Property Expo
×

 ေတာင္ကိုရီးယား နာမည္ေက်ာ္ သ႐ုပ္ေဆာင္ကင္မ္ ဂ်ီဆိုးက အသက္အရြယ္ႏွင့္ ခ်ိန္း ေတြ႕ျခင္းအေၾကာင္း ေျပာျပခဲ့ သည္။

မၾကာေသးမီက ႐ိုက္ကူးၿပီး စီးခဲ့ေသာ 'Fantastic' ဒရာမာ ဇာတ္ကားတြင္ ကင္မ္ဂ်ီဆိုးသည္ အသက္ႀကီးေသာ မင္းသမီး ပတ္ စီေယာင္ႏွင့္ ခ်စ္သူအျဖစ္ သ႐ုပ္ ေဆာင္ခဲ့သည္။ အင္တာဗ်ဴးတစ္ ခုတြင္ ဂ်ီဆိုးအား လက္ေတြ႕ဘဝ ၌ အသက္ႀကီးေသာ အမ်ဳိးသမီး တစ္ဦးႏွင့္ ခ်ိန္းေတြ႕ဖူးသလား ဟု ေမးျမန္းခဲ့ရာတြင္ ‘‘အရင္က အသက္ႀကီးတဲ့ အမ်ဳိးသမီးတစ္ ေယာက္နဲ႔ တကယ္ကို ခ်ိန္း မေတြ႕ဖူးပါဘူး။ ဒါေပမဲ့ မင္းသမီး ပတ္စီေယာင္နဲ႔က မိတ္ေဆြေတြ လိုပါပဲ’’ဟု ၎က ေျပာသည္။

ခ်ိန္းေတြ႕ရာတြင္ အသက္ အရြယ္မတူညီမႈႏွင့္ပတ္သက္၍ ကင္မ္ဂ်ီဆိုးက ‘‘ရြယ္တူကေတာ့ အေကာင္းဆံုးလို႔ ကြၽန္ေတာ္ထင္ ပါတယ္။ ဒါမွမဟုတ္ တစ္ႏွစ္ႀကီး တစ္ႏွစ္ငယ္လည္း ေကာင္းပါ တယ္’’ဟု ေျပာသည္။

သို႔ေသာ္ မည္သည့္အသက္ အရြယ္ရွိေသာ အမ်ဳိးသမီးႏွင့္ ခ်ိန္းေတြ႕ခ်င္သလဲဟု ေမးေသာ အခါ ကင္မ္ဂ်ီဆိုးက ‘‘အသက္ အရြယ္ေပၚမွာ ဆံုးျဖတ္ႏိုင္တယ္ လို႔ ကြၽန္ေတာ္မထင္ဘူး။ သူငယ္ ခ်င္းေတြကို ႀကိဳက္တာလည္း အဆင္ေျပႏိုင္ပါတယ္။ ငါးႏွစ္ ကြာဟေနရင္ေတာင္မွ အဆင္ေျပ ႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္ပါ တယ္’’ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်ကင်မ် ဂျီဆိုးက အသက်အရွယ်နှင့် ချိန်း တွေ့ခြင်းအကြောင်း ပြောပြခဲ့ သည်။

မကြာသေးမီက ရိုက်ကူးပြီး စီးခဲ့သော 'Fantastic' ဒရာမာ ဇာတ်ကားတွင် ကင်မ်ဂျီဆိုးသည် အသက်ကြီးသော မင်းသမီး ပတ် စီယောင်နှင့် ချစ်သူအဖြစ် သရုပ် ဆောင်ခဲ့သည်။ အင်တာဗျူးတစ် ခုတွင် ဂျီဆိုးအား လက်တွေ့ဘဝ ၌ အသက်ကြီးသော အမျိုးသမီး တစ်ဦးနှင့် ချိန်းတွေ့ဖူးသလား ဟု မေးမြန်းခဲ့ရာတွင် ‘‘အရင်က အသက်ကြီးတဲ့ အမျိုးသမီးတစ် ယောက်နဲ့ တကယ်ကို ချိန်း မတွေ့ဖူးပါဘူး။ ဒါပေမဲ့ မင်းသမီး ပတ်စီယောင်နဲ့က မိတ်ဆွေတွေ လိုပါပဲ’’ဟု ၎င်းက ပြောသည်။

ချိန်းတွေ့ရာတွင် အသက် အရွယ်မတူညီမှုနှင့်ပတ်သက်၍ ကင်မ်ဂျီဆိုးက ‘‘ရွယ်တူကတော့ အကောင်းဆုံးလို့ ကျွန်တော်ထင် ပါတယ်။ ဒါမှမဟုတ် တစ်နှစ်ကြီး တစ်နှစ်ငယ်လည်း ကောင်းပါ တယ်’’ဟု ပြောသည်။

သို့သော် မည်သည့်အသက် အရွယ်ရှိသော အမျိုးသမီးနှင့် ချိန်းတွေ့ချင်သလဲဟု မေးသော အခါ ကင်မ်ဂျီဆိုးက ‘‘အသက် အရွယ်ပေါ်မှာ ဆုံးဖြတ်နိုင်တယ် လို့ ကျွန်တော်မထင်ဘူး။ သူငယ် ချင်းတွေကို ကြိုက်တာလည်း အဆင်ပြေနိုင်ပါတယ်။ ငါးနှစ် ကွာဟနေရင်တောင်မှ အဆင်ပြေ နိုင်တယ်လို့ ကျွန်တော်ထင်ပါ တယ်’’ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top