Property Expo
×

 အိပ္စက္ရမည့္ အခ်ိန္တြင္ ကေလးမ်ား စမတ္ဖုန္း (သို႔မဟုတ္) သင္ပုန္းကြန္ပ်ဴတာျဖင့္ ဂိမ္းကစားျခင္း (သို႔မဟုတ္) ဗီဒီယုိမ်ား ၾကည့္ေလ့ရွိပါက သတိထားရန္ လိုအပ္ၿပီး က်န္းမာေရးျပႆနာ အမ်ိဳးမ်ိဳး ျဖစ္ေပၚလာႏိုင္သည့္ အိပ္ေရးမ၀ႏိုင္ေသာ အႏၲရာယ္ရွိ ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။


အိပ္စက္မႈကို မၾကာခဏဆိုသလို ေလွ်ာ့တြက္ေလ့ရွိၾကေသာ္ လည္း ကေလးတစ္ေယာက္ ဖံြ႕ၿဖိဳးမႈအတြက္ အိပ္စက္မႈသည္ အ ေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုျဖစ္သည္။

ပံုမွန္အိပ္ေရးပ်က္ေနပါက ကိုယ္ႏွင့္ စိတ္က်န္းမာေရး ေနာက္ ဆက္တဲြျပႆနာမ်ား ျဖစ္ေပၚလာႏိုင္သည္။

အစားအေသာက္ေကာင္းစြာ မစားေသာက္ျခင္း၊ ကိုယ္လက္ လႈပ္ရွားမႈနည္းျခင္း၊ အ၀လြန္ျခင္း၊ ကိုယ္ခံအားေလ်ာ့နည္းသြားျခင္းႏွင့္ စိတ္က်န္းမာေရးျပႆနာမ်ား ႀကံဳလာျခင္းတုိ႔ ျဖစ္ႏိုင္ ေၾကာင္း ၿဗိတိန္ႏိုင္ငံ ကာဒစ္ဖ္တကၠသိုလ္မွ သုေတသီမ်ားကေျပာ သည္။

လက္ရွိ ေခတ္ကာလတြင္ ကေလးငယ္ ၇၂ ရာခိုင္ႏႈန္းႏွင့္ ႀကီး ေကာင္၀င္စအရြယ္ ၈၉ ရာခိုင္ႏႈန္းသည္ အိပ္စက္ရာေနရာအနီးတစ္ ၀ိုက္တြင္ စမတ္ဖုန္းတစ္ခု ထားေလ့ရွိၿပီး အိပ္စက္ခါနီး၌ အသံုးျပဳမႈ မ်ားေနေၾကာင္း သိရသည္။

စမတ္ဖုန္းႏွင့္ သင္ပုန္းကြန္ပ်ဴတာမ်ားကဲ့သို႔ ပစၥည္းမ်ားကို လူ ႀကိဳက္မ်ားလာျခင္းႏွင့္အတူ ကေလးမ်ားၾကား အိပ္စက္မႈပံုမမွန္ျခင္း ျပႆနာ ပိုဆုိးလာသည္ဟု သုေတသီမ်ားကေျပာသည္။

ယင္းကဲ့သို႔ ပစၥည္းမ်ား အသံုးျပဳမႈေၾကာင့္ အိပ္စက္ခ်ိန္ ဆံုး႐ံႈး သြားျခင္း၊ ေနာက္က်ျခင္း (သို႔မဟုတ္) အေႏွာင့္အယွက္ျဖစ္ျခင္း၊ စိတ္ေၾကာင့္ ဦးေႏွာက္ႏိုးၾကားေနျခင္းႏွင့္ ဇီ၀ျဖစ္စဥ္ အခ်ိန္အတိုင္း အတာတို႔ကို ထိခိုက္ေစႏိုင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

အိပ္စက္ခါနီး အခ်ိန္မ်ားတြင္ အိပ္စက္မႈဆုိင္ရာ အေလ့အ က်င့္ေကာင္းမ်ား ပိုမ်ားလာေရး မိဘ၊ ဆရာႏွင့္ က်န္းမာေရးေစာင့္ ေရွာက္သူမ်ား ပူးေပါင္း၍ ေျဖရွင္းရန္လိုေၾကာင္း မိမိတို႔ေလ့လာမႈ က ေဖာ္ျပေနသည္ဟု သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈကို TAMA Pediatrics ဂ်ာနယ္တြင္ ေဖာ္ျပထား ၿပီး ကေလးငယ္ ၁၂၅,၁၉၈ ဦးကို ေလ့လာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အိပ်စက်ရမည့် အချိန်တွင် ကလေးများ စမတ်ဖုန်း (သို့မဟုတ်) သင်ပုန်းကွန်ပျူတာဖြင့် ဂိမ်းကစားခြင်း (သို့မဟုတ်) ဗီဒီယိုများ ကြည့်လေ့ရှိပါက သတိထားရန် လိုအပ်ပြီး ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်ပေါ်လာနိုင်သည့် အိပ်ရေးမဝနိုင်သော အန္တရာယ်ရှိ ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။


အိပ်စက်မှုကို မကြာခဏဆိုသလို လျှော့တွက်လေ့ရှိကြသော် လည်း ကလေးတစ်ယောက် ဖွံ့ဖြိုးမှုအတွက် အိပ်စက်မှုသည် အ ရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ပုံမှန်အိပ်ရေးပျက်နေပါက ကိုယ်နှင့် စိတ်ကျန်းမာရေး နောက် ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

အစားအသောက်ကောင်းစွာ မစားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ခံအားလျော့နည်းသွားခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများ ကြုံလာခြင်းတို့ ဖြစ်နိုင် ကြောင်း ဗြိတိန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်မှ သုတေသီများကပြော သည်။

လက်ရှိ ခေတ်ကာလတွင် ကလေးငယ် ၇၂ ရာခိုင်နှုန်းနှင့် ကြီး ကောင်ဝင်စအရွယ် ၈၉ ရာခိုင်နှုန်းသည် အိပ်စက်ရာနေရာအနီးတစ် ဝိုက်တွင် စမတ်ဖုန်းတစ်ခု ထားလေ့ရှိပြီး အိပ်စက်ခါနီး၌ အသုံးပြုမှု များနေကြောင်း သိရသည်။

စမတ်ဖုန်းနှင့် သင်ပုန်းကွန်ပျူတာများကဲ့သို့ ပစ္စည်းများကို လူ ကြိုက်များလာခြင်းနှင့်အတူ ကလေးများကြား အိပ်စက်မှုပုံမမှန်ခြင်း ပြဿနာ ပိုဆိုးလာသည်ဟု သုတေသီများကပြောသည်။

ယင်းကဲ့သို့ ပစ္စည်းများ အသုံးပြုမှုကြောင့် အိပ်စက်ချိန် ဆုံးရှုံး သွားခြင်း၊ နောက်ကျခြင်း (သို့မဟုတ်) အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ကြောင့် ဦးနှောက်နိုးကြားနေခြင်းနှင့် ဇီဝဖြစ်စဉ် အချိန်အတိုင်း အတာတို့ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများကပြောသည်။

အိပ်စက်ခါနီး အချိန်များတွင် အိပ်စက်မှုဆိုင်ရာ အလေ့အ ကျင့်ကောင်းများ ပိုများလာရေး မိဘ၊ ဆရာနှင့် ကျန်းမာရေးစောင့် ရှောက်သူများ ပူးပေါင်း၍ ဖြေရှင်းရန်လိုကြောင်း မိမိတို့လေ့လာမှု က ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို TAMA Pediatrics ဂျာနယ်တွင် ဖော်ပြထား ပြီး ကလေးငယ် ၁၂၅,၁၉၈ ဦးကို လေ့လာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top