Property Expo
×

စစ္ေဘးေရွာင္ျမန္မာ သံုးေထာင္ေက်ာ္အား တ႐ုတ္နယ္ စပ္ၿမိဳ႕မ်ား၌ လက္ခံေနရာခ် ထားေပးၿပီး စားေသာက္ေနထုိင္ ေရးႏွင့္ လံုၿခံဳေရးေပးထားေၾကာင္းတ႐ုတ္သံ႐ုံးက ႏို၀င္ဘာ ၂၂ ရက္ညေနက သတင္းထုတ္ျပန္သည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပဋိပကၡေၾကာင့္ နယ္စပ္ေနျမန္မာ မ်ားသည္ ႏို၀င္ဘာ ၂၀ ရက္ကစ၍ တ႐ုတ္ႏိုင္ငံအတြင္းသို႔ တစ္သုတ္ ၿပီးတစ္သုတ္ စစ္ေဘးေရွာင္၀င္ေရာက္ခဲ့ရာ ႏို၀င္ဘာ ၂၂ ရက္တြင္ ေထာင္ႏွင့္ခ်ီေသာ မူဆယ္ေဒသခံမ်ားသည္ တ႐ုတ္ႏုိင္ငံ က်ယ္ ေဂါင္ၿမိဳ႕သို႔ တိမ္းေရွာင္လာၾက သည္။

လက္ရွိတြင္ တ႐ုတ္ႏုိင္ငံက ျမန္မာျပည္သူမ်ားအား အဓိက အားျဖင့္ ႏွစ္ေနရာတြင္ ေနရာခ် ထားေပးခဲ့သည္။ ၀မ္တိန္ၿမိဳ႕တြင္ စစ္ေဘးေရွာင္ ျပည္သူ ၁,၁၀၀ ေက်ာ္ရွိၿပီး ဆက္လက္တိုးပြားလ်က္ရွိသည္။ မန္ဟိုင္းၿမိဳ႕ တြင္ ျမန္မာစစ္ေဘးေရွာင္ ၂,၀၀၀ ေက်ာ္ခန္႔ရွိသည္ဟု ျမန္ မာႏုိင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။ တ႐ုတ္နယ္နိမိတ္အတြင္း ၾကဴကုတ္-ပန္ဆိုင္းေဒသရွိ ေက်းရြာေပါင္း ၁၀ ရြာမွ ျပည္သူမ်ား စစ္ေဘးေရွာင္လ်က္ရွိေၾကာင္း၊ တ႐ုတ္ေဒသခံအစိုးရသည္ စစ္ ေဘးေရွာင္မ်ားကို ေခတၱေနရာခ် ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားအား ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း၊ စစ္ေဘးေရွာင္စခန္း တြင္ စားေသာက္ေနထိုင္ေရးျပည့္ စံုၿပီး လံုၿခံဳေရးအာမခံခ်က္ရွိ ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပ ထားသည္။

ႏို၀င္ဘာ ၂၀ ရက္ကစ၍ ေကအိုင္ေအ၊ တီအင္န္အယ္လ္ေအ၊ အမ္အင္န္ဒီေအေအ၊ ေအေအ တိုင္းရင္းသားလက္နက္ကိုင္ေလး ဖြဲ႕ပါ၀င္ေသာ ျမန္မာျပည္ေျမာက္ ပိုင္းမဟာမိတ္တပ္ေပါင္းစုသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ထိုး စစ္စတင္ခဲ့ၿပီးေနာက္ ယေန႔အခ်ိန္ထိ တပ္မေတာ္ႏွင့္ တုိက္ပြဲျဖစ္ပြား လ်က္ရွိသည္။ စတင္ျဖစ္ပြားသည့္ တနဂၤေႏြေန႔တြင္ အရပ္သားအပါ အ၀င္ ကိုးဦးေသဆံုးၿပီး ၂၉ ဦး ဒဏ္ရာရရွိခဲ့သည္။

စစ္ေဘးေရွာင္မ်ားသည္ ႏို၀င္ဘာ ၂၂ ရက္ ညေနအထိ တ႐ုတ္ဘက္ျခမ္းသို႔ ၀င္ေရာက္ လ်က္ရွိသျဖင့္ အေရအတြက္မွာ ထပ္မံတိုးလ်က္ရွိေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 စစ်ဘေးရှောင်မြန်မာ သုံးထောင်ကျော်အား တရုတ်နယ် စပ်မြို့များ၌ လက်ခံနေရာချ ထားပေးပြီး စားသောက်နေထိုင် ရေးနှင့် လုံခြုံရေးပေးထားကြောင်းတရုတ်သံရုံးက နိုဝင်ဘာ ၂၂ ရက်ညနေက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့် နယ်စပ်နေမြန်မာ များသည် နိုဝင်ဘာ ၂၀ ရက်ကစ၍ တရုတ်နိုင်ငံအတွင်းသို့ တစ်သုတ် ပြီးတစ်သုတ် စစ်ဘေးရှောင်ဝင်ရောက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ထောင်နှင့်ချီသော မူဆယ်ဒေသခံများသည် တရုတ်နိုင်ငံ ကျယ် ဂေါင်မြို့သို့ တိမ်းရှောင်လာကြ သည်။

လက်ရှိတွင် တရုတ်နိုင်ငံက မြန်မာပြည်သူများအား အဓိက အားဖြင့် နှစ်နေရာတွင် နေရာချ ထားပေးခဲ့သည်။ ဝမ်တိန်မြို့တွင် စစ်ဘေးရှောင် ပြည်သူ ၁,၁၀၀ ကျော်ရှိပြီး ဆက်လက်တိုးပွားလျက်ရှိသည်။ မန်ဟိုင်းမြို့ တွင် မြန်မာစစ်ဘေးရှောင် ၂,၀၀၀ ကျော်ခန့်ရှိသည်ဟု မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တရုတ်နယ်နိမိတ်အတွင်း ကြူကုတ်-ပန်ဆိုင်းဒေသရှိ ကျေးရွာပေါင်း ၁၀ ရွာမှ ပြည်သူများ စစ်ဘေးရှောင်လျက်ရှိကြောင်း၊ တရုတ်ဒေသခံအစိုးရသည် စစ် ဘေးရှောင်များကို ခေတ္တနေရာချ ပေးထားပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ စစ်ဘေးရှောင်စခန်း တွင် စားသောက်နေထိုင်ရေးပြည့် စုံပြီး လုံခြုံရေးအာမခံချက်ရှိ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

နိုဝင်ဘာ ၂၀ ရက်ကစ၍ ကေအိုင်အေ၊ တီအင်န်အယ်လ်အေ၊ အမ်အင်န်ဒီအေအေ၊ အေအေ တိုင်းရင်းသားလက်နက်ကိုင်လေး ဖွဲ့ပါဝင်သော မြန်မာပြည်မြောက် ပိုင်းမဟာမိတ်တပ်ပေါင်းစုသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုး စစ်စတင်ခဲ့ပြီးနောက် ယနေ့အချိန်ထိ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွား လျက်ရှိသည်။ စတင်ဖြစ်ပွားသည့် တနင်္ဂနွေနေ့တွင် အရပ်သားအပါ အဝင် ကိုးဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ဘေးရှောင်များသည် နိုဝင်ဘာ ၂၂ ရက် ညနေအထိ တရုတ်ဘက်ခြမ်းသို့ ဝင်ရောက် လျက်ရှိသဖြင့် အရေအတွက်မှာ ထပ်မံတိုးလျက်ရှိကြောင်း သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top