Property Expo
×

ရန္ကုန္တြင္ ေက်ာင္းတက္ရသည္က အရာအားလံုးနီးပါး အဆင္ေျပ၏။ သို႔ေသာ္ ေန႔စဥ္ ဘတ္စ္ကားတိုးစီး ရသည့္ဒုကၡမွာ အင္မတန္မွ စိတ္ပ်က္စရာေကာင္းလွသည္။

မနက္ခင္းႏွင့္ ညေနခင္း အလုပ္သြားခ်ိန္ႏွင့္ ေက်ာင္းသြားခ်ိန္၊ အလုပ္ဆင္းခ်ိန္ႏွင့္ ေက်ာင္းဆင္းခ်ိန္ ထိုအခ်ိန္မ်ားတြင္ လမ္းလည္းပိတ္သည္။ ကားလည္းက်ပ္သည္။ ေက်ာင္းကိုလည္း ကားေခ်ာင္ခ်ိန္ေရြး၍သြားႏိုင္သည္ မဟုတ္ သူ႔သတ္မွတ္ခ်ိန္ႏွင့္သူျဖစ္၍ ဤကားက်ပ္ခ်ိန္၌ သာ ေန႔စဥ္ ကားတိုးစီးေနရသည္။

ယေန႔လည္း ထံုးစံအတိုင္းပင္။ တခ်ဳိ႕ေက်ာင္းမ်ားမွာ ေခတၱပိတ္ထား၍ အရင္ထက္ေတာ့ ကားေခ်ာင္ေပမည္။ သို႔ေသာ္ ေခ်ာင္သည့္ကားေစာင့္ရန္လည္း အခ်ိန္မရွိ။

ေဟာ ၁၂၄ ဘတ္စ္လာၿပီ။ ကားကရပ္မည့္ပံုမေပၚ။ လက္တားလိုက္သည္။ ရပ္မေပးေသာ္ျငား အရွိန္ေတာ့ ေလွ်ာ့ေပးသည္။ မေတြေဝဘဲ ေျပးတက္လိုက္ရသည္။ အနီးခံုမွအစ္မက လက္ကမ္းေပးသည္။ သူ႔လက္ဆြဲၿပီး အားျပဳတက္ကာ ကားေပၚေရာက္လာသည္။

ဟူး...ေနရာလည္းမလြတ္ေတာ့ပါလား။ လက္ကမ္းေပးသည့္အစ္မေဘးမွာသာ ရပ္ေနလိုက္သည္။ သူ က ကြၽန္မ၏ မ်ားျပားလွေသာပစၥည္းအိတ္မ်ားကို လွမ္း ယူသည္။ (ကိုင္ထားေပးမည္ဟူေသာသေဘာျဖင့္) ကြၽန္မလည္း အသာေခါင္းညိတ္ရင္း ေပးလိုက္သည္။ ရင္ထဲမွာေတာ့ လႈိက္လွဲစြာေက်းဇူးတင္ေနမိသည္။ ခဏေနေတာ့ ထိုအနီးမွ ခံုတစ္ခံုလြတ္သြားသည္။ ကြၽန္မအိတ္ေတြ ျပန္ယူၿပီး ဝင္ထိုင္လိုက္သည္။

ခဏၾကာေတာ့ အဘြားတစ္ေယာက္ ကားေပၚတက္လာသည္။ ကြၽန္မေနရာဖယ္ေပးသင့္သည္ဟုေတြးကာ ထရပ္လိုက္သည္။ ကြၽန္မထအၿပီး ကြၽန္မကို လက္ကမ္းခဲ့ေသာအစ္မသည္လည္း ထၿပီးႏွင့္ေနသည္။

အဘြားက ကြၽန္မကိုၾကည့္သည္။ ထိုအစ္မကိုၾကည့္သည္။ အစ္မကေတာ့ ၿပံဳးေနသည္။ ကြၽန္မလည္း အံ့ၾသစြာ ၿပံဳးမိသည္။ အဘြားက ကြၽန္မတို႔ႏွစ္ေယာက္အားၾကည့္ရင္း ''သာဓုကြယ္ သာဓု သာဓု''ဟု ရြတ္ဆိုေနသည္။

''ညီမေလး အစ္မက ေရွ႕ႏွစ္မွတ္တိုင္ေလာက္ဆို ဆင္းေတာ့မွာ၊ ညီမေလးထိုင္ေနရတယ္''။

အဘြားက အစ္မေနရာတြင္ ဝင္ထိုင္လိုက္သည္။ ကြၽန္မက တစ္လွည့္ ထိုအစ္မထမင္းခ်ိဳင့္ႏွင့္အိတ္ကိုကိုင္ ထားေပးသည္။ ခဏေနေတာ့ ထိုအစ္မဆင္းသြားသည္။ သူ႔ေနာက္ေက်ာကိုၾကည့္ရင္း သူ႔လိုလူမ်ဳိးရွိေနျခင္းအတြက္ ဂုဏ္ယူစြာျပံဳးမိသည္။ မနက္ခင္းအစကို မဂၤလာရွိေစခဲ့၍လည္း ေက်းဇူးတင္ေနမိသည္။

ကြၽန္မေတြးမိသည္။ ထိုသို႔ေသာသူမ်ား မ်ားစြာရွိေနပါက ကားတိုးစီးရသည္ကိုပင္ ဒုကၡဟု သတ္မွတ္မိမည္ မထင္။ ။

ဆူးဧကရီ (ေဆးဘက္)
ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္ (ဒုတိယႏွစ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily

#Unicode Version
ရန်ကုန်တွင် ကျောင်းတက်ရသည်က အရာအားလုံးနီးပါး အဆင်ပြေ၏။ သို့သော် နေ့စဉ် ဘတ်စ်ကားတိုးစီး ရသည့်ဒုက္ခမှာ အင်မတန်မှ စိတ်ပျက်စရာကောင်းလှသည်။

မနက်ခင်းနှင့် ညနေခင်း အလုပ်သွားချိန်နှင့် ကျောင်းသွားချိန်၊ အလုပ်ဆင်းချိန်နှင့် ကျောင်းဆင်းချိန် ထိုအချိန်များတွင် လမ်းလည်းပိတ်သည်။ ကားလည်းကျပ်သည်။ ကျောင်းကိုလည်း ကားချောင်ချိန်ရွေး၍သွားနိုင်သည် မဟုတ် သူ့သတ်မှတ်ချိန်နှင့်သူဖြစ်၍ ဤကားကျပ်ချိန်၌ သာ နေ့စဉ် ကားတိုးစီးနေရသည်။

ယနေ့လည်း ထုံးစံအတိုင်းပင်။ တချို့ကျောင်းများမှာ ခေတ္တပိတ်ထား၍ အရင်ထက်တော့ ကားချောင်ပေမည်။ သို့သော် ချောင်သည့်ကားစောင့်ရန်လည်း အချိန်မရှိ။

ဟော ၁၂၄ ဘတ်စ်လာပြီ။ ကားကရပ်မည့်ပုံမပေါ်။ လက်တားလိုက်သည်။ ရပ်မပေးသော်ငြား အရှိန်တော့ လျှော့ပေးသည်။ မတွေဝေဘဲ ပြေးတက်လိုက်ရသည်။ အနီးခုံမှအစ်မက လက်ကမ်းပေးသည်။ သူ့လက်ဆွဲပြီး အားပြုတက်ကာ ကားပေါ်ရောက်လာသည်။

ဟူး...နေရာလည်းမလွတ်တော့ပါလား။ လက်ကမ်းပေးသည့်အစ်မဘေးမှာသာ ရပ်နေလိုက်သည်။ သူ က ကျွန်မ၏ များပြားလှသောပစ္စည်းအိတ်များကို လှမ်း ယူသည်။ (ကိုင်ထားပေးမည်ဟူသောသဘောဖြင့်) ကျွန်မလည်း အသာခေါင်းညိတ်ရင်း ပေးလိုက်သည်။ ရင်ထဲမှာတော့ လှိုက်လှဲစွာကျေးဇူးတင်နေမိသည်။ ခဏနေတော့ ထိုအနီးမှ ခုံတစ်ခုံလွတ်သွားသည်။ ကျွန်မအိတ်တွေ ပြန်ယူပြီး ဝင်ထိုင်လိုက်သည်။

ခဏကြာတော့ အဘွားတစ်ယောက် ကားပေါ်တက်လာသည်။ ကျွန်မနေရာဖယ်ပေးသင့်သည်ဟုတွေးကာ ထရပ်လိုက်သည်။ ကျွန်မထအပြီး ကျွန်မကို လက်ကမ်းခဲ့သောအစ်မသည်လည်း ထပြီးနှင့်နေသည်။

အဘွားက ကျွန်မကိုကြည့်သည်။ ထိုအစ်မကိုကြည့်သည်။ အစ်မကတော့ ပြုံးနေသည်။ ကျွန်မလည်း အံ့သြစွာ ပြုံးမိသည်။ အဘွားက ကျွန်မတို့နှစ်ယောက်အားကြည့်ရင်း ''သာဓုကွယ် သာဓု သာဓု''ဟု ရွတ်ဆိုနေသည်။

''ညီမလေး အစ်မက ရှေ့နှစ်မှတ်တိုင်လောက်ဆို ဆင်းတော့မှာ၊ ညီမလေးထိုင်နေရတယ်''။

အဘွားက အစ်မနေရာတွင် ဝင်ထိုင်လိုက်သည်။ ကျွန်မက တစ်လှည့် ထိုအစ်မထမင်းချိုင့်နှင့်အိတ်ကိုကိုင် ထားပေးသည်။ ခဏနေတော့ ထိုအစ်မဆင်းသွားသည်။ သူ့နောက်ကျောကိုကြည့်ရင်း သူ့လိုလူမျိုးရှိနေခြင်းအတွက် ဂုဏ်ယူစွာပြုံးမိသည်။ မနက်ခင်းအစကို မင်္ဂလာရှိစေခဲ့၍လည်း ကျေးဇူးတင်နေမိသည်။

ကျွန်မတွေးမိသည်။ ထိုသို့သောသူများ များစွာရှိနေပါက ကားတိုးစီးရသည်ကိုပင် ဒုက္ခဟု သတ်မှတ်မိမည် မထင်။ ။

ဆူးဧကရီ (ဆေးဘက်)
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ဒုတိယနှစ်)


ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top