Property Expo
×

ေရြးေကာက္ပြဲတြင္ အႏုိင္ရၿပီး အေမရိကန္ သမၼတသစ္ျဖစ္လာရန္ ေသခ်ာခဲ့ၿပီးေနာက္ ပထမဆံုး အင္တာဗ်ဴးအျဖစ္ ေဒၚ နယ္ထရန္႔သည္ 60 minutes ၏ လက္စ္ေလစတဲလ္ႏွင့္ အေမး အေျဖ ျပဳလုပ္ခဲ့သည္။ အဆိုပါ အင္တာဗ်ဴး အစီအစဥ္တြင္ ထရန္႔္သည္ ေရြးေကာက္ပြဲႀကိဳ မဲ ဆြယ္မႈ အစီအစဥ္မ်ားအတြင္း လူအမ်ား အျငင္းအခံု ျဖစ္ေစသည့္ က႑မ်ားႏွင့္ ပတ္သက္၍ အနာဂတ္အစီအစဥ္မ်ားကို ေဆြးေႏြး ေျပာၾကားသြားသည္။ 60 minutes ႏွင့္ ထရန္႔တို႔ အင္တာဗ်ဴးအနက္မွ အခ်က္အလက္အခ်ိဳ႕ကို ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါသည္။

မကၠဆီကိုႏွင့္ နယ္ျခားတစ္ ေလွ်ာက္ တံတိုင္းကာမည့္ကိစၥ

ကၽြန္ေတာ္ ဒီကိစၥကို ျဖစ္ ေအာင္ လုပ္မွာပါ။ ဒါေပမဲ့ တခ်ိဳ႕ ေနရာေတြမွာ တံတိုင္းမဟုတ္ဘဲ သံစည္း႐ိုးျဖစ္ေကာင္း ျဖစ္လိမ့္ မယ္။ ကၽြန္ေတာ္က ဒီအပိုင္းမွာ အရမ္းကၽြမ္းၿပီးသားပါ။ ဒါကို ေဆာက္လုပ္ေရး အတတ္ပညာ လို႔ ေခၚႏုိင္တယ္ေလ။ ဒါေၾကာင့္ တခ်ိဳ႕ေနရာေတြမွာေတာ့ တံ တိုင္းအစား စည္း႐ိုး ကာခ်င္ ကာ ျဖစ္ပါမယ္။

တရားမဝင္ ေ႐ႊ႕ေျပာင္းသူမ်ားကို နယ္ႏွင္မည့္ကိစၥ

အေမရိကန္မွာ စာရြက္စာ တမ္း အတိအက် မရွိဘဲ တရားမ ဝင္ ေရာက္ေနတဲ့သူ ၁၁ သန္း ေလာက္ရွိတယ္။ အားလံုးကို သူ တို႔ေနရပ္ ျပန္ခုိင္းမွာပါ။ ဒါေပမဲ့ ဦးစားေပးအေနနဲ႔ ရာဇဝတ္သား ေတြ၊ ျပစ္မႈမွတ္တမ္းရွိသူေတြ၊ ဥပမာေျပာရရင္ ဒုစ႐ိုက္ဂိုဏ္း သားေတြနဲ႔ မူးယစ္ေဆးဝါး သံုးစြဲ သူေတြကို အရင္ဆံုး ဖယ္ရွားပစ္ ပါမယ္။ အဲဒီလို လူစားေတြက ႏွစ္သန္းေလာက္ ရွိလိမ့္မယ္။ သံုး သန္းေလာက္လည္း ျဖစ္ခ်င္ ျဖစ္မယ္။ သူတို႔ကို ႏုိင္ငံထဲကေန ႏွင္ထုတ္ဖုိ႔ အရင္ဆံုး လုပ္ရပါ မယ္။ ဒါမွမဟုတ္လည္း ေထာင္ ခ်ပစ္ရမယ္။

ဟီလာရီကလင္တန္၏ အီး ေမးလ္ ဆာဗာကိစၥ

ကလင္တန္ရဲ႕ အီးေမးလ္ ဆာဗာကိစၥနဲ႔ ပတ္သက္ၿပီး စံုစမ္း ဖို႔ အထူးအစိုးရ ေရွ႕ေနတစ္ ေယာက္ကို ငွားရမ္း တာဝန္ေပး သင့္ေၾကာင္း ကၽြန္ေတာ္ေျပာဖူးပါ တယ္။ ဒီကိစၥကို စိတ္ဝင္စားပါ တယ္။ ကလင္တန္က ဆိုးရြားတဲ့ ကိစၥတခ်ိဳ႕ လုပ္မိခဲ့တယ္။ ဒါေပမဲ့ သူတို႔ နစ္နာသြားတာမ်ိဳး ျဖစ္ ေအာင္ေတာ့ ကၽြန္ေတာ္ မလုပ္ ခ်င္ဘူး။ သူတို႔က လူေကာင္းေတြ ပါ။ ကၽြန္ေတာ္ ဘာလုပ္ျဖစ္မလဲ ဆိုတာကေတာ့ ေနာက္တစ္ႀကိမ္ အင္တာဗ်ဴးက်ရင္ တိတိက်က် ေျဖႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

ေထာက္ခံသူမ်ားက လူမ်ိဳးေရး ခြဲျခားမႈမ်ား ျပဳလုပ္ေနျခင္းႏွင့္ ပတ္သက္၍

ဒါမ်ိဳး မလုပ္ၾကပါနဲ႔။ ဒါက တအားဆိုးရြားတဲ့ ကိစၥပါ။ ဘာ ျဖစ္လုိ႔လဲဆိုေတာ့ ကၽြန္ေတာ္က ဒီႏုိင္ငံကို အတူတကြ စုစည္းခ်င္ တာေလ။ ဒီလိုကိစၥေတြကို ျပန္ ၾကားရတာ ကၽြန္ေတာ္ ဝမ္းနည္းမိ တယ္။ ဒီေတာ့ ရပ္တန္းက ရပ္ ၾကပါ။ ကၽြန္ေတာ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနရင္လည္း ဘာမွ မေၾကာက္ၾကပါနဲ႔။ ကၽြန္ေတာ္တုိ႔ ဒီႏိုင္ငံကို အတူတကြ ျပန္ျမႇင့္ တင္ၾကပါမယ္။ အေရးႀကီးတာက ဘာကိုမွ မေၾကာက္ၾကပါနဲ႔။ အခု မွ ေရြးေကာက္ပြဲ ၿပီးခါစပဲ ရွိပါ ေသးတယ္။ ကၽြန္ေတာ့္ကို နည္း နည္းေတာ့ အခ်ိန္ေပးၿပီး ေစာင့္ ၾကည့္ပါဦးေလ။

အက်င့္ပ်က္မႈ တိုက္ဖ်က္ေရးကိစၥ

ကၽြန္ေတာ့္ မဲဆြယ္ လႈပ္ရွား မႈေတြမွာ ေလာ္ဘီေတြသံုးခဲ့တယ္။ ဒါဘာျဖစ္လဲ။ ကိုယ့္ပတ္ဝန္းက်င္ မွာ ကၽြန္ေတာ့္ကို ဆြဲခ်မယ့္ သူ ေတြခ်ည္းပဲ။ ဒီေတာ့ ကၽြန္ေတာ့္မွာ အားကိုးစရာ ေလာ္ဘီေတြပဲ ရွိ တယ္။ ဒါေပမဲ့ အဓိက ျပႆနာ က စနစ္ပါ။ စနစ္တစ္ခုလံုးကို ကၽြန္ေတာ္တုိ႔ သန္႔ရွင္းပစ္ရမယ္။ လက္ရွိ စနစ္နဲ႔ပတ္သက္လုိ႔ သိထားၾကၿပီး ျဖစ္မွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က ရွင္းစရာရွိတာ ေတြကို ရွင္းထုတ္ရမယ္။

ကိုယ္ဝန္ဖ်က္ခ်မႈ တရားဝင္ သတ္မွတ္ေရးကိစၥ

ကၽြန္ေတာ္ကေတာ့ အမ်ိဳး သမီးတစ္ေယာက္ဟာ ဘယ္အ ေျခအေနမွာမွ ကိုယ္ဝန္ကို ဖ်က္မ ခ်ေစခ်င္ပါဘူး။ တရား႐ံုးခ်ဳပ္မွာ လည္း ကၽြန္ေတာ့္လို စိတ္ဆႏၵ သ ေဘာထားမ်ိဳးရွိတဲ့ ပုဂၢိဳလ္မ်ိဳးကို ခန္႔အပ္လုိပါတယ္။ တစ္ခ်ိန္ခ်ိန္ မွာေတာ့ အေမရိကန္ရဲ႕ ျပည္နယ္ ေတြမွာ ဒီကိစၥကို အေသအခ်ာ စဥ္းစားၿပီး ျပန္ခြင့္ျပဳတာမ်ိဳး ျဖစ္ လာႏုိင္တယ္။ တကယ္လုိ႔ ျပည္ နယ္တစ္ခုမွာ ခြင့္မျပဳရင္၊ ေရြး ခ်ယ္စရာ အေျခအေနမရွိေတာ့ ရင္ အဲဒီအမ်ိဳးသမီးက ခြင့္ျပဳခ်က္ ရွိတဲ့ တျခားျပည္နယ္ကို ကူး ေျပာင္းသြားႏုိင္တာပဲေလ။

လိင္တူခ်င္း ထိမ္းျမားခြင့္ႏွင့္ ပတ္ သက္၍

ကၽြန္ေတာ့္ အျမင္မွာေတာ့ တရား႐ံုးခ်ဳပ္ဟာ ထိမ္းျမားလက္ ထပ္ခြင့္ သာတူညီမွ်ရွိေရးကို ေျပာင္းလဲပစ္မယ္ မထင္ပါဘူး။ ဒီကိစၥေတြက တရား႐ံုးခ်ဳပ္ဆီက ေနပဲ သြားပါလိမ့္မယ္။ ၿပီးေတာ့ အေျခတက်လည္း ျဖစ္ေနၿပီ။ ကၽြန္ေတာ့္အတြက္ေတာ့ အိုေက ပါပဲ။

မီဒီယာ ေဝဖန္မႈမ်ားကို တံု႔ျပန္ရန္

ကၽြန္ေတာ့္မွာ ျပန္ခ်မယ့္ နည္းလမ္းေတြက ရွိၿပီးသားပါ။ ခ်ဳပ္ထိန္းဖို႔လိုရင္လည္း ခ်ဳပ္ ထိန္းထားမွာပါ။ Twitter ကို ဆက္သံုးပါမယ္။ ဒါဟာ ေခတ္ သစ္ဆက္သြယ္မႈ နည္းလမ္းတစ္ ရပ္ပါ။ ကၽြန္ေတာ္ကေတာ့ တတ္ ႏုိင္သမွ် အေကာင္းျမင္စိတ္နဲ႔ ရွိ ေနပါမယ္။ ဒါေပမဲ့ အဲဒါက အ ေျခအေနေပၚမွာ မူတည္တယ္။ တစ္ခါတေလေတာ့ ၾကမ္းသင့္ရင္ ၾကမ္းရမွာေပါ့ေလ။ တစ္ခါတ ေလ လူေတြ စိတ္အားတက္ႂကြ လာေအာင္ လုပ္ရတာလည္း ရွိ တယ္။ ကၽြန္ေတာ္ကေတာ့ အရမ္း ေကာင္းျပေနၿပီး တစ္ပံုစံတည္း ၿငီးေငြ႕စရာႀကီး ျဖစ္ေနတာမ်ိဳး မႀကိဳက္ဘူး။

သမၼတလစာ ကိစၥ

လုပ္စရာ ကိစၥေတြ အမ်ား ႀကီးရွိမွာ။ ဒီေတာ့ သမၼတ ျဖစ္လာ ရင္ ကၽြန္ေတာ္ အေပ်ာ္ခရီး သိပ္ မ်ားမ်ား ထြက္ျဖစ္မွာ မဟုတ္ဘူး။ အေမရိကန္ သမၼတ တစ္ေယာက္ ရဲ႕ လုပ္ခလစာ တစ္ႏွစ္ ေဒၚလာ ေလးသိန္းကိုလည္း ကၽြန္ေတာ္ လံုးဝ မယူပါဘူး။ ဥပေဒက အ နည္းဆံုး တစ္ေဒၚလာေတာ့ ယူရ မယ္လုိ႔ ျပ႒ာန္းထားရင္ေတာ့ ကၽြန္ေတာ္ အဲဒီ တစ္ေဒၚလာကို ယူပါ့မယ္။ အတိအက်ေတာ့ မ ေျပာတတ္ဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရွေးကောက်ပွဲတွင် အနိုင်ရပြီး အမေရိကန် သမ္မတသစ်ဖြစ်လာရန် သေချာခဲ့ပြီးနောက် ပထမဆုံး အင်တာဗျူးအဖြစ် ဒေါ် နယ်ထရန့်သည် 60 minutes ၏ လက်စ်လေစတဲလ်နှင့် အမေး အဖြေ ပြုလုပ်ခဲ့သည်။ အဆိုပါ အင်တာဗျူး အစီအစဉ်တွင် ထရန့်သည် ရွေးကောက်ပွဲကြို မဲ ဆွယ်မှု အစီအစဉ်များအတွင်း လူအများ အငြင်းအခုံ ဖြစ်စေသည့် ကဏ္ဍများနှင့် ပတ်သက်၍ အနာဂတ်အစီအစဉ်များကို ဆွေးနွေး ပြောကြားသွားသည်။ 60 minutes နှင့် ထရန့်တို့ အင်တာဗျူးအနက်မှ အချက်အလက်အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မက္ကဆီကိုနှင့် နယ်ခြားတစ် လျှောက် တံတိုင်းကာမည့်ကိစ္စ

ကျွန်တော် ဒီကိစ္စကို ဖြစ် အောင် လုပ်မှာပါ။ ဒါပေမဲ့ တချို့ နေရာတွေမှာ တံတိုင်းမဟုတ်ဘဲ သံစည်းရိုးဖြစ်ကောင်း ဖြစ်လိမ့် မယ်။ ကျွန်တော်က ဒီအပိုင်းမှာ အရမ်းကျွမ်းပြီးသားပါ။ ဒါကို ဆောက်လုပ်ရေး အတတ်ပညာ လို့ ခေါ်နိုင်တယ်လေ။ ဒါကြောင့် တချို့နေရာတွေမှာတော့ တံ တိုင်းအစား စည်းရိုး ကာချင် ကာ ဖြစ်ပါမယ်။

တရားမဝင် ရွှေ့ပြောင်းသူများကို နယ်နှင်မည့်ကိစ္စ

အမေရိကန်မှာ စာရွက်စာ တမ်း အတိအကျ မရှိဘဲ တရားမ ဝင် ရောက်နေတဲ့သူ ၁၁ သန်း လောက်ရှိတယ်။ အားလုံးကို သူ တို့နေရပ် ပြန်ခိုင်းမှာပါ။ ဒါပေမဲ့ ဦးစားပေးအနေနဲ့ ရာဇဝတ်သား တွေ၊ ပြစ်မှုမှတ်တမ်းရှိသူတွေ၊ ဥပမာပြောရရင် ဒုစရိုက်ဂိုဏ်း သားတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို အရင်ဆုံး ဖယ်ရှားပစ် ပါမယ်။ အဲဒီလို လူစားတွေက နှစ်သန်းလောက် ရှိလိမ့်မယ်။ သုံး သန်းလောက်လည်း ဖြစ်ချင် ဖြစ်မယ်။ သူတို့ကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ အရင်ဆုံး လုပ်ရပါ မယ်။ ဒါမှမဟုတ်လည်း ထောင် ချပစ်ရမယ်။

ဟီလာရီကလင်တန်၏ အီး မေးလ် ဆာဗာကိစ္စ

ကလင်တန်ရဲ့ အီးမေးလ် ဆာဗာကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း ဖို့ အထူးအစိုးရ ရှေ့နေတစ် ယောက်ကို ငှားရမ်း တာဝန်ပေး သင့်ကြောင်း ကျွန်တော်ပြောဖူးပါ တယ်။ ဒီကိစ္စကို စိတ်ဝင်စားပါ တယ်။ ကလင်တန်က ဆိုးရွားတဲ့ ကိစ္စတချို့ လုပ်မိခဲ့တယ်။ ဒါပေမဲ့ သူတို့ နစ်နာသွားတာမျိုး ဖြစ် အောင်တော့ ကျွန်တော် မလုပ် ချင်ဘူး။ သူတို့က လူကောင်းတွေ ပါ။ ကျွန်တော် ဘာလုပ်ဖြစ်မလဲ ဆိုတာကတော့ နောက်တစ်ကြိမ် အင်တာဗျူးကျရင် တိတိကျကျ ဖြေနိုင်ဖို့ မျှော်လင့်ပါတယ်။

ထောက်ခံသူများက လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍

ဒါမျိုး မလုပ်ကြပါနဲ့။ ဒါက တအားဆိုးရွားတဲ့ ကိစ္စပါ။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒီနိုင်ငံကို အတူတကွ စုစည်းချင် တာလေ။ ဒီလိုကိစ္စတွေကို ပြန် ကြားရတာ ကျွန်တော် ဝမ်းနည်းမိ တယ်။ ဒီတော့ ရပ်တန်းက ရပ် ကြပါ။ ကျွန်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေရင်လည်း ဘာမှ မကြောက်ကြပါနဲ့။ ကျွန်တော်တို့ ဒီနိုင်ငံကို အတူတကွ ပြန်မြှင့် တင်ကြပါမယ်။ အရေးကြီးတာက ဘာကိုမှ မကြောက်ကြပါနဲ့။ အခု မှ ရွေးကောက်ပွဲ ပြီးခါစပဲ ရှိပါ သေးတယ်။ ကျွန်တော့်ကို နည်း နည်းတော့ အချိန်ပေးပြီး စောင့် ကြည့်ပါဦးလေ။

အကျင့်ပျက်မှု တိုက်ဖျက်ရေးကိစ္စ

ကျွန်တော့် မဲဆွယ် လှုပ်ရှား မှုတွေမှာ လော်ဘီတွေသုံးခဲ့တယ်။ ဒါဘာဖြစ်လဲ။ ကိုယ့်ပတ်ဝန်းကျင် မှာ ကျွန်တော့်ကို ဆွဲချမယ့် သူ တွေချည်းပဲ။ ဒီတော့ ကျွန်တော့်မှာ အားကိုးစရာ လော်ဘီတွေပဲ ရှိ တယ်။ ဒါပေမဲ့ အဓိက ပြဿနာ က စနစ်ပါ။ စနစ်တစ်ခုလုံးကို ကျွန်တော်တို့ သန့်ရှင်းပစ်ရမယ်။ လက်ရှိ စနစ်နဲ့ပတ်သက်လို့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ရှင်းစရာရှိတာ တွေကို ရှင်းထုတ်ရမယ်။

ကိုယ်ဝန်ဖျက်ချမှု တရားဝင် သတ်မှတ်ရေးကိစ္စ

ကျွန်တော်ကတော့ အမျိုး သမီးတစ်ယောက်ဟာ ဘယ်အ ခြေအနေမှာမှ ကိုယ်ဝန်ကို ဖျက်မ ချစေချင်ပါဘူး။ တရားရုံးချုပ်မှာ လည်း ကျွန်တော့်လို စိတ်ဆန္ဒ သ ဘောထားမျိုးရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ခန့်အပ်လိုပါတယ်။ တစ်ချိန်ချိန် မှာတော့ အမေရိကန်ရဲ့ ပြည်နယ် တွေမှာ ဒီကိစ္စကို အသေအချာ စဉ်းစားပြီး ပြန်ခွင့်ပြုတာမျိုး ဖြစ် လာနိုင်တယ်။ တကယ်လို့ ပြည် နယ်တစ်ခုမှာ ခွင့်မပြုရင်၊ ရွေး ချယ်စရာ အခြေအနေမရှိတော့ ရင် အဲဒီအမျိုးသမီးက ခွင့်ပြုချက် ရှိတဲ့ တခြားပြည်နယ်ကို ကူး ပြောင်းသွားနိုင်တာပဲလေ။

လိင်တူချင်း ထိမ်းမြားခွင့်နှင့် ပတ် သက်၍

ကျွန်တော့် အမြင်မှာတော့ တရားရုံးချုပ်ဟာ ထိမ်းမြားလက် ထပ်ခွင့် သာတူညီမျှရှိရေးကို ပြောင်းလဲပစ်မယ် မထင်ပါဘူး။ ဒီကိစ္စတွေက တရားရုံးချုပ်ဆီက နေပဲ သွားပါလိမ့်မယ်။ ပြီးတော့ အခြေတကျလည်း ဖြစ်နေပြီ။ ကျွန်တော့်အတွက်တော့ အိုကေ ပါပဲ။

မီဒီယာ ဝေဖန်မှုများကို တုံ့ပြန်ရန်

ကျွန်တော့်မှာ ပြန်ချမယ့် နည်းလမ်းတွေက ရှိပြီးသားပါ။ ချုပ်ထိန်းဖို့လိုရင်လည်း ချုပ် ထိန်းထားမှာပါ။ Twitter ကို ဆက်သုံးပါမယ်။ ဒါဟာ ခေတ် သစ်ဆက်သွယ်မှု နည်းလမ်းတစ် ရပ်ပါ။ ကျွန်တော်ကတော့ တတ် နိုင်သမျှ အကောင်းမြင်စိတ်နဲ့ ရှိ နေပါမယ်။ ဒါပေမဲ့ အဲဒါက အ ခြေအနေပေါ်မှာ မူတည်တယ်။ တစ်ခါတလေတော့ ကြမ်းသင့်ရင် ကြမ်းရမှာပေါ့လေ။ တစ်ခါတ လေ လူတွေ စိတ်အားတက်ကြွ လာအောင် လုပ်ရတာလည်း ရှိ တယ်။ ကျွန်တော်ကတော့ အရမ်း ကောင်းပြနေပြီး တစ်ပုံစံတည်း ငြီးငွေ့စရာကြီး ဖြစ်နေတာမျိုး မကြိုက်ဘူး။

သမ္မတလစာ ကိစ္စ

လုပ်စရာ ကိစ္စတွေ အများ ကြီးရှိမှာ။ ဒီတော့ သမ္မတ ဖြစ်လာ ရင် ကျွန်တော် အပျော်ခရီး သိပ် များများ ထွက်ဖြစ်မှာ မဟုတ်ဘူး။ အမေရိကန် သမ္မတ တစ်ယောက် ရဲ့ လုပ်ခလစာ တစ်နှစ် ဒေါ်လာ လေးသိန်းကိုလည်း ကျွန်တော် လုံးဝ မယူပါဘူး။ ဥပဒေက အ နည်းဆုံး တစ်ဒေါ်လာတော့ ယူရ မယ်လို့ ပြဋ္ဌာန်းထားရင်တော့ ကျွန်တော် အဲဒီ တစ်ဒေါ်လာကို ယူပါ့မယ်။ အတိအကျတော့ မ ပြောတတ်ဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top