Kantharyar Centre
×





Credit: 7 day daily

#Unicode Version

အဲဗာတန်နှင့် တစ်ဂိုးစီ သရေကျပြီးနောက် ပရီးမီးယား လိဂ်အမှတ်ပေးဇယားအောက် ဆုံးသို့ ရောက်သွားသော ဆွမ်ဆီး အသင်းကို တန်းဆင်းဇုန်မှ လွတ် မြောက်အောင် စွမ်းဆောင်နိုင် သည်ဟု ယုံကြည်ကြောင်း ဆွမ် ဆီးနည်းပြ ဘရက်ဒ်လေက ပြော ကြားသည်။

၁၂ ပွဲကစားထားပြီး အမှတ် ပေးဇယားတွင် မိမိတို့ ရောက်ရှိ နေသော နေရာကို အများမြင် တွေ့နေရသော်လည်း ကစားသ မားများ၌ ယုံကြည်မှုရှိနေဆဲဖြစ် ကြောင်း ဘရက်ဒ်လေက ပြော ကြားသည်။

ဆွမ်ဆီးလက်ရှိကြုံတွေ့နေ ရသော အခက်အခဲမျိုးကို မိမိအ နေဖြင့် အခြားသောအသင်းများ  နှင့်လည်း ကြုံတွေ့ခဲ့ဖူးကြောင်း၊ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင် အောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆွမ်ဆီးသည် ၁၂ ပွဲမှ ခြောက်မှတ်သာရရှိခဲ့ပြီး ရလဒ်ပိုင်းဆိုးရွား နေသော်လည်း ဘရက်ဒ်လေက ကစားသမားများသည် လက်ရှိ အခြေအနေကို ဒေါသထွက်နေ ကြခြင်းမှာ ကောင်းမွန်သော သဘောထားတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top