Kantharyar Centre
×

ဘဲေကာင္ေရ ၂၀,၀၀၀ ေလာက္အထိ ပါဝင္တဲ့ ဘဲအုပ္ႀကီးဟာဆုိရင္ေတာ့ လမ္းသြားလမ္းလာေတြကို ထူးျခားတဲ့ အျပဳအမူေတြ လုပ္ျပခဲ့ပါတယ္။ ဘဲအုပ္ႀကီးဟာဆုိရင္ေတာ့ သူတို႔ရဲ႕ ခရီးဆက္ဖို႔အတြက္ လမ္းကူးရာမွာ လူကူးမ်ဥ္းၾကားကို အသံုးျပဳခဲ့ၾကၿပီး ဘဲအုပ္ႀကီးေၾကာင့္ ၂ မိနစ္ေက်ာ္ၾကာ လမ္းပိတ္သြားခဲ့တယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္ဟာ တရုတ္ႏုိင္ငံတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး တရုတ္လူမႈကြန္ရက္ေပၚမွာေတာ့ အေတာ္ေလးကို လူေျပာမ်ားေနၾကပါတယ္။ အခုလို ဘဲေတြ လမ္းကူးေနတာကိုေတာ့ လမ္းသြားလမ္းလာတစ္ေယာက္က ဗီဒီယုိ ရုိက္ကူးထားႏုိင္ခဲ့ပါတယ္။ ဗီဒီယုိအတြင္းမွာေတာ့ ကားတန္းရွည္ႀကီးဟာ ဘဲအုပ္ႀကီး လမ္းကူးေနတာကို စိတ္ရွည္ရွည္နဲ႔ ေစာင္းဆိုင္းေပးေနတာကို ေတြ႕ရမွာပါ။

ဗီဒီယို ၾကည့္ရႈသူတစ္ေယာက္ကေတာ့ ဒါဟာဘဲအုပ္မဟုတ္ပါဘူး။ ေျမာက္ကိုးရီးယားစစ္တပ္ပါလုိ႔ ကြန္မန္႔ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဘဲေကာင္ေရက ႏွစ္ေသာင္းမဟုတ္ပါဘူး။ ငါေရလုိက္တာ ၁၉၈၆၂ ေကာင္ပါကြာလုိ႔ ကြန္မန္႔ေရးသားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဗီဒီယုိကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏုိင္ပါတယ္။

https://youtu.be/z3yyfB17YJU

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit HToo Lwin

#Unicode Version
ဘဲကောင်ရေ ၂၀,၀၀၀ လောက်အထိ ပါဝင်တဲ့ ဘဲအုပ်ကြီးဟာဆိုရင်တော့ လမ်းသွားလမ်းလာတွေကို ထူးခြားတဲ့ အပြုအမူတွေ လုပ်ပြခဲ့ပါတယ်။ ဘဲအုပ်ကြီးဟာဆိုရင်တော့ သူတို့ရဲ့ ခရီးဆက်ဖို့အတွက် လမ်းကူးရာမှာ လူကူးမျဉ်းကြားကို အသုံးပြုခဲ့ကြပြီး ဘဲအုပ်ကြီးကြောင့် ၂ မိနစ်ကျော်ကြာ လမ်းပိတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်လူမှုကွန်ရက်ပေါ်မှာတော့ အတော်လေးကို လူပြောများနေကြပါတယ်။ အခုလို ဘဲတွေ လမ်းကူးနေတာကိုတော့ လမ်းသွားလမ်းလာတစ်ယောက်က ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ဗီဒီယိုအတွင်းမှာတော့ ကားတန်းရှည်ကြီးဟာ ဘဲအုပ်ကြီး လမ်းကူးနေတာကို စိတ်ရှည်ရှည်နဲ့ စောင်းဆိုင်းပေးနေတာကို တွေ့ရမှာပါ။


ဗီဒီယို ကြည့်ရှုသူတစ်ယောက်ကတော့ ဒါဟာဘဲအုပ်မဟုတ်ပါဘူး။ မြောက်ကိုးရီးယားစစ်တပ်ပါလို့ ကွန်မန့်ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ဘဲကောင်ရေက နှစ်သောင်းမဟုတ်ပါဘူး။ ငါရေလိုက်တာ ၁၉၈၆၂ ကောင်ပါကွာလို့ ကွန်မန့်ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဗီဒီယိုကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။


https://youtu.be/z3yyfB17YJU


ဖိုးသူတော် (www.phothutaw.com)
Credit:Thit HToo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top