိုးသားအဆင့် ကလေး သူငယ်ဆိုင်ရာ တွေ့ဆုံပွဲ၌ သက်ငယ်မုဒိမ်းမှုများအကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြမည်ဖြစ်ပြီး ယင်းပွဲမှဆွေးနွေးချက်များကို ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံပွဲကို သုံးရက် ကြာ ကျင်းပမည်ဖြစ်ပြီး နိုဝင် ၁၈၊ ၁၉ ရက်တို့တွင် တိုင်းနှင့် ပြည် နယ်အသီးသီးရှိ အသက် ၁၈ နှစ် နှင့်အောက် ကလေးသူငယ်ကိုယ် စားလှယ် ၁၃၀ ခန့်က ၎င်းတို့ ဒေသတွင် ကြုံတွေ့နေရသည့်အ ခက်အခဲများကို ခေါင်းစဉ်များ အလိုက် ဆွေးနွေး၍ နိုဝင်ဘာ ၂၀ တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များသို့ တင်ပြဆွေးနွေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတ ကာဆိုင်ရာ ကလေးသူငယ် စာ ချုပ်ကို လက်မှတ်ရေးထိုးထားပြီး ၂၀၁၇ ၌ ကလေးသူငယ်များ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် အစီရင်ခံစာကို တင်သွင်းရမည်ဖြစ်သည်။ ထိုအစီရင်ခံစာကို အစိုးရကတင်သွင်း သကဲ့သို့ အစိုးရမဟုတ်သည့်အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း စင်ပြိုင်အစီရင်ခံစာအနေဖြင့် တင်သွင်းလေ့ရှိကြောင်း Eq-uality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

‘‘မြန်မာပြည်က ကလေးတွေ က မြန်မာပြည်အစိုးရကို ဘာတွေ ဖြစ်စေချင်လဲဆိုတာ ကုလသမဂ္ဂ ကို တင်ပြပြီးတော့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုနဲ့အတူ သူတို့ရဲ့အ ခွင့်အရေးကိုအကောင်အထည် ဖော်ဖို့အတွက်လုပ်ဆောင်သွား ဖို့ ရှိပါတယ်’’ဟု ဦးအောင်မျိုးမင်း က ပြောကြားသည်။

 ကယားပြည်နယ်ရှိ ကလေး

များအတွက် ကိုယ်စားပြုဆွေးနွေး မည့် မသိမ့်ဟန်နီထွန်းက ၎င်းတို့ ဒေသတွင် စစ်ရှောင်နေရာမှ မူလ နေရပ်သို့ပြန်ချင်သော်လည်း ဗုံး များရှိနေ၍ ပြန်မရကြောင်း၊ နွေ ရောက်လျှင် အနည်မပါသည့်ရေ လိုချင်ကြောင်း၊ မုဒိမ်းမှုဖြစ်သည့် အခါတွင် ရပ်ရွာနည်းလမ်းများ ဖြင့် ဖြေရှင်း၍ အဓမ္မပြုကျင့်ခံရ သည့် မိန်းကလေးကြောင့် ရွာနစ်နာသည်ဆိုကာ ဖယ်ကြဉ်ထား ခြင်းများရှိကြောင်းစသည့် ကလေးငယ်များကြုံ တွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုမည်ဟုပြောသည်။ မြန်မာနိုင်ငံရှိ ကလေးအခွင့်အရေးအတွက် လုပ်ဆောင်ပေးခဲ့သည့်အဖွဲ့အစည်းနည်းလွန်းနေပြီး လူမှုကွန်ရက်များတွင် သက်ငယ်မုဒိမ်းမှုများ နားမဆံ့နိုင်အောင်ကြားရသည့်အခါမှ လုပ်ဆောင်လေ့ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကပြောသည်။

ထို့ကြောင့် ကလေးများ၏ အခက်အခဲများကို နားထောင်ပေး ၍ ကလေးများအတွက် လုံခြုံမည့် ဥပဒေပြဋ္ဌာန်းရန် အဆိုပါဆွေး နွေးပွဲသို့ဖိတ်ကြားခြင်းခံရသည့်   လွှတ်တော်ကိုယ်စားလှယ်ဦးရေ၇၀ ကျော်က အရေးတယူတက်ရောက်ပေးစေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံသည် အပြည် ပြည်ဆိုင်ရာ ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာစာချုပ်(CRC) ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးနိုင်ငံတွင်း ကလေးအခွင့်အရေးကို မြှင့်တင်မည်ဟု အစီရင်ခံစာများတွင် ကတိပြုထားသည်။

သို့သော်လက်ရှိအထိ ကလေးငယ်များအား လုပ်သား အဖြစ် စေခိုင်းခြင်း၊ လူကုန်ကူးခံရခြင်း၊  လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းပြဿနာများ ဖြစ်ပွားမှုများပြားနေသည်ဟု လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်သူများကအစီရင်ခံစာထုတ်ပြန်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top