Property Expo
×

သင္ဟာ ရာသီမတုိင္ခင္နဲ႔ ရာသီလာေနခ်ိန္ ရုတ္တရက္ေပၚေပါက္တတ္တဲ့ ေရာဂါလကၡဏာတစ္ခုခု ခံစားရပါက လတစ္လရဲ႕ ဒီလိုအခ်ိန္ဟာ စိတ္ပ်က္စရာလို႕ ေတြးမိပါလိမ့္မယ္။ ဒါဟာ စိတ္ပ်က္စရာ မဟုတ္မွန္းသိဖုိ႕အတြက္ ေျပာျပခ်င္တဲ့အခ်က္ေလးေတြ ရွိပါတယ္။ ရာသီလာေနခ်ိန္ ေ၀ဒနာတစ္ခုခု ခံစားေနရျခင္းဟာ မိမိခႏၶာကိုယ္ ေကာင္းမြန္စြာ လည္ပတ္လ်က္ရိွေၾကာင္း သက္ေသ အေထာက္အထားတစ္ခုျဖစ္တဲ့အျပင္ အမ်ဳိးသမီးေတြဟာ ဓမၼတာကာလ မ်ဳိးပြားႏုိင္ေျခ အျမင့္ဆုံးအခ်ိန္မွာ ဥာဏ္ရည္ပိုေကာင္းလာတာလုိ႔ သိပ္မၾကာေသးမီက ေလ့လာမႈက ေဖာ္ျပထားပါတယ္။

ဂ်ာမနီႏုိင္ငံ Leipzig ျမိဳ႕က Max Planck Institute for Human Cognitive and Brain Sciences  သုေတသီေတြက လူူ႔ဦးေႏွာက္မွတ္ဥာဏ္၊ စိတ္ေနစိတ္ထားနဲ႔ စိတ္ခံစားခ်က္ေတြ ျဖစ္ေပၚေစတဲ့ အဓိက ဦးေႏွာက္အစိတ္အပိုင္းတစ္ခုဟာ လိင္ေဟာ္မုန္းနဲ႔အတူ ျပိဳင္တူ တုိးပြားခဲ့ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ အမ်ဳိးသမီးေတြဆီက ေဟာ္မုန္းနဲ႔ စိတ္ေနစိတ္ထား အၾကီးအက်ယ္ေျပာင္းလဲမႈႏွစ္ခုၾကား ဆက္ႏြယ္မႈေလ့လာၾကည့္တဲ့အခါ အမ်ဳိးသမီးဓမၼတာနဲ႔ ပတ္သက္တဲ့ေဟာ္မုန္း oestrogen ပမာဏျမင့္မားျခင္းက hippocampus ကုိ ၾကီးေစေၾကာင္း ရွာေဖြေတြ႔ရိွခဲ့ပါတယ္။

ျပီးေတာ့ အဲဒီအမ်ဳိးသမီးဟာ ရာသီေသြးဆင္းတာနဲ႔ oestrogen ပမာဏက က်ဆင္းတဲ့အခါ ဦးေႏွာက္တည္ေနရာ က်ဳံ႕သြားပါတယ္။ ဒီ ပမာဏတိုးတာနဲ႔ က်ဳံ႕တာ၊ အေရအတြက္ေလွ်ာ့က်တာေတြက အျမဲပုံမွန္ျဖစ္ပြားေနတဲ့အရာလို႔ သုေတသီေတြက ဆိုပါတယ္။ ယင္းေလ့လာမႈအေနနဲ႔ pre-menstrual dysphoria disorder (PMDD) လို႕ေခၚတဲ့ ေရာဂါအေျခအေနအေၾကာင္း ပိုမိုသိနားလည္ဖုိ႔ ရည္ရြယ္ထားျခင္းျဖစ္ျပီး ဒီေရာဂါအေျခအေနဟာ အမ်ဳိးသမီး ၁၂ေယာက္မွာ ၁ေယာက္ ရင္ဆုိင္ေနၾကရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

သင်ဟာ ရာသီမတိုင်ခင်နဲ့ ရာသီလာနေချိန် ရုတ်တရက်ပေါ်ပေါက်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုခု ခံစားရပါက လတစ်လရဲ့ ဒီလိုအချိန်ဟာ စိတ်ပျက်စရာလို့ တွေးမိပါလိမ့်မယ်။ ဒါဟာ စိတ်ပျက်စရာ မဟုတ်မှန်းသိဖို့အတွက် ပြောပြချင်တဲ့အချက်လေးတွေ ရှိပါတယ်။ ရာသီလာနေချိန် ဝေဒနာတစ်ခုခု ခံစားနေရခြင်းဟာ မိမိခန္ဓာကိုယ် ကောင်းမွန်စွာ လည်ပတ်လျက်ရှိကြောင်း သက်သေ အထောက်အထားတစ်ခုဖြစ်တဲ့အပြင် အမျိုးသမီးတွေဟာ ဓမ္မတာကာလ မျိုးပွားနိုင်ခြေ အမြင့်ဆုံးအချိန်မှာ ဉာဏ်ရည်ပိုကောင်းလာတာလို့ သိပ်မကြာသေးမီက လေ့လာမှုက ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံ Leipzig မြို့က Max Planck Institute for Human Cognitive and Brain Sciences  သုတေသီတွေက လူူ့ဦးနှောက်မှတ်ဉာဏ်၊ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေတဲ့ အဓိက ဦးနှောက်အစိတ်အပိုင်းတစ်ခုဟာ လိင်ဟော်မုန်းနဲ့အတူ ပြိုင်တူ တိုးပွားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေဆီက ဟော်မုန်းနဲ့ စိတ်နေစိတ်ထား အကြီးအကျယ်ပြောင်းလဲမှုနှစ်ခုကြား ဆက်နွယ်မှုလေ့လာကြည့်တဲ့အခါ အမျိုးသမီးဓမ္မတာနဲ့ ပတ်သက်တဲ့ဟော်မုန်း oestrogen ပမာဏမြင့်မားခြင်းက hippocampus ကို ကြီးစေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြီးတော့ အဲဒီအမျိုးသမီးဟာ ရာသီသွေးဆင်းတာနဲ့ oestrogen ပမာဏက ကျဆင်းတဲ့အခါ ဦးနှောက်တည်နေရာ ကျုံ့သွားပါတယ်။ ဒီ ပမာဏတိုးတာနဲ့ ကျုံ့တာ၊ အရေအတွက်လျှော့ကျတာတွေက အမြဲပုံမှန်ဖြစ်ပွားနေတဲ့အရာလို့ သုတေသီတွေက ဆိုပါတယ်။ ယင်းလေ့လာမှုအနေနဲ့ pre-menstrual dysphoria disorder (PMDD) လို့ခေါ်တဲ့ ရောဂါအခြေအနေအကြောင်း ပိုမိုသိနားလည်ဖို့ ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒီရောဂါအခြေအနေဟာ အမျိုးသမီး ၁၂ယောက်မှာ ၁ယောက် ရင်ဆိုင်နေကြရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top