Property Expo
×

စံရတီမိုးျမင့္တစ္ေယာက္ ေဖ့စ္ဘြတ္ ခ်က္ေဘာက္ကေနၿပီး ၿခိမ္းေျခာက္တာ ခံေနရတယ္လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။ Zun Pwint Phyu ဆုိတဲ့ အေကာင့္ပိုင္ရွင္က သူမကို မေကာင္းတဲ့ ဗီဒီယိုေတြ ေတြ႕တယ္ဆိုၿပီး ခ်က္ေဘာက္ကေန ေျပာဆုိခဲ့တယ္လို႕ ဆုိပါတယ္။
သူမကိုယ္တုိင္ အဲလိုကိစၥေတြ မရွိခဲ့တာေၾကာင့္ ယံုၾကည္ခ်က္အျပည့္နဲ႕ျပန္လည္ ျငင္းဆိုႏိုင္ခဲ့တယ္လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

“အားလံုးသတိထားၾကပါ… သဲသဲကို ဓာတ္ပံုထဲမွာ ျမင္ရတဲ့ Account ပိုင္႐ွင္ Zun Pwint Phyu ဆိုတာ ဟို link မွာ မေကာင္းတဲ့ video ေတြ႕တယ္။ ဒီ link မွာလည္းေတြ႕တယ္ ဆိုၿပီးၿခိမ္းေျခာက္ပါတယ္။ အဲဒီ link ေတြကလည္း ပံုထဲကအတိုင္း Fake Link ေတြႀကီးပဲ။ ကိုယ့္ဘက္က ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္လို႔ ဒီလိုကိစၥမ်ိဳး ျဖစ္ကိုမျဖစ္တာလို႔ ေျပာတာ ကိုလဲ ဇြဲမေလွ်ာ့ဘဲ ေနာက္တစ္ေခါက္ ထပ္ၿခိမ္းေျခာက္ပါတယ္။ သူ႔ပံုစံက ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ မလုပ္ပါနဲ႔ဘာညာ ေျပာရင္ လူကို အၾကပ္ကိုင္ ၿခိမ္းေျခာက္ခ်င္တဲ့ ပုံစံမ်ိဳးလို ျဖစ္လာတယ္လို႔ ထင္ျမင္မိလာပါတယ္” သူမရဲ႕ ပရိသတ္ေတြကို ျပန္ေျပာျပထားပါတယ္။

သူမကလည္း အဲဒီအေကာင့္ပိုင္ရွင္နဲ႕ Friend ျဖစ္ခဲ့ေပမဲ့ ယခု block လိုက္ၿပီ ျဖစ္ၿပီး ေနာက္ထပ္ ေႏွာက္ယွက္ရင္ အင္တာနက္မွာ ျခိမ္းေျခာက္မႈနဲ႕ တရားစြဲမယ္လို႕ သူမက ဆုိပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
စံရတီမိုးမြင့်တစ်ယောက် ဖေ့စ်ဘွတ် ချက်ဘောက်ကနေပြီး ခြိမ်းခြောက်တာ ခံနေရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ Zun Pwint Phyu ဆိုတဲ့ အကောင့်ပိုင်ရှင်က သူမကို မကောင်းတဲ့ ဗီဒီယိုတွေ တွေ့တယ်ဆိုပြီး ချက်ဘောက်ကနေ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သူမကိုယ်တိုင် အဲလိုကိစ္စတွေ မရှိခဲ့တာကြောင့် ယုံကြည်ချက်အပြည့်နဲ့ပြန်လည် ငြင်းဆိုနိုင်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“အားလုံးသတိထားကြပါ… သဲသဲကို ဓာတ်ပုံထဲမှာ မြင်ရတဲ့ Account ပိုင်ရှင် Zun Pwint Phyu ဆိုတာ ဟို link မှာ မကောင်းတဲ့ video တွေ့တယ်။ ဒီ link မှာလည်းတွေ့တယ် ဆိုပြီးခြိမ်းခြောက်ပါတယ်။ အဲဒီ link တွေကလည်း ပုံထဲကအတိုင်း Fake Link တွေကြီးပဲ။ ကိုယ့်ဘက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ ဒီလိုကိစ္စမျိုး ဖြစ်ကိုမဖြစ်တာလို့ ပြောတာ ကိုလဲ ဇွဲမလျှော့ဘဲ နောက်တစ်ခေါက် ထပ်ခြိမ်းခြောက်ပါတယ်။ သူ့ပုံစံက ကြောက်ကြောက်လန့်လန့်နဲ့ မလုပ်ပါနဲ့ဘာညာ ပြောရင် လူကို အကြပ်ကိုင် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးလို ဖြစ်လာတယ်လို့ ထင်မြင်မိလာပါတယ်” သူမရဲ့ ပရိသတ်တွေကို ပြန်ပြောပြထားပါတယ်။

သူမကလည်း အဲဒီအကောင့်ပိုင်ရှင်နဲ့ Friend ဖြစ်ခဲ့ပေမဲ့ ယခု block လိုက်ပြီ ဖြစ်ပြီး နောက်ထပ် နှောက်ယှက်ရင် အင်တာနက်မှာ ခြိမ်းခြောက်မှုနဲ့ တရားစွဲမယ်လို့ သူမက ဆိုပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top