Kantharyar Centre
×

Penshoppe Myanmar က ျပဳလုပ္မည့္ Fashion Show တြင္ ပါဝင္ရန္ ထုိင္းမင္းသား Mario Maurer သည္ ႏိုဝင္ဘာ ၁၄ ရက္က ျမန္မာႏုိင္ငံသို႔ ေရာက္ရွိလာသည္။

‘‘ဒီေန႔ ညေန (ႏိုဝင္ဘာ ၁၄ ရက္)က်ရင္ လုပ္မယ့္ Pen-shoppe Fashion Night မွာ ကြၽန္ ေတာ့္ကို ေတြ႕ရပါမယ္။ အလုပ္နဲ႔ လာရတာျဖစ္တဲ့အတြက္ အခြင့္ အေရးရခဲ့ရင္ေတာ့ တျခားေနရာ ေတြသြားၾကည့္ခ်င္ေသးတယ္။ ေနာက္တစ္ေခါက္လာဖို႔ အခြင့္ အေရးရခဲ့ရင္ေတာ့ အခ်ိန္ရမယ္ လို႔ ေမွ်ာ္လင့္တယ္’’ဟု Mario Maurer က ေျပာၾကားသည္။

Pee Mak မင္းသားဟု ျမန္မာပရိသတ္က လူသိမ်ားသူမာရီယိုသည္ Penshoppe ဖက္ရွင္ အမွတ္တံဆိပ္၏ ကုန္အမွတ္တံ ဆိပ္သံအမတ္တစ္ဦးအျဖစ္ Penshoppe Fashion Night ပြဲ တြင္ ပါဝင္တင္ဆက္ရန္ ေရာက္ ရွိလာျခင္းျဖစ္သည္။ မာရီယိုသည္ ျမန္္မာႏုိင္ငံ၌ ႏွစ္ရက္ခန္႔သာ ေန ထိုင္ရမည္ျဖစ္၍ ရန္ကုန္ၿမိဳ႕သို႔ လည္ပတ္ရန္ အခ်ိန္မရွိဘဲ အား လပ္ရက္တြင္ အခြင့္အေရးရခဲ့ လွ်င္ အလည္အပတ္အျဖစ္ ထပ္မံလာေရာက္မည္ဟု ၎က ေျပာ သည္။

‘‘မနက္ပိုင္းက ေလဆိပ္မွာ လည္း ေႏြးေထြးစြာ ႀကိဳဆိုတာ ေတြ႕ရလို႔ အရမ္းလည္းဝမ္းသာ ၿပီး အရမ္းလည္း ေပ်ာ္ရႊင္ရပါ တယ္။ ဒီေန႔ညေနအတြက္လည္း ပရိသတ္ေတြနဲ႔ ေတြ႕ဆံုရဖို႔အ  တြက္ အရမ္းစိတ္လႈပ္ရွားေပ်ာ္ရႊင္ေနပါတယ္။ ေနာက္ထပ္လည္း လာခ်င္ပါတယ္။ ဒီကိုလာတုိင္း ဒီက ယဥ္ေက်းမႈကိုလည္း ပိုပိုၿပီး သိလာရတယ္’’ဟု Mario Maurerက ေျပာၾကားသည္။

ျမန္မာ အႏုပညာရွင္မ်ား ႏွင့္အတူ   Mario  Maurer ပါဝင္တင္ဆက္မည့္     Pen-shoppe Fashion Night ေဖ်ာ္ေျဖ ပြဲကို ႏိုဝင္ဘာ ၁၄ ရက္ ညေန ၅ နာရီတြင္ အင္းလ်ားလိတ္ဟိုတယ္၌ က်င္းပခဲ့သည္။

Mario Maurer သည္ ျမန္္မာႏုိင္ငံသို႔ ဒုတိယအႀကိမ္လာ ေရာက္ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ေအာက္တိုဘာက Pond's Men ကုန္ပစၥည္းမိတ္ဆက္ပြဲတြင္ ယင္းကုန္ပစၥည္း၏ Brand Ambas-sador တစ္ဦးအျဖစ္ ပထမဆံုး အႀကိမ္ လာေရာက္ၿပီး ပရိသတ္ မ်ားႏွင့္ ေတြ႕ဆံုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

Penshoppe Myanmar က ပြုလုပ်မည့် Fashion Show တွင် ပါဝင်ရန် ထိုင်းမင်းသား Mario Maurer သည် နိုဝင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

‘‘ဒီနေ့ ညနေ (နိုဝင်ဘာ ၁၄ ရက်)ကျရင် လုပ်မယ့် Pen-shoppe Fashion Night မှာ ကျွန် တော့်ကို တွေ့ရပါမယ်။ အလုပ်နဲ့ လာရတာဖြစ်တဲ့အတွက် အခွင့် အရေးရခဲ့ရင်တော့ တခြားနေရာ တွေသွားကြည့်ချင်သေးတယ်။ နောက်တစ်ခေါက်လာဖို့ အခွင့် အရေးရခဲ့ရင်တော့ အချိန်ရမယ် လို့ မျှော်လင့်တယ်’’ဟု Mario Maurer က ပြောကြားသည်။

Pee Mak မင်းသားဟု မြန်မာပရိသတ်က လူသိများသူမာရီယိုသည် Penshoppe ဖက်ရှင် အမှတ်တံဆိပ်၏ ကုန်အမှတ်တံ ဆိပ်သံအမတ်တစ်ဦးအဖြစ် Penshoppe Fashion Night ပွဲ တွင် ပါဝင်တင်ဆက်ရန် ရောက် ရှိလာခြင်းဖြစ်သည်။ မာရီယိုသည် မြန်မာနိုင်ငံ၌ နှစ်ရက်ခန့်သာ နေ ထိုင်ရမည်ဖြစ်၍ ရန်ကုန်မြို့သို့ လည်ပတ်ရန် အချိန်မရှိဘဲ အား လပ်ရက်တွင် အခွင့်အရေးရခဲ့ လျှင် အလည်အပတ်အဖြစ် ထပ်မံလာရောက်မည်ဟု ၎င်းက ပြော သည်။

‘‘မနက်ပိုင်းက လေဆိပ်မှာ လည်း နွေးထွေးစွာ ကြိုဆိုတာ တွေ့ရလို့ အရမ်းလည်းဝမ်းသာ ပြီး အရမ်းလည်း ပျော်ရွှင်ရပါ တယ်။ ဒီနေ့ညနေအတွက်လည်း ပရိသတ်တွေနဲ့ တွေ့ဆုံရဖို့အ  တွက် အရမ်းစိတ်လှုပ်ရှားပျော်ရွှင်နေပါတယ်။ နောက်ထပ်လည်း လာချင်ပါတယ်။ ဒီကိုလာတိုင်း ဒီက ယဉ်ကျေးမှုကိုလည်း ပိုပိုပြီး သိလာရတယ်’’ဟု Mario Maurerက ပြောကြားသည်။

မြန်မာ အနုပညာရှင်များ နှင့်အတူ   Mario  Maurer ပါဝင်တင်ဆက်မည့်     Pen-shoppe Fashion Night ဖျော်ဖြေ ပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင် အင်းလျားလိတ်ဟိုတယ်၌ ကျင်းပခဲ့သည်။

Mario Maurer သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာ ရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အောက်တိုဘာက Pond's Men ကုန်ပစ္စည်းမိတ်ဆက်ပွဲတွင် ယင်းကုန်ပစ္စည်း၏ Brand Ambas-sador တစ်ဦးအဖြစ် ပထမဆုံး အကြိမ် လာရောက်ပြီး ပရိသတ် များနှင့် တွေ့ဆုံခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top