Kantharyar Centre
×

ပို႔ကုန္သြင္းကုန္လိုင္စင္ မ်ားကို ၀န္ႀကီးဌာနက ေစ်းႏႈန္းစိ စစ္ျခင္းမျပဳဘဲ ကုမၸဏီက တင္ျပ သည့္ ကုန္ပစၥည္းတန္ဖိုးႏွင့္ ေစ်း ႏႈန္းအတိုင္း ခြင့္ျပဳမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ သတင္းရရွိ သည္။

ထိုသို႔ ခြင့္ျပဳလုပ္ေဆာင္ရာ တြင္ ကုမၸဏီမ်ားသည္ ေစ်းႏႈန္းႏွင့္ ကုန္ပစၥည္းတန္ဖိုး မွန္ကန္ေၾကာင္း ၀န္ခံကတိျဖင့္ စီးပြားေရးက်င့္၀တ္ ႏွင့္အညီ တင္ျပရမည္ဟု ၀န္ႀကီး ဌာနက ႏုိ၀င္ဘာ ၂၃ ရက္စဲြျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည္။

‘‘အရင္တုန္းက ကုန္ပစၥည္း စာရင္းတင္ျပလာတာကုိ အေျခခံ တယ္။ ကုန္သည္တင္ျပလာတုိင္း သတ္မွတ္တာမဟုတ္ဘူး။ ေစ်း ကြက္အတြင္း ေပါက္ေစ်းကို စံု စမ္းၿပီးမွ သတ္မွတ္တာ။ ဒါကို ေျပာင္းလဲတာပါ’’ဟု စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာန ၫႊန္ၾကားေရးမွဴးတစ္ဦး က ေျပာသည္။

ယခင္စနစ္သည္ ကမၻာ့ကုန္ သြယ္ေရးအဖဲြ႕ႏွင့္ ႏုိင္ငံတကာစ နစ္မ်ားႏွင့္ မကိုက္ညီသျဖင့္ ယခု ကဲ့သို႔ ေျပာင္းလဲျခင္းျဖစ္ၿပီး အ ထူးကန္႔သတ္ထားသည့္ ကုန္စည္ အနည္းငယ္မွအပ ကုန္စည္အား လံုးနီးပါးကို ခြင့္ျပဳမည္ဟု ၎က ဆက္လက္ေျပာၾကားသည္။

ကုမၸဏီမ်ားအေနျဖင့္ တင္ ျပရမည့္ ကုန္ပစၥည္းစာရင္းႏွင့္ ေစ်းႏႈန္းမ်ား အတုအပျပဳလုပ္ျခင္း ႏွင့္ အခြန္ေရွာင္တိမ္းရန္ ရည္ ရြယ္၍ မမွန္မကန္ေဆာင္ရြက္ ျခင္း မျပဳရန္ႏွင့္ ျပဳလုပ္ပါက အ ေရးယူမည္ဟု ဆိုထားသည္။ ခြင့္ျပဳလုိင္စင္မ်ား၏ ေစ်းႏႈန္း မ်ား အေပၚ ႏုိင္ငံတကာတြင္ သတ္ မွတ္ထားသည့္ နည္းလမ္းမ်ားအ တိုင္း ေနာက္ေၾကာင္းျပန္ စစ္ ေဆးမႈမ်ား လိုအပ္သလို ေဆာင္ ရြက္ႏုိင္သည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး ေဒါက္တာသန္းျမင့္က လက္မွတ္ ေရးထိုးထုတ္ျပန္ထားသည္။

ယခုက်င့္သံုးမည့္ စနစ္သည္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနက လိုင္စင္ထုတ္ ေပးၿပီး အေကာက္ခြန္ဌာနက ကုန္ပစၥည္းေစ်းႏႈန္း တန္ဖိုးသတ္ မွတ္မည္ျဖစ္ေၾကာင္း စားသံုးသူ ေရးရာ ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးျမင့္ခ်ိဳက ေျပာၾကားသည္။

‘‘လုပ္ငန္းရွင္ေတြ မသိေသး တာက ကုန္ပစၥည္းအားလံုးပါမွာ လားေပါ့။ တကယ္ေကာျဖစ္မွာ လား ေမးစရာရွိတယ္။ ဒီလိုလုပ္ တာ ႀကိဳဆုိပါတယ္။ ျဖစ္သင့္တဲ့ ကိစၥတစ္ခုပါ။ တကယ္ဆုိ ဒီမွာ ေလွ်ာက္တဲ့ေဈးနဲ႔ အျပင္မွာ ကြာ ေနတာ အမ်ားႀကီးပါ’’ဟု ေမာ္ ေတာ္ယာဥ္တင္သြင္းထုတ္လုပ္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာ သည္။

‘‘လုပ္ငန္းရွင္ေတြက ေဈး ႏႈန္းအမွန္တင္ျပရင္ ေကာင္းပါ တယ္။ အရင္တုန္းက ဝန္ႀကီးဌာန က သတ္မွတ္ႏႈန္းမဟုတ္ရင္ ပစၥည္းေတြမေရာင္းရဘူး’’ဟု ပို႔ ကုန္လုပ္ငန္းရွင္မ်ားအသင္း အ တြင္းေရးမွဴး ဦးမ်ိဳးၫြန္႔က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပို့ကုန်သွင်းကုန်လိုင်စင် များကို ဝန်ကြီးဌာနက ဈေးနှုန်းစိ စစ်ခြင်းမပြုဘဲ ကုမ္ပဏီက တင်ပြ သည့် ကုန်ပစ္စည်းတန်ဖိုးနှင့် ဈေး နှုန်းအတိုင်း ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။


ထိုသို့ ခွင့်ပြုလုပ်ဆောင်ရာ တွင် ကုမ္ပဏီများသည် ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့် စီးပွားရေးကျင့်ဝတ် နှင့်အညီ တင်ပြရမည်ဟု ဝန်ကြီး ဌာနက နိုဝင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

‘‘အရင်တုန်းက ကုန်ပစ္စည်း စာရင်းတင်ပြလာတာကို အခြေခံ တယ်။ ကုန်သည်တင်ပြလာတိုင်း သတ်မှတ်တာမဟုတ်ဘူး။ ဈေး ကွက်အတွင်း ပေါက်ဈေးကို စုံ စမ်းပြီးမှ သတ်မှတ်တာ။ ဒါကို ပြောင်းလဲတာပါ’’ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦး က ပြောသည်။

ယခင်စနစ်သည် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့နှင့် နိုင်ငံတကာစ နစ်များနှင့် မကိုက်ညီသဖြင့် ယခု ကဲ့သို့ ပြောင်းလဲခြင်းဖြစ်ပြီး အ ထူးကန့်သတ်ထားသည့် ကုန်စည် အနည်းငယ်မှအပ ကုန်စည်အား လုံးနီးပါးကို ခွင့်ပြုမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကုမ္ပဏီများအနေဖြင့် တင် ပြရမည့် ကုန်ပစ္စည်းစာရင်းနှင့် ဈေးနှုန်းများ အတုအပပြုလုပ်ခြင်း နှင့် အခွန်ရှောင်တိမ်းရန် ရည် ရွယ်၍ မမှန်မကန်ဆောင်ရွက် ခြင်း မပြုရန်နှင့် ပြုလုပ်ပါက အ ရေးယူမည်ဟု ဆိုထားသည်။ ခွင့်ပြုလိုင်စင်များ၏ ဈေးနှုန်း များ အပေါ် နိုင်ငံတကာတွင် သတ် မှတ်ထားသည့် နည်းလမ်းများအ တိုင်း နောက်ကြောင်းပြန် စစ် ဆေးမှုများ လိုအပ်သလို ဆောင် ရွက်နိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က လက်မှတ် ရေးထိုးထုတ်ပြန်ထားသည်။

ယခုကျင့်သုံးမည့် စနစ်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက လိုင်စင်ထုတ် ပေးပြီး အကောက်ခွန်ဌာနက ကုန်ပစ္စည်းဈေးနှုန်း တန်ဖိုးသတ် မှတ်မည်ဖြစ်ကြောင်း စားသုံးသူ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောကြားသည်။

‘‘လုပ်ငန်းရှင်တွေ မသိသေး တာက ကုန်ပစ္စည်းအားလုံးပါမှာ လားပေါ့။ တကယ်ကောဖြစ်မှာ လား မေးစရာရှိတယ်။ ဒီလိုလုပ် တာ ကြိုဆိုပါတယ်။ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ တကယ်ဆို ဒီမှာ လျှောက်တဲ့ဈေးနဲ့ အပြင်မှာ ကွာ နေတာ အများကြီးပါ’’ဟု မော် တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

‘‘လုပ်ငန်းရှင်တွေက ဈေး နှုန်းအမှန်တင်ပြရင် ကောင်းပါ တယ်။ အရင်တုန်းက ဝန်ကြီးဌာန က သတ်မှတ်နှုန်းမဟုတ်ရင် ပစ္စည်းတွေမရောင်းရဘူး’’ဟု ပို့ ကုန်လုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဦးမျိုးညွန့်က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top