Property Expo
×

အသက္ရွည္က်န္းမာစြာ ေနထုိင္ႏုိင္ဖို႔ အဓိကေသာ့ခ်က္ထဲမွာ ေသြးလည္ပတ္မႈ ေကာင္းမြန္ျခင္းလည္း ပါဝင္ပါတယ္။ ခႏၶာကိုယ္တစ္ခုလံုးအႏွံ႔ လိုအပ္တဲ့ အာဟာရေတြကို ေသြးလည္ပတ္မႈကေန တစ္ဆင့္ ပို႔ေဆာင္တာမို႔ ေလ့က်င့္ခန္းလုပ္ရင္း ေသြးလည္ပတ္ မႈေကာင္းေအာင္ လုပ္႐ုံသာမက စူပါအစားအစာေတြရဲ႕ အကူအညီလည္း ယူဖို႔လိုတာေၾကာင့္ ဘာေတြလဲဆုိတာ ေလ့လာၾကည့္ရေအာင္ပါ။

ကၫြတ္-ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားရွင္းလင္းေပးၿပီး ပိုတက္ဆီယမ္၊ ဗီတာမင္စီနဲ႔ အမွ်င္ဓာတ္မ်ား ႂကြယ္ဝကာ ေသြးလည္ပတ္မႈေကာင္းၿပီး ေရာင္ရမ္းတာေတြကိုလည္း သက္သာေပ်ာက္ ကင္းေစပါတယ္။

တ႐ုတ္နံနံ- ဗီတာမင္ေအႂကြယ္ဝၿပီး သဘာဝဆီးရႊင္ေဆးလည္းျဖစ္ကာ ေသြးေၾကာပိတ္ဆုိ႔မႈေတြကိုလည္း ကာကြယ္ေပးပါတယ္။

သခြားသီး- ေရဓာတ္၊ အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ပိုတက္ဆီယမ္ေတြႂကြယ္ဝၿပီး ကိုယ္တြင္းအညစ္အေၾကးေတြကို ေကာင္းစြာစြန္႔ထုတ္ေစကာ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။

အနီေရာင္ပန္းင႐ုတ္ပြ-ဓာတ္တုိးဆန္႔က်င္ဂုဏ္သတၱိရွိၿပီး အမွ်င္ဓာတ္၊ ေရဓာတ္နဲ႔ ဗီတာမင္စီႂကြယ္ဝပါတယ္။

ေရွာက္၊ သံပရာမ်ိဳးဝင္အသီးမ်ား-  အခ်ိဳဓာတ္မမ်ားသလို ဗီတာမင္စီ လည္း ႂကြယ္ဝတဲ့အတြက္ ေသြးလည္ပတ္မႈကို ေထာက္ကူျပဳပါတယ္။

အေစ့မ်ား- ဖ႐ံုေစ့၊ ကြာေစ့၊ ႏွမ္းၾကတ္ေစ့ စတဲ့အေစ့ေတြဟာ ေသြး လည္ပတ္မႈအတြက္ စူပါအစားအစာထဲမွာ ပါဝင္ပါတယ္။

အခြံမာသီးမ်ား- အခြံမာသီးေတြမွာ ဗီတာမင္ေတြနဲ႔ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အဆီေတြပါဝင္ၿပီး အထူးသျဖင့္ အယ္လ္မြန္နဲ႔ သစ္ၾကားသီး ေတြက ေသြးလည္ပတ္မႈအတြက္ အေကာင္းဆံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အဓိကသော့ချက်ထဲမှာ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လိုအပ်တဲ့ အာဟာရတွေကို သွေးလည်ပတ်မှုကနေ တစ်ဆင့် ပို့ဆောင်တာမို့ လေ့ကျင့်ခန်းလုပ်ရင်း သွေးလည်ပတ် မှုကောင်းအောင် လုပ်ရုံသာမက စူပါအစားအစာတွေရဲ့ အကူအညီလည်း ယူဖို့လိုတာကြောင့် ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ကညွတ်-ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုတက်ဆီယမ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်များ ကြွယ်ဝကာ သွေးလည်ပတ်မှုကောင်းပြီး ရောင်ရမ်းတာတွေကိုလည်း သက်သာပျောက် ကင်းစေပါတယ်။

တရုတ်နံနံ- ဗီတာမင်အေကြွယ်ဝပြီး သဘာဝဆီးရွှင်ဆေးလည်းဖြစ်ကာ သွေးကြောပိတ်ဆို့မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

သခွားသီး- ရေဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်တွေကြွယ်ဝပြီး ကိုယ်တွင်းအညစ်အကြေးတွေကို ကောင်းစွာစွန့်ထုတ်စေကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

အနီရောင်ပန်းငရုတ်ပွ-ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး အမျှင်ဓာတ်၊ ရေဓာတ်နဲ့ ဗီတာမင်စီကြွယ်ဝပါတယ်။

ရှောက်၊ သံပရာမျိုးဝင်အသီးများ-  အချိုဓာတ်မများသလို ဗီတာမင်စီ လည်း ကြွယ်ဝတဲ့အတွက် သွေးလည်ပတ်မှုကို ထောက်ကူပြုပါတယ်။

အစေ့များ- ဖရုံစေ့၊ ကွာစေ့၊ နှမ်းကြတ်စေ့ စတဲ့အစေ့တွေဟာ သွေး လည်ပတ်မှုအတွက် စူပါအစားအစာထဲမှာ ပါဝင်ပါတယ်။

အခွံမာသီးများ- အခွံမာသီးတွေမှာ ဗီတာမင်တွေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီတွေပါဝင်ပြီး အထူးသဖြင့် အယ်လ်မွန်နဲ့ သစ်ကြားသီး တွေက သွေးလည်ပတ်မှုအတွက် အကောင်းဆုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top