Property Expo
×

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း ကို လာမည့္ ဧၿပီတြင္ စတင္ေဆာင္ရြက္မည္ျဖစ္ၿပီး စီမံကိန္းႏွင့္မ လြတ္ကင္းသည့္ အိမ္ေထာင္စု မ်ား ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ကို ၂၀၁၇ ပထမေလး လပတ္အတြင္း အေကာင္အထည္ ေဖာ္ေဆာင္ရြက္မည္ဟု ျမန္မာ့ မီးရထားမွ သတင္းရရွိသည္။

‘‘ရန္ကုန္ၿမိဳ႕ပတ္လမ္းတစ္ ေလွ်ာက္မွာ ၿငိစြန္းႏိုင္တဲ့ ေစ်းဆုိင္ေလးေတြ၊ အိမ္ေလးေတြအပါအ ဝင္ ေနထုိင္ၾကတဲ့ စီးပြားေရးလုပ္ ၾကသူေတြ ထိခိုက္မႈေတြ ရွိရင္ ဘယ္လိုေစာင့္ေရွာက္မႈေတြ လုပ္မလဲဆိုတာ ညႇိႏိႈင္းေပါင္းစပ္မႈျပဳ လုပ္ခဲ့ပါတယ္။ ေရႊ႕ေျပာင္းရင္ ထိခုိက္နစ္နာႏိုင္မယ့္ အိမ္ေလး ေတြ၊ ေစ်းဆုိင္ေလးေတြကို ဆံုး႐ႈံး နစ္နာမႈအလိုက္ ေလ်ာ္ေၾကးေပး ေဆာင္ရြက္ေပးမယ္ဆိုတာ မိဘ ျပည္သူေတြနဲ႔ ေဆြးေႏြးျဖစ္ခဲ့ပါ တယ္’’ ဟု ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္)အေထြေထြ မန္ေနဂ်ာ ဦးထြန္းေအာင္သင္းက ေျပာၾကားသည္။

ၿမိဳ႕ပတ္လမ္းတစ္ေလွ်ာက္ ျပန္လည္ေနရာခ်ထားေပးရမည့္ မီးရထားရဲအိမ္ခန္းႏွင့္ ဝန္ထမ္း မ်ားအေဆာက္အအံု ၁၄ လံုး၊ လူကူးခံုးေက်ာ္တံတား တစ္စင္း တည္ေဆာက္ေရးအတြက္ အိမ္တစ္လံုး၊ ေကာ္ဖီဆိုင္ႏွစ္ဆိုင္၊ ျပည္သူလူထုေန အေဆာက္အအံု ရွစ္လံုး၊ စိုက္ပ်ိဳးေနရာငါးေန ရာႏွင့္ ေစ်းဆိုင္ငယ္ ေလးဆိုင္ ပါဝင္ၿပီး စုစုေပါင္း ၃၄ ေနရာကို ျပန္လည္ ေနရာခ်ထားေပးမည္ ျဖစ္သည္။

အေဆာက္အအံု ဖ်က္သိမ္း ေျပာင္းေရႊ႕ရျခင္းေၾကာင့္ ထုိက္ သင့္ေသာ ေငြေၾကးကို သယ္ယူ ပို႔ေဆာင္စရိတ္အျဖစ္ ေပးအပ္ ျခင္း၊ ေျပာင္းေရႊ႕ေနရာတြင္ အေျခက်ရန္ လူတစ္ဦးစီအတြက္ ထုိက္ သင့္ေသာ ေငြေၾကးမ်ား က႐ုဏာ ေၾကးအျဖစ္ ေပးအပ္မည္ ျဖစ္ ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း ပိုင္း အဆင့္ျမႇင့္တင္ရာတြင္ မလြတ္ကင္းေသာ ပ်ံက်ေစ်းသည္ သံုးဦး၊ တညင္းကုန္းဘူတာ၌ ၁၈၃ဦး၊ သမုိင္းဘူတာ၌ ၁၃၁ ဦး၊ ကန္ဘဲ့ဘူတာ၌ ၁၂ ဦးႏွင့္ ၾကည့္ျမင္တိုင္ဘူတာ၌ ၁၇ ဦးတို႔ကို ျမန္မာ့မီးရထားကလာမည့္ ဒီဇင္ဘာကစ၍ ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းကို လာမည့္ ၂၀၁၇ ဧၿပီတြင္ စတင္ အေကာင္အထည္ေဖာ္ ေဆာင္ ရြက္မည္ျဖစ္ရာ အဆင့္ျမႇင့္တင္ ရာတြင္ ရထားသံလမ္းမ်ားအျပင္ ဇလီဖားတံုးမ်ား လူကူးခံုးေက်ာ္တံ တားမ်ား၊ အခ်က္ျပစခန္းမ်ား၊ ပလက္ေဖာင္း၊ ရထားဘူတာႏွင့္ ဘူတာ႐ံုအေဆာက္အံုမ်ားကို လည္း တစ္ပါတည္း အဆင့္ျမႇင့္ တင္မည္ျဖစ္သည္။

‘‘အဆင့္ျမႇင့္တင္ရာမွာ ႏွစ္ ပိုင္းခြဲထားပါတယ္။ ပထမတစ္ ပိုင္းက ႏုိင္ငံျခားအကူအညီနဲ႔ ေဆာင္ရြက္တဲ့ အပိုင္း၊ က်န္တဲ့ ဒုတိယအပိုင္းက ႏုိင္ငံေတာ္ဘတ္ ဂ်က္နဲ႔ ေဆာင္ရြက္တဲ့အပိုင္းပါ။ ႏုိင္ငံေတာ္ဘတ္ဂ်က္နဲ႔လုပ္တဲ့အ ပိုင္းမွာ လမ္းအဆင့္ျမႇင့္တင္ေရး၊ ပလက္ေဖာင္းေတြ၊ ဘူတာေတြ၊ စႀကႍေတြ၊ ေရေျမာင္းေတြ၊ ေျမ ထိန္းနံရံေတြအားလံုးကို လုပ္သြား မယ္’’ဟု ဦးထြန္းေအာင္သင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း ပိုင္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း တြင္ ဂ်ပန္ ဂ်ိဳက္ကာမွ ODA ေခ်း ေငြအေမရိကန္ေဒၚလာ ၂၀၆ သန္းျဖင့္ DMU အဆင့္ျမႇင့္ရထားတြဲ ေျခာက္တြဲပါ တြဲဆုိင္း ၁၁ ဆိုင္း ဝယ္ယူရန္ႏွင့္ ရထားကားလမ္း ကူး ၂၅ ေနရာ၌ အခ်က္ျပ စနစ္သစ္မ်ား တပ္ဆင္ရန္ ေဆာင္ရြက္မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ကို လာမည့် ဧပြီတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းနှင့်မ လွတ်ကင်းသည့် အိမ်ထောင်စု များ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ၂၀၁၇ ပထမလေး လပတ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု မြန်မာ့ မီးရထားမှ သတင်းရရှိသည်။

‘‘ရန်ကုန်မြို့ပတ်လမ်းတစ် လျှောက်မှာ ငြိစွန်းနိုင်တဲ့ ဈေးဆိုင်လေးတွေ၊ အိမ်လေးတွေအပါအ ဝင် နေထိုင်ကြတဲ့ စီးပွားရေးလုပ် ကြသူတွေ ထိခိုက်မှုတွေ ရှိရင် ဘယ်လိုစောင့်ရှောက်မှုတွေ လုပ်မလဲဆိုတာ ညှိနှိုင်းပေါင်းစပ်မှုပြု လုပ်ခဲ့ပါတယ်။ ရွှေ့ပြောင်းရင် ထိခိုက်နစ်နာနိုင်မယ့် အိမ်လေး တွေ၊ ဈေးဆိုင်လေးတွေကို ဆုံးရှုံး နစ်နာမှုအလိုက် လျော်ကြေးပေး ဆောင်ရွက်ပေးမယ်ဆိုတာ မိဘ ပြည်သူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့ပါ တယ်’’ ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်)အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

မြို့ပတ်လမ်းတစ်လျှောက် ပြန်လည်နေရာချထားပေးရမည့် မီးရထားရဲအိမ်ခန်းနှင့် ဝန်ထမ်း များအဆောက်အအုံ ၁၄ လုံး၊ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရေးအတွက် အိမ်တစ်လုံး၊ ကော်ဖီဆိုင်နှစ်ဆိုင်၊ ပြည်သူလူထုနေ အဆောက်အအုံ ရှစ်လုံး၊ စိုက်ပျိုးနေရာငါးနေ ရာနှင့် ဈေးဆိုင်ငယ် လေးဆိုင် ပါဝင်ပြီး စုစုပေါင်း ၃၄ နေရာကို ပြန်လည် နေရာချထားပေးမည် ဖြစ်သည်။

အဆောက်အအုံ ဖျက်သိမ်း ပြောင်းရွှေ့ရခြင်းကြောင့် ထိုက် သင့်သော ငွေကြေးကို သယ်ယူ ပို့ဆောင်စရိတ်အဖြစ် ပေးအပ် ခြင်း၊ ပြောင်းရွှေ့နေရာတွင် အခြေကျရန် လူတစ်ဦးစီအတွက် ထိုက် သင့်သော ငွေကြေးများ ကရုဏာ ကြေးအဖြစ် ပေးအပ်မည် ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း အဆင့်မြှင့်တင်ရာတွင် မလွတ်ကင်းသော ပျံကျဈေးသည် သုံးဦး၊ တညင်းကုန်းဘူတာ၌ ၁၈၃ဦး၊ သမိုင်းဘူတာ၌ ၁၃၁ ဦး၊ ကန်ဘဲ့ဘူတာ၌ ၁၂ ဦးနှင့် ကြည့်မြင်တိုင်ဘူတာ၌ ၁၇ ဦးတို့ကို မြန်မာ့မီးရထားကလာမည့် ဒီဇင်ဘာကစ၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို လာမည့် ၂၀၁၇ ဧပြီတွင် စတင် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ရာ အဆင့်မြှင့်တင် ရာတွင် ရထားသံလမ်းများအပြင် ဇလီဖားတုံးများ လူကူးခုံးကျော်တံ တားများ၊ အချက်ပြစခန်းများ၊ ပလက်ဖောင်း၊ ရထားဘူတာနှင့် ဘူတာရုံအဆောက်အုံများကို လည်း တစ်ပါတည်း အဆင့်မြှင့် တင်မည်ဖြစ်သည်။

‘‘အဆင့်မြှင့်တင်ရာမှာ နှစ် ပိုင်းခွဲထားပါတယ်။ ပထမတစ် ပိုင်းက နိုင်ငံခြားအကူအညီနဲ့ ဆောင်ရွက်တဲ့ အပိုင်း၊ ကျန်တဲ့ ဒုတိယအပိုင်းက နိုင်ငံတော်ဘတ် ဂျက်နဲ့ ဆောင်ရွက်တဲ့အပိုင်းပါ။ နိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်တဲ့အ ပိုင်းမှာ လမ်းအဆင့်မြှင့်တင်ရေး၊ ပလက်ဖောင်းတွေ၊ ဘူတာတွေ၊ စင်္ကြံတွေ၊ ရေမြောင်းတွေ၊ မြေ ထိန်းနံရံတွေအားလုံးကို လုပ်သွား မယ်’’ဟု ဦးထွန်းအောင်သင်းက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း တွင် ဂျပန် ဂျိုက်ကာမှ ODA ချေး ငွေအမေရိကန်ဒေါ်လာ ၂၀၆ သန်းဖြင့် DMU အဆင့်မြှင့်ရထားတွဲ ခြောက်တွဲပါ တွဲဆိုင်း ၁၁ ဆိုင်း ဝယ်ယူရန်နှင့် ရထားကားလမ်း ကူး ၂၅ နေရာ၌ အချက်ပြ စနစ်သစ်များ တပ်ဆင်ရန် ဆောင်ရွက်မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top