Kantharyar Centre
×

ကိုရီးယားနာမည္ေက်ာ္ အဆိုေတာ္မ်ားျဖစ္ၾကေသာ မြန္း ဟီဂြၽန္ႏွင့္ ဆိုယူတို႔၏ မဂၤလာ သတင္းကို မြန္းဟီဂြၽန္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆုိေသာ Koen Stars ကုမၸဏီက  ထုတ္ေဖာ္ေျပာၾကားသည္။ မြန္းဟီဂြၽန္က Crayon Pop ကုမၸဏီႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားသည္။

ႏိုဝင္ဘာ ၂၄ ရက္က တရားဝင္ထုတ္ျပန္ခ်က္ တစ္ခုတြင္ Koen Stars ကုမၸဏီက ‘‘မြန္း ဟီဂြၽန္နဲ႔ ဆိုယူတို႔က လာမယ့္ ေဖေဖာ္ဝါရီလမွာ မဂၤလာပြဲ က်င္းပေတာ့မွာပါ’’ဟု ေျပာၾကား ခဲ့သည္။ ထုိ႔အျပင္ ၎တို႔ႏွစ္ဦး သည္ လြန္ခဲ့ေသာ ၂ ႏွစ္ကတည္း က ေကာင္းမြန္ေသာ ဆက္ဆံေရး ရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဧၿပီက စတင္ တြဲခဲ့ၾကေၾကာင္း အထက္ပါ ကုမၸ ဏီက ေျပာသည္။

သို႔ေသာ္ Crayon Pop ကုမၸဏီ Chrome Entertainment က ‘‘လက္ရွိမွာေတာ့ ဆုိယူနဲ႔ လည္း အဆက္အသြယ္ မရေသးဘူး။ အဲဒါေၾကာင့္ ဒီသတင္းကို အတည္ျပဳေပးဖို႔ ခက္ခဲပါတယ္။ သူနဲ႔ အဆက္အသြယ္ရၿပီးၿပီဆို ရင္ေတာ့ ထုတ္ျပန္ခ်က္ ထုတ္ေပးပါမယ္’’ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

ကိုရီးယားနာမည်ကျော် အဆိုတော်များဖြစ်ကြသော မွန်း ဟီဂျွန်နှင့် ဆိုယူတို့၏ မင်္ဂလာ သတင်းကို မွန်းဟီဂျွန်နှင့် စာချုပ်ချုပ်ဆိုသော Koen Stars ကုမ္ပဏီက  ထုတ်ဖော်ပြောကြားသည်။ မွန်းဟီဂျွန်က Crayon Pop ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည်။

နိုဝင်ဘာ ၂၄ ရက်က တရားဝင်ထုတ်ပြန်ချက် တစ်ခုတွင် Koen Stars ကုမ္ပဏီက ‘‘မွန်း ဟီဂျွန်နဲ့ ဆိုယူတို့က လာမယ့် ဖေဖော်ဝါရီလမှာ မင်္ဂလာပွဲ ကျင်းပတော့မှာပါ’’ဟု ပြောကြား ခဲ့သည်။ ထို့အပြင် ၎င်းတို့နှစ်ဦး သည် လွန်ခဲ့သော ၂ နှစ်ကတည်း က ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီက စတင် တွဲခဲ့ကြကြောင်း အထက်ပါ ကုမ္ပ ဏီက ပြောသည်။

သို့သော် Crayon Pop ကုမ္ပဏီ Chrome Entertainment က ‘‘လက်ရှိမှာတော့ ဆိုယူနဲ့ လည်း အဆက်အသွယ် မရသေးဘူး။ အဲဒါကြောင့် ဒီသတင်းကို အတည်ပြုပေးဖို့ ခက်ခဲပါတယ်။ သူနဲ့ အဆက်အသွယ်ရပြီးပြီဆို ရင်တော့ ထုတ်ပြန်ချက် ထုတ်ပေးပါမယ်’’ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top