Kantharyar Centre
×

ေမာင္ေတာၿမိဳ႕မွ အလယ္သံေက်ာ္ေက်း႐ြာဘက္သို႔အထြက္ သုံးမိုင္ခန္႔အကြာရွိ ႏို႐ူလာရဲကင္းစခန္းမွ ကင္းေစာင့္ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦးအား ယမန္ေန႔ညေနက ပစ္ခတ္ထြက္ေျပးသြားခဲ့သည့္ အၾကမ္းဖက္သမားမ်ား ဆုတ္ခြာရာေနရာမ်ားကို ယေန႔ နံနက္ပိုင္းတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားက ထပ္မံရွင္းလင္းစဥ္ အၾကမ္းဖက္သမားမ်ား ကိုင္ေဆာင္သည့္ ပစၥတိုေသနတ္တစ္လက္ႏွင့္ ယင္းက်ည္အခ်ိဳ႕ ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ယမန္ေန႔ ညေန ၅ နာရီ မိနစ္ ၅၀ ခန္႔က နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၁ ဦး တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ႏို႐ူလာရဲကင္းစခန္းေရွ႕သို႔ အလယ္သံေက်ာ္႐ြာမွ ေမာင္ေတာၿမိဳ႕ ဘက္သို႔ ဦးတည္ေမာင္းႏွင္လာေသာ ဆိုင္ကယ္ သုံးစီးျဖင့္ အရပ္ဝတ္ႏွင့္ အၾကမ္းဖက္သမား ေျခာက္ဦးခန္႔ ေရာက္ရွိလာၿပီး ကင္းေစာင့္ရဲတပ္ဖြဲ႕ ႏွစ္ဦးအား လက္နက္ငယ္ျဖင့္ ႐ုတ္တရက္ ပစ္ခတ္ထြက္ေျပးစဥ္ ကင္းစခန္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ ပစ္ခတ္မႈေၾကာင့္ အၾကမ္းဖက္သမားအခ်ိဳ႕ ဒဏ္ရာရရွိသြားၿပီး ဆိုင္ကယ္မ်ားက်န္ရွိကာ ေျခက်င္ဆုတ္ခြာထြက္ေျပးသြား ခဲ့သည္။

“ကင္းစခန္းေရွ႕ကို အရပ္ဝတ္အၾကမ္းဖက္သမား ေျခာက္ဦးက ဆိုင္ကယ္သုံးစီးနဲ႔ ေရာက္လာၿပီး လက္နက္အတိ ေတြနဲ႔ အနီးကပ္ စတင္ပစ္ခတ္ပါတယ္။ ကၽြန္ေတာ့္လူေတြ ထိၿပီဆိုတာနဲ႔တစ္ၿပိဳင္နက္ ကၽြန္ေတာ္လည္း ကင္းစခန္းေပၚက ခ်က္ခ်င္းတုံ႔ျပန္ပစ္ခတ္ပါတယ္။ သူတို႔ကလည္း ကင္းစခန္း အေပါက္၀က တစ္ဦး၊ သစ္ပင္ေဘးက တစ္ဦးနဲ႔ အျခား ေလးဦး ကလည္း ကၽြန္ေတာ္တို႔ ကင္းစခန္းထဲကို ပစ္ခတ္ပါတယ္။ ကၽြန္ေတာ္ တို႔အားလုံး အျမန္ဆုံး တုံ႔ျပန္ပစ္ခတ္လို႔ သူတို႔ေတြ ဆုတ္ခြာသြားပါတယ္။ အျပန္အလွန္ပစ္ခတ္မႈ ငါးမိနစ္ ခန္႔ၾကာပါတယ္။ ဆုတ္ခြာသြားတဲ့ေနာက္ကို ရဲတပ္ၾကပ္ႀကီးထြန္းဦးက ကိုက္အနည္းငယ္အကြာထိ လိုက္လံ ပစ္ခတ္ရွင္းလင္းခဲ့ၿပီး ေနာက္ တပ္မေတာ္က ၁၀ မိနစ္ခန္႔မွာ ေရာက္ရွိလာၿပီး ဆုတ္ခြာ သြားသူေတြရဲ႕ေနာက္ကို လိုက္လံရွင္းလင္းခဲ့ပါတယ္။ သူတို႔ထဲက တစ္ဦး ဒဏ္ရာရရွိခဲ့တဲ့ ေသြးကြက္ေတြလည္း ေတြ႕ရွိခဲ့ရတယ္” ဟု ႏို႐ူလာကင္းစခန္းမႉး ရဲအုပ္ေက်ာ္ျမင့္ေအာင္က ေျပာသည္။


အဆိုပါျဖစ္စဥ္တြင္ ကင္းေစာင့္တာဝန္က်ရဲတပ္ဖြဲ႕ဝင္ ရဲဒုတပ္ၾကပ္တစ္ဦး က်ဆုံးခဲ့ၿပီး တပ္ၾကပ္တစ္ဦးမွာ ရွပ္ထိ ဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့ကာ ရန္သူမ်ားဘက္မွ ဒဏ္ရာရရွိသြားသည့္ ေသြးကြက္မ်ားစြာကိုလည္း ေတြ႕ရွိခဲ့သည္။ ရန္သူ႕ထံမွ ဆိုင္ကယ္ သုံးစီး၊ ပစၥတိုေသနတ္ထည့္ အိတ္ခြံ ေလးခု၊ ေသာ့ခ်ိတ္ ဓာတ္မီးငယ္ သုံးခု၊ သံျဖတ္ကိရိယာ (Cutter) ႏွစ္ခု၊ နာရီ ဓာတ္ခဲ သုံးလုံး၊ လက္လုပ္ မီးေလာင္ဗုံး ဓာတ္ဆီပုလင္း တစ္လုံး ႏွင့္ ပစၥတိုက်ည္ခြံ ၁၃ ခုတို႔ကို သိမ္းဆည္းရမိခဲ့သည္။

ယေန႔နံနက္ ၇ နာရီခန္႔တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားက ျဖစ္စဥ္ ျဖစ္ပြားခဲ့သည့္ ရဲကင္းစခန္းေရွ႕ကို ထပ္မံရွင္းလင္းစဥ္ ျမက္ေတာအတြင္းမွ USA စာတန္းပါ ပစၥတိုေသနတ္ တစ္လက္၊ ယင္းက်ည္ကပ္ ႏွစ္ခု၊ က်ည္ဆန္ ငါးေတာင့္ႏွင့္ က်ည္ခြံ သုံးခုတို႔ကို ထပ္မံေတြ႕ရွိသိမ္းဆည္းရမိခဲ့ျခင္း ျဖစ္သည္။ အဆိုပါ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးရမိေခ်မႈန္း ႏိုင္ေရး တပ္မေတာ္ႏွင့္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မ်ား ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
မောင်တောမြို့မှ အလယ်သံကျော်ကျေးရွာဘက်သို့အထွက် သုံးမိုင်ခန့်အကွာရှိ နိုရူလာရဲကင်းစခန်းမှ ကင်းစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ယမန်နေ့ညနေက ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများ ဆုတ်ခွာရာနေရာများကို ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ထပ်မံရှင်းလင်းစဉ် အကြမ်းဖက်သမားများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ယင်းကျည်အချို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုရူလာရဲကင်းစခန်းရှေ့သို့ အလယ်သံကျော်ရွာမှ မောင်တောမြို့ ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ် သုံးစီးဖြင့် အရပ်ဝတ်နှင့် အကြမ်းဖက်သမား ခြောက်ဦးခန့် ရောက်ရှိလာပြီး ကင်းစောင့်ရဲတပ်ဖွဲ့ နှစ်ဦးအား လက်နက်ငယ်ဖြင့် ရုတ်တရက် ပစ်ခတ်ထွက်ပြေးစဉ် ကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားအချို့ ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်များကျန်ရှိကာ ခြေကျင်ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

“ကင်းစခန်းရှေ့ကို အရပ်ဝတ်အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး လက်နက်အတိ တွေနဲ့ အနီးကပ် စတင်ပစ်ခတ်ပါတယ်။ ကျွန်တော့်လူတွေ ထိပြီဆိုတာနဲ့တစ်ပြိုင်နက် ကျွန်တော်လည်း ကင်းစခန်းပေါ်က ချက်ချင်းတုံ့ပြန်ပစ်ခတ်ပါတယ်။ သူတို့ကလည်း ကင်းစခန်း အပေါက်ဝက တစ်ဦး၊ သစ်ပင်ဘေးက တစ်ဦးနဲ့ အခြား လေးဦး ကလည်း ကျွန်တော်တို့ ကင်းစခန်းထဲကို ပစ်ခတ်ပါတယ်။ ကျွန်တော် တို့အားလုံး အမြန်ဆုံး တုံ့ပြန်ပစ်ခတ်လို့ သူတို့တွေ ဆုတ်ခွာသွားပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ် ခန့်ကြာပါတယ်။ ဆုတ်ခွာသွားတဲ့နောက်ကို ရဲတပ်ကြပ်ကြီးထွန်းဦးက ကိုက်အနည်းငယ်အကွာထိ လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက် တပ်မတော်က ၁၀ မိနစ်ခန့်မှာ ရောက်ရှိလာပြီး ဆုတ်ခွာ သွားသူတွေရဲ့နောက်ကို လိုက်လံရှင်းလင်းခဲ့ပါတယ်။ သူတို့ထဲက တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သွေးကွက်တွေလည်း တွေ့ရှိခဲ့ရတယ်” ဟု နိုရူလာကင်းစခန်းမှူး ရဲအုပ်ကျော်မြင့်အောင်က ပြောသည်။


အဆိုပါဖြစ်စဉ်တွင် ကင်းစောင့်တာဝန်ကျရဲတပ်ဖွဲ့ဝင် ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးခဲ့ပြီး တပ်ကြပ်တစ်ဦးမှာ ရှပ်ထိ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ရန်သူများဘက်မှ ဒဏ်ရာရရှိသွားသည့် သွေးကွက်များစွာကိုလည်း တွေ့ရှိခဲ့သည်။ ရန်သူ့ထံမှ ဆိုင်ကယ် သုံးစီး၊ ပစ္စတိုသေနတ်ထည့် အိတ်ခွံ လေးခု၊ သော့ချိတ် ဓာတ်မီးငယ် သုံးခု၊ သံဖြတ်ကိရိယာ (Cutter) နှစ်ခု၊ နာရီ ဓာတ်ခဲ သုံးလုံး၊ လက်လုပ် မီးလောင်ဗုံး ဓာတ်ဆီပုလင်း တစ်လုံး နှင့် ပစ္စတိုကျည်ခွံ ၁၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းရှေ့ကို ထပ်မံရှင်းလင်းစဉ် မြက်တောအတွင်းမှ USA စာတန်းပါ ပစ္စတိုသေနတ် တစ်လက်၊ ယင်းကျည်ကပ် နှစ်ခု၊ ကျည်ဆန် ငါးတောင့်နှင့် ကျည်ခွံ သုံးခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိချေမှုန်း နိုင်ရေး တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top