Property Expo
×

ဘ၀မွာ ရွင္သန္ရပ္တည္ေနသူတုိင္း ကိုယ္ရွင္သန္ေနရတဲ့ဘ၀မွာ ယံုၾကည္မႈမဲ့စြာ ေနထုိင္လႈပ္ရွားေနရတာမ်ိဳး မျဖစ္သင့္ပါဘူး။ ကုိယ့္ကိုကုိယ္ ယံုၾကည္မႈမရွိတဲ့အခါ အရာရာဟာ လုပ္ေဆာင္ရတာ ခက္ခဲေနတတ္ျပီး အဆင္မေျပျဖစ္တတ္ၾကပါတယ္။ မိမိဘာသာယံုၾကည္မႈရွိေနသည့္တုိင္ေအာင္ အခက္အခဲေတြ၊ အတားအဆီးေတြ မၾကာခဏႀကံဳေတြ႕ရတဲ့အခါ၊ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို အရံႈးေပးလုိက္ရတဲ့အခါ ကိုယ့္ကိုကိုယ္ယံုၾကည္မႈေတြ ေလ်ာ့က်သြားတတ္ပါတယ္။ ငါမလုပ္ႏိုင္ဘူးဆိုတာေတြ၊ မျဖစ္ႏိုင္ဘူးဆုိတာေတြကို စိတ္ထဲက ထုတ္ၿပီး ကိုယ္လိုခ်င္တဲ့အရာကို ရေအာင္ယူႏိုင္ဖုိ႔၊ ကိုယ္ျဖစ္ခ်င္တာေတြ အေကာင္အထည္ေဖာ္ႏိုင္ဖုိ႔အတြက္ သိထားရမယ့္ အခ်က္ကေလးေတြ ေျပာျပေပးခ်င္ပါတယ္။

၁။ကိုယ္ဘယ္အရာေတြမွာ အားနည္းတယ္၊ မလုပ္ႏိုင္ဘူးလည္း ဆိုတာကို သတိထားလိုက္ပါ။

အရာအားလံုးကို လုပ္ေဆာင္ႏိုင္တဲ့သူ၊ ထူးခၽြန္တဲ့သူဆိုတာ မရွိပါဘူး။ လူတိုင္းမွာ အားနည္းခ်က္ကေတာ့ ရွိၾကတာပါပဲ။ ဒီေတာ့ သင့္မွာလည္း အားနည္းခ်က္ေတြ၊ မလုပ္ႏိုင္တဲ့အရာေတြ ရွိေနတယ္ဆိုတာ အံ့ၾသစရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ္ဘယ္လိုအရာေတြမွာ အားနည္းတယ္ဆိုတာ သိေအာင္လုပ္ၿပီး ကိုယ့္ဘက္က အတတ္ႏိုင္ဆံုး ျပင္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။ ကိုယ္ဘာေတြ အားနည္းတယ္ဆိုတာကို သိရေအာင္  စာအုပ္ထဲမွာ ခ်ေရးထားတာမ်ိဳး၊ မွန္ေရွ႕မွာ ကိုယ့္ကိုကိုယ္ၾကည့္ၿပီး ေရရြတ္တာမ်ိဳးေတြ လုပ္ပါ။ ျပင္ႏိုင္သမွ်ကို ေျဖးေျဖးခ်င္း ျပင္သြားပါ။

၂။ကိုယ့္ကို ေၾကာက္ေစတဲ့အရာမ်ိဳးေတြထဲက တစ္ခုခုကို ေရွာင္ဖယ္မေနပဲ စမ္းလုပ္ၾကည့္ပါ။

ကိုယ့္စိ္တ္ထဲ လုပ္ခ်င္စိတ္အျပည့္ရွိေနေပမယ့္ လုပ္ရမွာေၾကာက္တဲ့အရာမ်ိဳးေတြ ရွိပါတယ္။ အဲ့ဒီအရာေတြကို မျဖစ္မေန လုပ္ၾကည့္လုိက္ပါ။ ခုလိုလုပ္ျခင္းအားျဖင့္ ပထမဆံုးအႀကိမ္မွာ သင္အခက္အခဲ ရင္ဆုိင္ႏိုင္ရဖြယ္ရွိေပမယ့္ ေနာက္ပိုင္းအဆင္ေျပသြားပါလိမ့္မယ္။ ဒါဟာလံုး၀ေသခ်ာတာမို႔ စမ္းလုပ္ၾကည့္ဖုိ႔ မေၾကာက္ပါနဲ႔။

၃။ရႈံးနိမ့္ျခင္းကေန သင္ယူပါ။

သင္ေရွ႕မွာ ႀကံဳေတြ႕ခဲ့ရတဲ့ နာက်င္မႈ၊ အရံႈးနဲ႔ အမွားေတြကေန သင္ခန္းစာေတြ အမ်ားႀကီးရလာပါလိမ့္မယ္။ ဒီအရာေတြကေန ယံုၾကည္မႈတည္ေဆာက္ႏိုင္တယ္လုိ႔ ဘယ္သူယံုမွာလဲ။ တကယ္ေတာ့ ပထမတစ္ခါကိုယ္လုပ္လိုက္လုိ႔ အရႈံးေတြ ရင္ဆိုင္လိုက္ရၿပီဆုိရင္ ဒီလိုပါလား၊ ငါဒီကေန ဒါေတြသိလုိက္ရတယ္ဆုိတဲ့ အသိကေန သင္ဟာ ယံုၾကည္မႈေတြ ရရွိႏိုင္ပါတယ္။ ေနာက္တစ္ႀကိမ္မွာေတာ့ ဒီယံုၾကည္မႈနဲ႔ ေရွ႕ဆက္လိုက္ပါ။

၄။တစ္ျခားသူေတြကို ကိုယ္ဒုကၡေရာက္ေနတဲ့ပံု၊ ပူထူပ်ာယာခတ္ေနတဲ့ပံု မျမင္ပါေစနဲ႔။

သင္တစ္ေန႔တာ လုပ္ရမယ့္ အရာေတြကို အိမ္ကမထြက္ခင္ကတည္းက ႀကိဳတင္ျပင္ဆင္သြားပါ။ ၀ီရိယထားၿပီး ႀကိဳးစားပါ။ တတ္ႏိုင္သမွ် ကိုယ့္ဘက္က ႀကိဳးစားျပင္ဆင္ထားမယ္ဆုိရင္ေတာ့ လူၾကားထဲ ပ်ာယာခတ္ေနစရာ မလုိေတာ့ဘူးေပါ့။ ေအးေဆးျဖစ္ေနတဲ့ပံုနဲ႔သာ တည္တည္ၿငိမ္ၿငိမ္ရွိေနဖုိ႔ အေရးႀကီးပါတယ္။

၅။ ကိုယ္လက္ေလ့က်င့္ခန္းတစ္ခုခုလုပ္ပါ။

ယံုၾကည္မႈရွိေစဖုိ႔ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ရတယ္ဆိုတာ အဓိပၸါယ္မရွိဘူးလို႔ သင္ေတြးပါလိမ့္မယ္။ တကယ္ေတာ့ ဒါဟာ အမွန္တကယ္ပဲ ျဖစ္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္လိုက္တဲ့အခါ သင့္ခႏၶာကိုယ္ကေန ထုတ္လႊတ္လိုက္တဲ့ ဓာတုေဗဒဆိုင္ရာေဟာ္မုန္းေတြက သင့္ကို ေပါ့ပါးလြတ္လပ္တဲ့ခံစားမႈ၊ ေပ်ာ္ရႊင္ေစတဲ့ ခံစားမႈေတြ ေပးႏိုင္တာေၾကာင့္ပါ။ အရာရာကိုလည္း ငါလုပ္ႏိုင္တယ္ဆုိတဲ့ အေတြးမ်ိဳးလည္း သင့္ဆီမွာ ရွိလာပါလိမ့္မယ္။

၆။စမတ္က်ေအာင္ေနပါ။ ျပင္ျပင္ဆင္ဆင္ေနပါ။

ကိုယ့္စိတ္ထဲ ယံုၾကည္မႈေတြ ျမွင့္တင္ႏိုင္ဖုိ႔ဆုိရင္ သင့္ရဲ႕ဖက္ရွင္စတိုင္နဲ႔ စမတ္က်မက်ဆုိတာကလည္း သက္ဆုိင္ေနပါေသးတယ္။ သင္က တစ္ကိုယ္ေရသန္႔ရွင္းမႈရွိသလို ကိုယ့္ကိုကိုယ္ျပင္ျပင္ဆင္ဆင္ေနတတ္သူဆုိရင္ လူေတြရဲ႕အၾကည့္၊ အာရံုစိုက္မႈပံုစံေတြကလည္း ေျပာင္းလဲသြားမွာပါ။  အဲ့ဒီအေပၚမွာ သင္ရရွိလိုက္မွာကေတာ့ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈပဲေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ဘဝမှာ ရှင်သန်ရပ်တည်နေသူတိုင်း ကိုယ်ရှင်သန်နေရတဲ့ဘဝမှာ ယုံကြည်မှုမဲ့စွာ နေထိုင်လှုပ်ရှားနေရတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့အခါ အရာရာဟာ လုပ်ဆောင်ရတာ ခက်ခဲနေတတ်ပြီး အဆင်မပြေဖြစ်တတ်ကြပါတယ်။ မိမိဘာသာယုံကြည်မှုရှိနေသည့်တိုင်အောင် အခက်အခဲတွေ၊ အတားအဆီးတွေ မကြာခဏကြုံတွေ့ရတဲ့အခါ၊ ကိစ္စရပ်တော်တော်များများကို အရှုံးပေးလိုက်ရတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ လျော့ကျသွားတတ်ပါတယ်။ ငါမလုပ်နိုင်ဘူးဆိုတာတွေ၊ မဖြစ်နိုင်ဘူးဆိုတာတွေကို စိတ်ထဲက ထုတ်ပြီး ကိုယ်လိုချင်တဲ့အရာကို ရအောင်ယူနိုင်ဖို့၊ ကိုယ်ဖြစ်ချင်တာတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် သိထားရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ကိုယ်ဘယ်အရာတွေမှာ အားနည်းတယ်၊ မလုပ်နိုင်ဘူးလည်း ဆိုတာကို သတိထားလိုက်ပါ။

အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့သူ၊ ထူးချွန်တဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်ကတော့ ရှိကြတာပါပဲ။ ဒီတော့ သင့်မှာလည်း အားနည်းချက်တွေ၊ မလုပ်နိုင်တဲ့အရာတွေ ရှိနေတယ်ဆိုတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဘယ်လိုအရာတွေမှာ အားနည်းတယ်ဆိုတာ သိအောင်လုပ်ပြီး ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ဘာတွေ အားနည်းတယ်ဆိုတာကို သိရအောင်  စာအုပ်ထဲမှာ ချရေးထားတာမျိုး၊ မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်ပြီး ရေရွတ်တာမျိုးတွေ လုပ်ပါ။ ပြင်နိုင်သမျှကို ဖြေးဖြေးချင်း ပြင်သွားပါ။

၂။ကိုယ့်ကို ကြောက်စေတဲ့အရာမျိုးတွေထဲက တစ်ခုခုကို ရှောင်ဖယ်မနေပဲ စမ်းလုပ်ကြည့်ပါ။

ကိုယ့်စိတ်ထဲ လုပ်ချင်စိတ်အပြည့်ရှိနေပေမယ့် လုပ်ရမှာကြောက်တဲ့အရာမျိုးတွေ ရှိပါတယ်။ အဲ့ဒီအရာတွေကို မဖြစ်မနေ လုပ်ကြည့်လိုက်ပါ။ ခုလိုလုပ်ခြင်းအားဖြင့် ပထမဆုံးအကြိမ်မှာ သင်အခက်အခဲ ရင်ဆိုင်နိုင်ရဖွယ်ရှိပေမယ့် နောက်ပိုင်းအဆင်ပြေသွားပါလိမ့်မယ်။ ဒါဟာလုံးဝသေချာတာမို့ စမ်းလုပ်ကြည့်ဖို့ မကြောက်ပါနဲ့။

၃။ရှုံးနိမ့်ခြင်းကနေ သင်ယူပါ။

သင်ရှေ့မှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှု၊ အရှုံးနဲ့ အမှားတွေကနေ သင်ခန်းစာတွေ အများကြီးရလာပါလိမ့်မယ်။ ဒီအရာတွေကနေ ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ ဘယ်သူယုံမှာလဲ။ တကယ်တော့ ပထမတစ်ခါကိုယ်လုပ်လိုက်လို့ အရှုံးတွေ ရင်ဆိုင်လိုက်ရပြီဆိုရင် ဒီလိုပါလား၊ ငါဒီကနေ ဒါတွေသိလိုက်ရတယ်ဆိုတဲ့ အသိကနေ သင်ဟာ ယုံကြည်မှုတွေ ရရှိနိုင်ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဒီယုံကြည်မှုနဲ့ ရှေ့ဆက်လိုက်ပါ။

၄။တစ်ခြားသူတွေကို ကိုယ်ဒုက္ခရောက်နေတဲ့ပုံ၊ ပူထူပျာယာခတ်နေတဲ့ပုံ မမြင်ပါစေနဲ့။

သင်တစ်နေ့တာ လုပ်ရမယ့် အရာတွေကို အိမ်ကမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်သွားပါ။ ဝီရိယထားပြီး ကြိုးစားပါ။ တတ်နိုင်သမျှ ကိုယ့်ဘက်က ကြိုးစားပြင်ဆင်ထားမယ်ဆိုရင်တော့ လူကြားထဲ ပျာယာခတ်နေစရာ မလိုတော့ဘူးပေါ့။ အေးဆေးဖြစ်နေတဲ့ပုံနဲ့သာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ အရေးကြီးပါတယ်။

၅။ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။

ယုံကြည်မှုရှိစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ သင်တွေးပါလိမ့်မယ်။ တကယ်တော့ ဒါဟာ အမှန်တကယ်ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ ဓာတုဗေဒဆိုင်ရာဟော်မုန်းတွေက သင့်ကို ပေါ့ပါးလွတ်လပ်တဲ့ခံစားမှု၊ ပျော်ရွှင်စေတဲ့ ခံစားမှုတွေ ပေးနိုင်တာကြောင့်ပါ။ အရာရာကိုလည်း ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးလည်း သင့်ဆီမှာ ရှိလာပါလိမ့်မယ်။

၆။စမတ်ကျအောင်နေပါ။ ပြင်ပြင်ဆင်ဆင်နေပါ။

ကိုယ့်စိတ်ထဲ ယုံကြည်မှုတွေ မြှင့်တင်နိုင်ဖို့ဆိုရင် သင့်ရဲ့ဖက်ရှင်စတိုင်နဲ့ စမတ်ကျမကျဆိုတာကလည်း သက်ဆိုင်နေပါသေးတယ်။ သင်က တစ်ကိုယ်ရေသန့်ရှင်းမှုရှိသလို ကိုယ့်ကိုကိုယ်ပြင်ပြင်ဆင်ဆင်နေတတ်သူဆိုရင် လူတွေရဲ့အကြည့်၊ အာရုံစိုက်မှုပုံစံတွေကလည်း ပြောင်းလဲသွားမှာပါ။  အဲ့ဒီအပေါ်မှာ သင်ရရှိလိုက်မှာကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲပေါ့။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top