Property Expo
×

ယခုႏွစ္ ဧပရယ္ ၁၆ ရက္ေန႕က အသက္ ၂၁ ႏွစ္အရြယ္ Jennifer Gray က သူ႕အေမကို ‘အရက္ေသာက္တာမ်ားလို႕ထင္တယ္ အေမ။ ေနလို႕ေတာ္ေတာ္မေကာင္းဘူး ေခါင္းကလည္း ခဏ ခဏ ကိုက္ေနတယ္’ လို႕ ေျပာၿပီး ႏွစ္ရက္အၾကာမွာ ေသဆံုးသြားခဲ့ပါတယ္။

အရက္ေသာက္တာမ်ားလို႔ ေခါင္းကိုက္တယ္ထင္ခဲ့ေပမယ့္ တကယ္ေတာ့ ဦးေဏွာက္အေျမွးေရာင္ ေစတဲ့ ဘက္တီးရီးယား ေၾကာင့္ျဖစ္ခဲ့တာပါ။ Jennifer ရဲ႕ မိသားစုကေတာ့ ဒီအေၾကာင္းကို ေနာက္က်မွ သိခဲ့ရပါတယ္။ အေမ ျဖစ္သူ Edwina က ဒီလိုအေျခအေနမွာ ဒီေရာဂါလကၡဏာကို ဘယ္လို သတိထား ဂရုျပဳရမယ္ဆိုတာကို သိဖို႔လိုအပ္တယ္လို႕ ဆိုပါတယ္။

ဦးေဏွာက္နဲ႕ ေက်ာရိုးနဗ္ေၾကာ တစ္၀ိုက္က အသားမွ်င္ေတြ ေရာင္ရမ္းနာက်င္တဲ့ ဦးေဏွာက္အေျမွးေရာင္တာက အမ်ိဳးအစား သံုးမ်ိဳး ရွိပါတယ္။ အဲဒီထဲကမွ ဘက္တီးရီးယား ေၾကာင့္ ျဖစ္တဲ့ ဦးေဏွာက္အေျမွးေရာင္တာက အႏၱရာယ္အမ်ားဆံုးပါပဲ။ ကုသႏုိင္ေပမယ့္ ေရာဂါပ်ံ႕ႏွံ႕တာ ျမန္ဆန္ပါတယ္။

ဘယ္အမ်ိဳးအစားပဲ ျဖစ္ျဖစ္ အဖ်ား၀င္တာ ၊ ပ်ိဳ႕တာ အန္တာ၊ အလင္းေရာင္ဒဏ္ မခံႏိုင္တာ၊ စိတ္ရႈပ္တာ နဲ႕ ဇာတ္ေၾကာတက္သလို လည္ပင္းနာတာေတြ ခံစားရမွာပါ။

Jennifer လည္း ဒီလို လကၡဏာေတြ ခံစားခဲ့ရေပမယ့္ သူေကာ သူ႕မိသားစုကပါ အရက္ေသာက္တာ မ်ားလို႕ျဖစ္တယ္ထင္ခဲ့ၾကတာပါ။ ဧပရယ္ ၁၅ ရက္ေန႔မွာစၿပီး ေနမေကာင္သလို စခံစားခဲ့ရာက ၁၆ ရက္ေန႕မွာ မိခင္ျဖစ္သူက စစ္ေဆးၾကည့္ေတာ့ ေခါင္းကိုက္တာေတြ လည္ေခ်ာင္းနာတာနဲ႕ ပ်ိဳ႕အန္တဲ့ လကၡဏာေတြ ေပၚေနပါၿပီ။ အကိုက္အခဲေပ်ာက္ေဆးတိုက္ၿပီး အနားယူခိုင္းလိုက္တာက ပိုဆိုးသြားေစသလို ျဖစ္သြားပါတယ္။

ဧပရယ္ ၁၇ ရက္မွာေတာ့ Jennifer ရဲ႕ ေရာဂါလကၡဏာေတြက  ျပင္းထန္လာၿပီး ေဆးရံုပို႕လုိက္ရပါတယ္။

ဆရာ၀န္ေတြက ဘာျဖစ္တယ္ဆိုတာကို ေသခ်ာမသိခင္မွာ ပထမေတာ့ အဖ်ား၀င္တာ ဒါမွမဟုတ္ ဦးေဏွာက္အေျမွးေရာင္ ဗိုင္းရပ္ေၾကာင့္ ဒါမွမဟုတ္  ျပင္းထန္မႈ နည္းတဲ့ ဘက္တီးရီယားေၾကာင့္ ျဖစ္တဲ့ ဦးေဏွာက္အေျမွးေရာင္ တစ္မ်ိဳးျဖစ္မယ္လို႕ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ Jennifer ပံုစံက ထိန္႔လန္႕ေနၿပီး မ်က္ႏွာမွာလည္း နာက်င္ေနတဲ့ အရိပ္အေရာင္ေတြျပည့္ေနၿပီး ပ်ိဳ႕အန္တာေတြပိုဆိုးလာပါတယ္။

ဧပရယ္ ၁၈ ရက္ မွာေတာ့ Jennifer ဆံုးပါးသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ယခုနှစ် ဧပရယ် ၁၆ ရက်နေ့က အသက် ၂၁ နှစ်အရွယ် Jennifer Gray က သူ့အမေကို ‘အရက်သောက်တာများလို့ထင်တယ် အမေ။ နေလို့တော်တော်မကောင်းဘူး ခေါင်းကလည်း ခဏ ခဏ ကိုက်နေတယ်’ လို့ ပြောပြီး နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အရက်သောက်တာများလို့ ခေါင်းကိုက်တယ်ထင်ခဲ့ပေမယ့် တကယ်တော့ ဦးဏှောက်အမြှေးရောင် စေတဲ့ ဘက်တီးရီးယား ကြောင့်ဖြစ်ခဲ့တာပါ။ Jennifer ရဲ့ မိသားစုကတော့ ဒီအကြောင်းကို နောက်ကျမှ သိခဲ့ရပါတယ်။ အမေ ဖြစ်သူ Edwina က ဒီလိုအခြေအနေမှာ ဒီရောဂါလက္ခဏာကို ဘယ်လို သတိထား ဂရုပြုရမယ်ဆိုတာကို သိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဦးဏှောက်နဲ့ ကျောရိုးနဗ်ကြော တစ်ဝိုက်က အသားမျှင်တွေ ရောင်ရမ်းနာကျင်တဲ့ ဦးဏှောက်အမြှေးရောင်တာက အမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲဒီထဲကမှ ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်တာက အန္တရာယ်အများဆုံးပါပဲ။ ကုသနိုင်ပေမယ့် ရောဂါပျံ့နှံ့တာ မြန်ဆန်ပါတယ်။

ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် အဖျားဝင်တာ ၊ ပျို့တာ အန်တာ၊ အလင်းရောင်ဒဏ် မခံနိုင်တာ၊ စိတ်ရှုပ်တာ နဲ့ ဇာတ်ကြောတက်သလို လည်ပင်းနာတာတွေ ခံစားရမှာပါ။

Jennifer လည်း ဒီလို လက္ခဏာတွေ ခံစားခဲ့ရပေမယ့် သူကော သူ့မိသားစုကပါ အရက်သောက်တာ များလို့ဖြစ်တယ်ထင်ခဲ့ကြတာပါ။ ဧပရယ် ၁၅ ရက်နေ့မှာစပြီး နေမကောင်သလို စခံစားခဲ့ရာက ၁၆ ရက်နေ့မှာ မိခင်ဖြစ်သူက စစ်ဆေးကြည့်တော့ ခေါင်းကိုက်တာတွေ လည်ချောင်းနာတာနဲ့ ပျို့အန်တဲ့ လက္ခဏာတွေ ပေါ်နေပါပြီ။ အကိုက်အခဲပျောက်ဆေးတိုက်ပြီး အနားယူခိုင်းလိုက်တာက ပိုဆိုးသွားစေသလို ဖြစ်သွားပါတယ်။

ဧပရယ် ၁၇ ရက်မှာတော့ Jennifer ရဲ့ ရောဂါလက္ခဏာတွေက  ပြင်းထန်လာပြီး ဆေးရုံပို့လိုက်ရပါတယ်။

ဆရာဝန်တွေက ဘာဖြစ်တယ်ဆိုတာကို သေချာမသိခင်မှာ ပထမတော့ အဖျားဝင်တာ ဒါမှမဟုတ် ဦးဏှောက်အမြှေးရောင် ဗိုင်းရပ်ကြောင့် ဒါမှမဟုတ်  ပြင်းထန်မှု နည်းတဲ့ ဘက်တီးရီယားကြောင့် ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင် တစ်မျိုးဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် Jennifer ပုံစံက ထိန့်လန့်နေပြီး မျက်နှာမှာလည်း နာကျင်နေတဲ့ အရိပ်အရောင်တွေပြည့်နေပြီး ပျို့အန်တာတွေပိုဆိုးလာပါတယ်။

ဧပရယ် ၁၈ ရက် မှာတော့ Jennifer ဆုံးပါးသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top