Property Expo
×

ရည္းစား၊ ခ်စ္သူထားေတာ့မယ္ဆိုရင္ အလုပ္ရိွမွ အဆင္ေျပလိမ့္မယ္ဆိုျပီးေတာ့ လက္ခံထားတဲ့သူေတြ အမ်ားၾကီးပါ။ ခ်ိန္းေတြ႕ျခင္းကေန ေငြေၾကးျပသနာျဖစ္လာတတ္ျခင္းဟာ လူပ်ဳိ၊ အပ်ဳိေတြမွာ အမ်ားအားျဖင့္ ၾကဳံေတြ႕တတ္တဲ့ အခက္အခဲပဲျဖစ္ပါတယ္။ သင့္ခ်စ္သူမွာေရာ ဒီလိုအခက္အခဲမ်ိဳး ၾကံဳေနရျပီလား။ သင့္ေရွ႕မွာ သူဟန္ေဆာင္ေနရေပမယ့္ သူ႕မွာ ေငြေၾကးအခက္အခဲရွိေနျပီဆုိတာကို ဒီအခ်က္ေလးေတြကတစ္ဆင့္ သိႏိုင္ပါတယ္။

၁။ အမ်ားအားျဖင့္ခ်ိန္းေတြ႕တဲ့ေန႔တိုင္း ေျခလ်င္ေလွ်ာက္ဖို႔ ပိုလိုခ်င္ၾကတယ္။

အစပိုင္းမွာေတာ့ ရိုမန္တစ္ဆန္ဆန္ေပါ့။ လက္တြဲျပီးခ်စ္သူႏွစ္ဦး လမ္းေလွ်ာက္ရင္း ေလညွင္းခံတာဘယ္ေလာက္ ၾကည္ႏူးစရာေကာင္းလဲ။ ဒီလိုမ်ဳိးအေျခအေနမဟုတ္ပဲနဲ႔ ရုပ္ရွင္ၾကည့္ဖို႔ ဒါမွမဟုတ္ ညစာ စားဖို႔ ဖိတ္ေခၚရင္း လမ္းေလွ်ာက္သြားၾကမယ္ဆိုတဲ့ အေျခအေနေတြ မ်ားလာျပီဆိုရင္ေတာ့ သူ႔ပိုက္ဆံအိတ္ေခ်ာင္ေနတယ္ဆိုတာေသခ်ာသေလာက္ရိွပါတယ္။

၂။ ခ်ိန္းေတြ႕ေနက်ရက္ကို ေရႊ႕ျပီးအေၾကာင္းျပတတ္လာတယ္။

ရက္ေရႊ႕ရျခင္းအေၾကာင္းရင္းကေတာ့ ခုခ်ိန္မွာ သူတို႔ဆီမွာ ဒီေန႔ခ်ိန္းေတြ႕ဖို႔ေငြေၾကးအခက္အခဲၾကဳံေတြ႕ေနလို႔ ျဖစ္ႏိုင္ပါတယ္။ သူ႔အေနနဲ႔ ဒီရက္ကို မေတြ႕ေသးပဲနဲ႔ အၾကံထုတ္ဦးမယ္ (ပိုက္ဆံရဖို႔)။ အတင္းမေတာင္းဆိုပါနဲ႔။ သူ႔ဘက္မွာ ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ေနရလဲဆိုတာ သင္ေသခ်ာမသိေသးခင္ထိေပါ့။

၃။ ေဘလ္ေရာက္လာရင္ သူမ်ားကို ဦးစားေပးတတ္ၾကပါတယ္။

ေဘလ္စာရြက္စားပြဲေပၚေရာက္လာျပီဆိုရင္ေတာ့ သူတလွည့္ကိုယ္တလွည့္ၾကည့္ၾကတာေပါ့။ ဒါေပမယ့္ သင့္အေနနဲ႔ “ရတယ္။ ငါရွင္းလိုက္မယ္” ဆိုျပီး သင့္စကားမဆုံးခင္ကတည္းကေန သူ႔လက္ဟာ သူ႔ေပါင္ေပၚခ်က္ခ်င္းေရာက္သြားပါလိမ့္မယ္။ ဒါသူ႔ဆီ ေငြျပတ္ေနတယ္ဆိုတဲ့ အခ်က္ျပမီးပဲျဖစ္ပါတယ္။

၄။ သူ႔မ်က္လုံးေအာက္ဘက္ ေယာင္ျပီး မ်က္ခြံညိွေနတယ္။

ေငြအေၾကးအခက္အခဲ ၾကဳံလာျပီဆိုရင္ေတာ့ လူအမ်ားစုဟာ နွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္မေပ်ာ္ၾကပါဘူး။ ဘယ္ေန႔မွာ ခ်စ္သူနဲ႔ေတြ႕ျပီး ေငြဘယ္ေလာက္သုံးလိုက္လဲ…. ဆိုတာမ်ဳိး၊ ျပီးေတာ့ ေနာက္ေန႔ခ်ိန္းေတြ႕တဲ့အခါက်ရင္ ဘယ္လိုလုပ္ရမလဲဆိုျပီး အေတြးနယ္ခ်ဲ႕ရင္း အိပ္မေပ်ာ္ျဖစ္ၾကပါတယ္။

၅။ ဒါေပမယ့္…. စိတ္ဓါတ္မက်ပါနဲ႔။

ေငြေၾကးကိစၥမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခံယူခ်က္မတူၾကပါဘူး။ တခ်ဳိ႕လူေတြက ေငြနဲ႔တစ္ဖက္ လူရဲ႕အာရုံကို ဖမ္းစားဖို႔ၾကိဳးစားတတ္ၾကသလို တခ်ဳိ႕လူေတြက်ျပန္ေတာ့ ေငြသုံးတဲ့သူေတြကို ေၾကာက္တတ္ၾကပါတယ္။
 သူတို႔ေငြျပတ္ေနလို႔ စည္းကမ္းမရိွပဲ သုံးျဖဳန္းတဲ့သူဆိုျပီး စြပ္စြဲလို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အလုပ္မွာ ခ်စ္သူကို အခ်ိန္ေပးတာမ်ားလို႔ လခအဖ်က္ခံရတာ၊ ဖ်ားေနတဲ့သူငယ္ခ်င္း ေဆြမ်ဳိးေတြကို ကူညီေပးလိုက္လို႔ လည္း ျဖစ္ႏိုင္ပါတယ္။ ေငြေၾကးနဲ႔အခက္အခဲၾကဳံေတြ႔ေနတဲ့သူတိုင္းဟာ တာဝန္ယူတတ္မႈ ကင္းမဲ့တဲ့သူေတြခ်ည္းပဲ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ရည်းစား၊ ချစ်သူထားတော့မယ်ဆိုရင် အလုပ်ရှိမှ အဆင်ပြေလိမ့်မယ်ဆိုပြီးတော့ လက်ခံထားတဲ့သူတွေ အများကြီးပါ။ ချိန်းတွေ့ခြင်းကနေ ငွေကြေးပြသနာဖြစ်လာတတ်ခြင်းဟာ လူပျို၊ အပျိုတွေမှာ အများအားဖြင့် ကြုံတွေ့တတ်တဲ့ အခက်အခဲပဲဖြစ်ပါတယ်။ သင့်ချစ်သူမှာရော ဒီလိုအခက်အခဲမျိုး ကြုံနေရပြီလား။ သင့်ရှေ့မှာ သူဟန်ဆောင်နေရပေမယ့် သူ့မှာ ငွေကြေးအခက်အခဲရှိနေပြီဆိုတာကို ဒီအချက်လေးတွေကတစ်ဆင့် သိနိုင်ပါတယ်။

၁။ အများအားဖြင့်ချိန်းတွေ့တဲ့နေ့တိုင်း ခြေလျင်လျှောက်ဖို့ ပိုလိုချင်ကြတယ်။

အစပိုင်းမှာတော့ ရိုမန်တစ်ဆန်ဆန်ပေါ့။ လက်တွဲပြီးချစ်သူနှစ်ဦး လမ်းလျှောက်ရင်း လေညှင်းခံတာဘယ်လောက် ကြည်နူးစရာကောင်းလဲ။ ဒီလိုမျိုးအခြေအနေမဟုတ်ပဲနဲ့ ရုပ်ရှင်ကြည့်ဖို့ ဒါမှမဟုတ် ညစာ စားဖို့ ဖိတ်ခေါ်ရင်း လမ်းလျှောက်သွားကြမယ်ဆိုတဲ့ အခြေအနေတွေ များလာပြီဆိုရင်တော့ သူ့ပိုက်ဆံအိတ်ချောင်နေတယ်ဆိုတာသေချာသလောက်ရှိပါတယ်။

၂။ ချိန်းတွေ့နေကျရက်ကို ရွှေ့ပြီးအကြောင်းပြတတ်လာတယ်။

ရက်ရွှေ့ရခြင်းအကြောင်းရင်းကတော့ ခုချိန်မှာ သူတို့ဆီမှာ ဒီနေ့ချိန်းတွေ့ဖို့ငွေကြေးအခက်အခဲကြုံတွေ့နေလို့ ဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ဒီရက်ကို မတွေ့သေးပဲနဲ့ အကြံထုတ်ဦးမယ် (ပိုက်ဆံရဖို့)။ အတင်းမတောင်းဆိုပါနဲ့။ သူ့ဘက်မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲဆိုတာ သင်သေချာမသိသေးခင်ထိပေါ့။

၃။ ဘေလ်ရောက်လာရင် သူများကို ဦးစားပေးတတ်ကြပါတယ်။

ဘေလ်စာရွက်စားပွဲပေါ်ရောက်လာပြီဆိုရင်တော့ သူတလှည့်ကိုယ်တလှည့်ကြည့်ကြတာပေါ့။ ဒါပေမယ့် သင့်အနေနဲ့ “ရတယ်။ ငါရှင်းလိုက်မယ်” ဆိုပြီး သင့်စကားမဆုံးခင်ကတည်းကနေ သူ့လက်ဟာ သူ့ပေါင်ပေါ်ချက်ချင်းရောက်သွားပါလိမ့်မယ်။ ဒါသူ့ဆီ ငွေပြတ်နေတယ်ဆိုတဲ့ အချက်ပြမီးပဲဖြစ်ပါတယ်။

၄။ သူ့မျက်လုံးအောက်ဘက် ယောင်ပြီး မျက်ခွံညှိနေတယ်။

ငွေအကြေးအခက်အခဲ ကြုံလာပြီဆိုရင်တော့ လူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ကြပါဘူး။ ဘယ်နေ့မှာ ချစ်သူနဲ့တွေ့ပြီး ငွေဘယ်လောက်သုံးလိုက်လဲ…. ဆိုတာမျိုး၊ ပြီးတော့ နောက်နေ့ချိန်းတွေ့တဲ့အခါကျရင် ဘယ်လိုလုပ်ရမလဲဆိုပြီး အတွေးနယ်ချဲ့ရင်း အိပ်မပျော်ဖြစ်ကြပါတယ်။

၅။ ဒါပေမယ့်…. စိတ်ဓါတ်မကျပါနဲ့။

ငွေကြေးကိစ္စမှာ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်မတူကြပါဘူး။ တချို့လူတွေက ငွေနဲ့တစ်ဖက် လူရဲ့အာရုံကို ဖမ်းစားဖို့ကြိုးစားတတ်ကြသလို တချို့လူတွေကျပြန်တော့ ငွေသုံးတဲ့သူတွေကို ကြောက်တတ်ကြပါတယ်။
 သူတို့ငွေပြတ်နေလို့ စည်းကမ်းမရှိပဲ သုံးဖြုန်းတဲ့သူဆိုပြီး စွပ်စွဲလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်မှာ ချစ်သူကို အချိန်ပေးတာများလို့ လခအဖျက်ခံရတာ၊ ဖျားနေတဲ့သူငယ်ချင်း ဆွေမျိုးတွေကို ကူညီပေးလိုက်လို့ လည်း ဖြစ်နိုင်ပါတယ်။ ငွေကြေးနဲ့အခက်အခဲကြုံတွေ့နေတဲ့သူတိုင်းဟာ တာဝန်ယူတတ်မှု ကင်းမဲ့တဲ့သူတွေချည်းပဲ မဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top