Property Expo
×
#Unicode Version
ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။
၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။
၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့်
ဓာတ်အရမ်းများတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။
၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။
၄။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက်တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့
နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ (ဥပမာ- ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးခြင်း၊ ဂျင်းစိမ်းဟင်းရည်၊ နံနံပင် ဟင်းရည်များ ချက်ပြုတ်စားသောက်ခြင်း)
၅။ ကြက်ဟင်းခါးသီး၊ ဒန့်သလွန်သီးတို့ဟာဆိုရင်လည်း ကာဘွန်ဟိုက်ဒရိတ် ဓာတ်အင်မတန် များတဲ့ အစားအစာများ ဖြစ်ပြီး အဆီပိုဖယ်ရှားဖို့အတါက် အထောက်အကူပြုတာမို့ ဝိတ်ချတဲ့ ဆေးအချို့တွေမှာ တောင် ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။
၆။ ဝိတ်မြန်မြန် ကျစေတဲ့ နောက်တစ်နည်းက ပျားရည်သောက်ခြင်းပါ။ မနက်အိပ်ယာထတိုင်း လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ပျားရည်ကို လက်ဖက်ရည်ခွက်အရွယ် ထဲ ထည့်ပြီး ရေပူ (ရေနွေး)နဲ့ ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ မနက်တိုင်း ပုံမှန် သောက်သုံး ခြင်းဖြင့်လည်း ဝိတ်ကျနိုင်ပါတယ်။
၇။ ဂေါ်ဖီထုပ် (မုန်လာထုပ်) လို့ခေါ်တဲ့ Cabbage ကလည်း ကာဘွန်ဟိုက်ဒရိတ်ဓာတ် (သဘာဝရေဓာတ်) များတဲ့ အစားအစာ ဖြစ်ပြီး နည်းမျိုးစုံ ချက်ပြုတ်စားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။
၈။ အားကစား ပြုလုပ်ခြင်းပါ။ အားကစား ပြုလုပ်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ အစားကတော့ နည်းလမ်းကျအောင် စားသုံး ပေမယ့် လေ့ကျင့်ခန်း အားကစားမလုပ်ပဲ ထိုင်နေရင် အလကား ပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း အစရှိ သဖြင့် မိမိနှစ်သာရာ အားကစား တစ်ခုကို ရွေးချယ်ပြီး တစ်စိုက် မက်မက် ကစားခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။
၉။ နောက်တစ်ခုကတော့ သံပုရာရည်ပါ။ သံပုရာရည်မှာတောင်မှ ရေနွေးတဲ့ ဖျော်တဲ့ သံပုရာရည်က အဆီကျဖို့ ပိုမို အထောက်အကူ ပြုပြီး ပျားရည်နဲ့လည်း ရောစပ် သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာထတိုင်း သောက်ခြင်းဖြင့် ဝိတ်ကျ စေနိုင် ပါတယ်။
၁၀။ အစားလျော့စားခြင်းပါ။ အစား ကို ပုံမှန်စားတဲ့ နှုန်းထက် တတ်နိုင် သလောက် လျော့ဖို့လိုပါတယ်။ လိုတာထက် ပိုလျော့တာမျိုး မဟုတ် ပါဘူး။ လိုအပ် သလောက်သာ စားသုံးခြင်းသာ ဖြစ်ပြီး သရေစာ စားသုံးမှုကို ရှောင် ရှား ရပါမယ်။ ထမင်းစားတဲ့ အချိန် တစ်ချိန်နဲ့ တစ်ချိန် နီးစပ်နေမှု ကို ရှောင် ပြီး အနည်းဆုံး လေးနာရီလောက်တော့ ခြားရ မှာ ဖြစ်ပါတယ်။ ညစာ စားသုံးမှုနေရာ မှာ အသီးအရွက်နဲ့ သစ်သီးဖျော်ရည် သောက် သုံးခြင်းဖြင့် လည်း ဝိတ်ကျစေတဲ့အပြင် အသားအရည်ပါ လှပလာစေနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:အောင်ခမ်း (The Webshop)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top