Property Expo
×

၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပဲြ လစ္လပ္မဲဆႏၵနယ္မ်ား၌ မဲစာရင္း ေကာက္ယူျခင္းကုိ ယေန႔ (ႏုိ၀င္ဘာ ၁ ရက္)တြင္ စတင္္ၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ထံမွ သတင္းရရွိသည္။

ႏုိ၀င္ဘာ ၁ ရက္တြင္ ၾကား ျဖတ္ေရြးေကာက္ပဲြအတြက္ မဲစာ ရင္းမ်ားကုိ အိမ္တိုင္ရာေရာက္ စ တင္ေကာက္ယူမည္ျဖစ္ကာ လစ္ လပ္မဲဆႏၵနယ္ရွိသည့္ ေနရာတုိင္း ၌ မဲစာရင္းေကာက္ယူျခင္းကိုတစ္ၿပိဳင္တည္း ျပဳလုပ္မည္ဟု ျပည္ ေထာင္စုေရြးေကာက္ပဲြေကာ္မ ရွင္အဖဲြ႕၀င္ ဦးထြန္းခင္ကဆိုသည္။

‘‘မဲစာရင္း စေကာက္ၿပီး ေရြး ေကာက္ပဲြလုပ္ငန္းစဥ္ေတြကို စ လိုက္ၿပီေပါ့။ လစ္လပ္မဲဆႏၵနယ္ ေနရာတုိင္းကို မဲစာရင္းအကုန္ ေကာက္သြားမယ္။ လစ္လပ္မဲ ဆႏၵနယ္အျဖစ္ ေၾကညာထားတဲ့ ေနရာအကုန္ကို တစ္ၿပိဳင္နက္ တည္း စေကာက္မွာ’’ဟု ၎က ဆုိသည္။

အစိုးရသစ္လက္ထက္တြင္ ပထမဆံုးအႀကိမ္ က်င္းပမည့္ ၾကားျဖတ္ေရြးေကာက္ပဲြအတြက္ မဲစာရင္းေကာက္ယူျခင္းလုပ္ငန္း မ်ားကို ရက္ေပါင္း ၃၀ အခ်ိန္ယူ ထားကာ ႏုိ၀င္ဘာ ၁ ရက္မွ ၃၀ရက္အထိ ေကာက္ယူမည္ျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္သည္ ၾကားျဖတ္ေရြး ေကာက္ပဲြအတြက္ ဆႏၵမဲေပးရ မည့္ မဲဆႏၵရွင္ျပည္သူမ်ား၏ မဲ စာရင္းကို ေရြးေကာက္ပဲြက်င္းပ မည့္ ႏွစ္လအလို ၂၀၁၇ ေဖေဖာ္ ၀ါရီ ၁ ရက္ကစတင္ကာ ၁၄ ရက္ ၾကာ သက္ဆိုင္ရာၿမိဳ႕နယ္ ေရြး ေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြ႐ံုး မ်ားတြင္ ကပ္ထားေၾကညာေပး မည္ျဖစ္ေၾကာင္း သတင္းထုတ္ ျပန္ထားသည္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ ခ်ဳပ္ အစိုးရသစ္လက္ထက္တြင္ အသစ္ျပန္လည္ဖဲြ႕စည္းထား ေသာ  ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္သည္ ၂၀၁၇ ၾကား ျဖတ္ေရြးေကာက္ပဲြအတြက္ ေရြး ေကာက္ပဲြဆိုင္ရာ လ်ာထားလုပ္ ငန္းစဥ္အခ်ိန္စာရင္းကို အမ်ား ျပည္သူေလ့လာႏုိင္ရန္ ထုတ္ျပန္ ထားသည္။

၂၀၁၇ ဧၿပီ ၁ ရက္တြင္က်င္းပမည့္ ၾကားျဖတ္ေရြးေကာက္ပဲြ၌ လစ္လပ္မဲဆႏၵနယ္ ၁၉ ေနရာရွိကာ လစ္လပ္မဲဆႏၵနယ္မ်ား ရွိသည့္ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္ရွစ္ခုတို႔မွ ၿမိဳ႕နယ္ ၂၁ ၿမိဳ႕ နယ္တုိ႔၌ က်င္းပမည္ျဖစ္သည္။

လစ္လပ္မဲဆႏၵနယ္ ၁၉ ေန ရာတြင္ ျပည္သူ႔လႊတ္ေတာ္အ တြက္ ကိုးေနရာ၊ အမ်ိဳးသားလႊတ္ ေတာ္အတြက္ သံုးေနရာ၊ ျပည္ နယ္လႊတ္ေတာ္အတြက္ ခုနစ္ေန ရာျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်များ၌ မဲစာရင်း ကောက်ယူခြင်းကို ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် စတင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲစာ ရင်းများကို အိမ်တိုင်ရာရောက် စ တင်ကောက်ယူမည်ဖြစ်ကာ လစ် လပ်မဲဆန္ဒနယ်ရှိသည့် နေရာတိုင်း ၌ မဲစာရင်းကောက်ယူခြင်းကိုတစ်ပြိုင်တည်း ပြုလုပ်မည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးထွန်းခင်ကဆိုသည်။

‘‘မဲစာရင်း စကောက်ပြီး ရွေး ကောက်ပွဲလုပ်ငန်းစဉ်တွေကို စ လိုက်ပြီပေါ့။ လစ်လပ်မဲဆန္ဒနယ် နေရာတိုင်းကို မဲစာရင်းအကုန် ကောက်သွားမယ်။ လစ်လပ်မဲ ဆန္ဒနယ်အဖြစ် ကြေညာထားတဲ့ နေရာအကုန်ကို တစ်ပြိုင်နက် တည်း စကောက်မှာ’’ဟု ၎င်းက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်း များကို ရက်ပေါင်း ၃၀ အချိန်ယူ ထားကာ နိုဝင်ဘာ ၁ ရက်မှ ၃၀ရက်အထိ ကောက်ယူမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ဆန္ဒမဲပေးရ မည့် မဲဆန္ဒရှင်ပြည်သူများ၏ မဲ စာရင်းကို ရွေးကောက်ပွဲကျင်းပ မည့် နှစ်လအလို ၂၀၁၇ ဖေဖော် ဝါရီ ၁ ရက်ကစတင်ကာ ၁၄ ရက် ကြာ သက်ဆိုင်ရာမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကပ်ထားကြေညာပေး မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသစ်လက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းထား သော  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲအတွက် ရွေး ကောက်ပွဲဆိုင်ရာ လျာထားလုပ် ငန်းစဉ်အချိန်စာရင်းကို အများ ပြည်သူလေ့လာနိုင်ရန် ထုတ်ပြန် ထားသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ်မဲဆန္ဒနယ်များ ရှိသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်ရှစ်ခုတို့မှ မြို့နယ် ၂၁ မြို့ နယ်တို့၌ ကျင်းပမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာတွင် ပြည်သူ့လွှတ်တော်အ တွက် ကိုးနေရာ၊ အမျိုးသားလွှတ် တော်အတွက် သုံးနေရာ၊ ပြည် နယ်လွှတ်တော်အတွက် ခုနစ်နေ ရာဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top