Property Expo
×

တစ္ေန႔မွာ "ပေလတို" က ဆရာျဖစ္သူ "ဆိုကေရတီး" ကို "အခ်စ္ဆိုတာ ဘာလဲ"လို႔ ေမးသတဲ့။ ဆိုကေရတီးက ပေလတိုကို ဂ်ံဳခင္းထဲ ေနာက္ျပန္မလွည့္တမ္း တစ္ေခါက္သြားေစျပီး သြားရာလမ္းတစ္ေလွ်ာက္မွာ "အေကာင္းဆံုး၊ အၾကီးဆံုး ဂ်ံဳႏွံတစ္ခု"ကို ခူးေစခဲ့တယ္။ ဆရာခိုင္းတာ အရမ္းလြယ္တယ္ထင္တဲ့ ပေလတိုက ကိုယ့္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ ဂ်ဳံခင္းထဲ၀င္ခဲ့တယ္။ ေန႔တစ္၀က္ကုန္တဲ့အထိ သူဟာ ဂ်ံဳခင္းထဲမွာပဲ ရွိေနခဲ့ျပီး ေနာက္ဆံုးမွာ လက္ဗလာနဲ႔ ေခါင္းငိုက္စိုက္ ျပန္လာခဲ့ရတယ္။ ဆိုကေရတီးေ႐ွ႕ေရာက္ေတာ့ "အေကာင္းဆံုးလို႔ ထင္တဲ့ ဂ်ံဳႏွံကို ကြ်န္ေတာ္ေတြ႔ခဲ့ပါတယ္။ ဒါေပမဲ့ တစ္ႏွံပဲခူးရမယ္ဆိုေတာ့ အေကာင္းဆံုးမွ ဟုတ္ပါ့မလားလို႔ ထင္ျပီး မခူးခဲ့ဘဲ ဒီထက္ေကာင္းတဲ့ အႏွံ႐ွိဦးမယ္ဆိုတဲ့ အေတြးနဲ႔ ယာခင္းအဆံုးထိ ကြ်န္ေတာ္ေရာက္ခဲ့မွ လက္ထဲမွာ ဘာမွမပါခဲ့မွန္း သတိထားမိေတာ့တယ္" လို႔ ေျပာေတာ့ ဆိုကေရတီးက "အဲဒါ..အခ်စ္" လို႔ ေျပာျပခဲ့တယ္။ တစ္ေန႔မွာ ပေလတိုက ဆရာဆိုကေရတီးကို "လက္ထပ္ျခင္းဆိုတာ ဘာလဲ"လို႔ ေမးျပန္သတဲ့။ ဆိုကေရတီးက ပေလတိုကို ထင္း႐ူးေတာထဲ ေနာက္ျပန္မလွည့္တမ္း တစ္ေခါက္သြားေစျပီး သြားရာလမ္းတစ္ေလွ်ာက္မွာ ခရစ္စမတ္အတြက္ အသံုးျပဳဖို႔ "အေကာင္းဆံုး ထင္း႐ူးပင္ တစ္ပင္"ကို ယူေစခဲ့တယ္။ သခၤန္းစာ တစ္ခါရခဲ့ဖူးတဲ့ ပေလတိုက ဒီတစ္ၾကိမ္မွာ အမွားအယြင္းမရွိေအာင္ ယံုၾကည္မႈအျပည့္နဲ႔ ထင္း႐ူးေတာထဲ ၀င္ခဲ့တယ္။ ေန႔တစ္၀က္ေရာက္ေတာ့ အရြက္က်ဳိးတိုက်ဲတဲ့၊ ပင္စည္ေျဖာင့္တယ္လို႔ ေျပာႏိုင္တဲ့ ထင္း႐ူးပင္တစ္ပင္ကို ႏြမ္းနယ္တဲ့ ခႏၶာကိုယ္နဲ႔ သူထမ္းျပီး ျပန္လာခဲ့တယ္။ "ဒါက အေကာင္းဆံုး ထင္း႐ူးပင္လား" လို႔ ဆုိကေရတီးက ေမးေတာ့ "တစ္ပင္ပဲ ယူရမယ္ဆိုလို႔ အေကာင္းဆံုးကို ေတြ႔လိုေတြ႔ျငား လိုက္ရွာရင္း မဆိုးဘူးလို႔ထင္တဲ့ အပင္ကိုေတြ႔ေတာ့ ကြ်န္ေတာ့္မွာ အခ်ိန္ေရာ၊ အင္အားပါ ကုန္ခမ္းေနတာကို သတိျပဳလိုက္မိတယ္။ ဒါေၾကာင့္ အေကာင္းဆံုးလား ဘာလားဆိုတာ ဂ႐ုမစိုက္ေတာ့ဘဲ ယူျပန္လာခဲ့တာပါ" လို႔ ေျပာေတာ့ ဆိုကေရတီးက "အဲဒါ လက္ထပ္ျခင္း" လို႔ ေျပာျပခဲ့တယ္။ တစ္ေန႔မွာ ပေလတိုက ဆရာဆိုကေရတီးကို "တိတ္တိတ္ပုန္း''ဆိုတာ ဘာလဲလို႔ ေမးျပန္သတဲ့။ ဒီတစ္ခါ ဆိုကေရတီးက ပေလတိုကို ေတာထဲတစ္ေခါက္ လမ္းေလွ်ာက္ေစခဲ့တယ္။ ဒီတစ္ၾကိမ္မွာ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္လို႔ ရျပီး သြားရာလမ္းတစ္ေလွ်ာက္မွာ "အလွဆံုး ပန္းတစ္ပြင့္ "ကို ယူခိုင္းေစခဲ့တယ္။ ဒီတစ္ခါလည္း ပေလတိုက ယံုၾကည္မႈအျပည့္နဲ႔ ထြက္ခဲ့ျပန္တယ္။ (၂)နာရီ နီးပါးၾကာေတာ့ စိတ္မသက္မသာနဲ႔ အေရာင္စံုျပီး အနည္းငယ္ ညႇိဳးႏြမ္းေနတဲ့ပန္းတစ္ပြင့္ကို ယူေဆာင္ခဲ့တယ္။ "ဒါက အလွဆံုး ပန္းလား" လို႔ ဆိုကေရတီးက ေမးေတာ့ "၂နာရီနီးပါး ကြ်န္ေတာ္လိုက္ရွာေတာ့ အလွဆံုးလို႔ ထင္ရတဲ့ ဒီပန္းကို ကြ်န္ေတာ္ေတြ႔ျပီးခူးလာခဲ့တယ္။ အျပန္လမ္းမွာ ပန္းက တေျဖးေျဖး ညႇိဳးႏြမ္းသြားခဲ့တယ္" လို႔ ေျပာေတာ့ ဆိုကေရတီးက "အဲတာ တိတ္တိတ္ပုန္း" လို႔ ဆိုတယ္။ တစ္ေန႔မွာ ပေလတိုက ဆိုကေရတီးကို ဘ၀ဆိုတာ ဘာလဲလို႔ ေမးျပန္သတဲ့။ ဆိုကေရတီးက အထက္ကအတိုင္း ပေလတိုကို ေတာထဲတစ္ေခါက္ လမ္းေလွ်ာက္ေစခဲ့တယ္။ ဒီတစ္ၾကိမ္မွာ ေခါက္တုန္႔ေခါက္ျပန္ ေလွ်ာက္လို႔ရျပီး သြားရာလမ္းတစ္ေလွ်ာက္မွာ "အလွဆံုး ပန္းတစ္ပြင့္ "ကို ယူခိုင္းေစခဲ့တယ္။ သခၤန္းစာရထားဖူးေတာ့ ပေလတိုက သတိရွိရွိနဲ႔ ထြက္ခဲ့ျပန္တယ္။ သံုးရက္ သံုးညလြန္ေျမာက္တဲ့အထိ ပေလတို ျပန္မလာလို႔ ဆိုကေရတီးက လိုက္ရွာေတာ့ ေတာအုပ္တစ္ေနရာမွာ ပေလတို တဲထိုးျပီး ေနေနတာကို ေတြ႔လိုက္တယ္။ "အလွဆံုးပန္းကို ရွာေတြ႔ျပီလား" လို႔ ေမးေတာ့ ပေလတိုက ပန္းတစ္ပြင့္ကို ထိုးျပျပီး "ဒီတစ္ပြင့္ကို အလွဆံုးလို႔ ဆိုႏိုင္မလား" လို႔ ေမးတယ္။ "ဒါဆို ဘာလို႔ ခူးမျပန္လာတာလဲ" "ကြ်န္ေတာ္ ခူးလိုက္ရင္ ပန္းက ႏြမ္းသြားေတာ့မယ္။ ကြ်န္ေတာ္မခူးရင္လဲ သူႏြမ္းသြားမယ္ဆိုတာ သိပါတယ္။ ဒါေၾကာင့္ လွလွပပ ဖူးပြင့္ေနတာကို ၾကည့္ျပီး သူညႇိဳးႏြမ္းသြားမွ ေနာက္တစ္ပြင့္ကို ကြ်န္ေတာ္ထပ္ရွာေတာ့မယ္။ ဒါ ကြ်န္ေတာ္ေတြ႔ခဲ့တဲ့ ပန္းထဲက အလွဆံုး ဒုတိယပန္းတစ္ပြင့္ပါပဲ" "အင္း.. ဘ၀ရဲ႔ အဓိပၸါယ္ကို မင္းနားလည္ခဲ့ျပီပဲ" လို႔ ဆုိကေရတီးက ပေလတိုကို ေျပာခဲ့တယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myat Pearl Phyu

#Unicode Version
တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကို ခူးစေခဲ့တယ်။ ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။ တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ "အကောင်းဆုံး ထင်းရူးပင် တစ်ပင်"ကို ယူစေခဲ့တယ်။ သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ဝင်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။ "ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြောတော့ ဆိုကရေတီးက "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။ တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ ရပြီး သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။ ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။ "ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။ တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘဝဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။ သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။ "အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။ "ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ" "ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ" "အင်း.. ဘဝရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ် ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myat Pearl Phyu
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top