Property Expo
×



#Unicode Version
နေအိမ်မှာ ဇနီးသည်နဲ့ အမျိုးသားတစ်ဦးတို့ ဖောက်ပြန်နေတာကို ပက်ပင်းတိုးမိသွားတဲ့ ခင်ပွန်းဖြစ်သူက ဒေါသတကြီးပေါက်ကွဲကာ ဇနီးသည်ကို သတ်ပစ်ပြီးတော့ ဖောက်ပြန်တဲ့ အမျိုးသားငယ်ပါကို ကတ်ကြေးဖြင့် ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံ၊ အနောက်တောင်ပိုင်း ရှာမရွာ နေအိမ်တစ်ခုမှာ ယင်းသို့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ကာ ခင်ပွန်းဖြစ်သူ နေအိမ်ကနေ အပြင်သို့ သွားလာခိုက်မှာ ဇနီးဖြစ်သူက အပြင်က တစိမ်းအမျိုးသားတစ်ဦးနဲ့ နေအိမ်မှာ အတူနေဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။ ယင်းကိုနေအိမ် ပြန်လာတဲ့ခင်ပွန်းဖြစ်သူက ဖောက်ပြန်တာကို မျက်မြင်တွေ့ရှိခဲ့ပြီး ဇနီးသည်ကို ယင်းသို့သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါသကို ထိန်းချုပ်မရနိုင်တဲ့ အလျောက်မှာ ဇနီးသည်ဖြစ်သူကို ဓါးနဲ့ အချက်ပေါင်းများစွာထိုးသတ်ခဲ့ပြီးနောက် ဖောက်ပြန်တဲ့အမျိုး သားကိုလည်း ငယ်ပါကိုကတ်ကြေးဖြင့် ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
ဇနီးသည်သေဆုံးခဲ့တာကို သိရှိလာတဲ့ အသိစိတ်ဝင်ပြီးနောက်မှာ သူ့ကိုယ်တိုင်ပဲ ရဲဌာနသို့ သွားရောက်အကြောင်းကြားပြီး ဖြေရှင်း တိုင်တန်းကာ လူသတ်မှုဝန်ခံခဲ့တာပဲ ဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top