Kantharyar Centre
×

အေမရိကန္ ဒီမိုကရက္ပါတီ သမၼတေလာင္း ဟီလာရီကလင္တန္ရဲ႕ အီးေမးကိစၥနဲ႔ ဆက္တိုက္ဆိုသလို ႏိုင္ငံတကာကိုပြင့္ထြက္လာတဲ့ဟိုးေလးတေက်ာ္ကိစၥတခုကေတာ့ ေတာင္ကိုရီးယား
သမၼတ ပတ္ဂြမ္ဟိုင္းရဲ႕ မိတ္ေဆြရင္းခ်ာ အမ်ိဳးသမီး ခၽြိဳင္ဆြန္ဆီနဲ႔ သမၼတပတ္တို႔ရဲ႕ ဆက္ဆံေရးမွာ သမၼတရဲ႕ အစိုးရပိုင္းဆိုင္ရာကိစၥေတြအထိ ၾသဇာလႊမ္းမိုးတာေတြ ရွိေနတယ္လို႔ စြပ္စဲြေျပာဆို ကန္႔ကြက္လာၾကတာပဲ ျဖစ္ပါတယ္။
ဒီမိုကရက္သမၼတေလာင္း ဟီလာရီအတြက္ သူ႔ရဲ႕ ပုဂၢလိက အီးေမးအေကာင့္နဲ႔ အစိုးရကိစၥေတြကို ဆက္သြယ္ခဲ့တယ္ဆိုတဲ့ကိစၥ ေပၚထြက္လာတာဟာသူ႔ရဲ႕သမၼတမဲဆြယ္စည္း႐ံုးေရးမွာ ေနာက္ဆံုးအခ်ိန္အထိ အေႏွာင့္အယွက္ အဟန္႔အတားျဖစ္ၿပီး သမၼတေရြးပြဲမွာ လူထုေထာက္ခံမႈနည္းတဲ့ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္လ္္ထရမ့္က အႏိုင္ယူသြားႏိုင္ခဲ့တဲ့အထိ ျဖစ္ခဲ့ရတာကို စာဖတ္သူေတြ သိခဲ့ၾကၿပီး ျဖစ္ပါတယ္။

ေတာင္ကိုရီးယားသမၼတ မစၥပတ္ဂြမ္ဟိုင္းရဲ႕ သူ႔ရဲ႕မိတ္ေဆြရင္းခ်ာ အမ်ိဳးသမီး ခၽြိဳင္ဆြန္ဆီနဲ႔ ေပါင္းသင္းဆက္ဆံေရးမွာ အစိုးရလုပ္ငန္းကိစၥေတြအထိ ခၽြိဳင္ဆြန္ဆီက ၾသဇာလႊမ္းမိုးခဲ့တယ္။ အဲဒီလုိ ၾသဇာလႊမ္းမိုးလာတာကိုလည္း သမၼတ ပတ္ဂြမ္ဟိုင္းက ခြင့္ျပဳလိုက္ေလ်ာခဲ့တယ္ဆိုတာ ေပၚလြင္လာခဲ့တဲ့အတြက္ ဒီကိစၥကို ကန္႔ကြက္ဆန္႔က်င္လာခဲ့ၾကတဲ့ ႏိုင္ငံေရးေလာကနဲ႔ ျပည္သူလူထုေတြက ခုဆို သမၼတပတ္ကို ႏုတ္ထြက္ေပးဖို႔အထိ ေတာင္းဆိုလာခဲ့ၾကတာ ေတြ႔ရပါတယ္။

အဲဒီကိစၥေၾကာင့္ ေတာင္ကိုရီးယား တရား႐ံုးက သမၼတရဲ႕ မိတ္ေဆြရင္းခ်ာျဖစ္သူ ခၽြိဳင္ဆြန္ဆီကို ဖမ္းဝရမ္းထုတ္ေပးရတဲ့အထိ ျဖစ္ခဲ့ၿပီး ခၽြိဳင္ဆြန္ဆီတေယာက္ ေအာက္တိုဘာလ ၃၁ ရက္ေန႔ (တနလၤာေန႔) ကတည္းက ဖမ္းဆီးထိန္းသိမ္းတာ ခံခဲ့ရပါတယ္။ သူ႔ကို အစိုးရကိစၥေတြကို ဝင္ေရာက္စြက္ဖက္မႈနဲ႔ သူ ကိုင္တြယ္ထိန္းခ်ဳပ္ထားတဲ့ အျမတ္အစြန္းရယူမႈမလုပ္တဲ့ ရန္ပံုေငြေတြအတြက္ စီးပြားေရးလုပ္ငန္းေတြက အလႉေငြေတြ ထည့္ဝင္လာေအာင္ ေရလာေျမာင္းေပးလုပ္ၿပီး ရယူခဲ့တယ္ဆိုၿပီး စြပ္စဲြထားခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ တရားစြဲဆိုသူေတြဘက္က သူ႔အေပၚစြပ္စဲြထားတဲ့ ကိစၥေတြအတြက္ စစ္ေဆးေနၿပီ ျဖစ္ပါတယ္။ အဲဒီကိစၥေတြအတြက္ တာဝန္ရွိတဲ့သူက သမၼတသာျဖစ္တယ္ဆိုၿပီး သမၼတပတ္ကို ႏုတ္ထြက္ခိုင္းတဲ့အထိ ျဖစ္လာခဲ့တာပါ။

နိုဝင္ဘာလ ၃ ရက္ေန႔ ၾကာသပေတးေန႔မွာေတာ့ တရားေရးဝန္ႀကီးဌာနဝန္ႀကီး ကင္မ္ဟြန္၀ြန္းက စံုစမ္းစစ္ေဆးေရးဘက္က လိုအပ္မယ္ဆိုရင္ သမၼတပတ္ဟာ တရားစြဲဆိုေရး အရာရွိေတြရဲ႕ ေမးခြန္းထုတ္တာကို ခံရႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

ႏုိင္ငံေရးသမားေတြနဲ႔ ျပည္သူလူထုအင္အားနဲ႔ ဆန္႔က်င္ကန္႔ကြက္မႈကို ခံလာရတဲ့ သမၼတပတ္ဟာ ႏိုဝင္ဘာလ ၄ ရက္ ေသာၾကာေန႔က ကိုရီးယားျပည္သူလူထုကို လူသိရွင္ၾကား အားလံုးဟာ သူ႔ရဲ႕အမွားသာျဖစ္တဲ့အေၾကာင္း ဝန္ခံေတာင္းပန္ခဲ့တာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ကိုရီးယားျပည္သူလူထုနဲ႔ ႏိုင္ငံေရး အတိုက္အခံေတြအားလံုးကေတာ့ ဒါဟာ သမၼတ တေယာက္အေနနဲ႔ ခြင့္လႊတ္ႏိုင္စရာမရွိတဲ့ အျပစ္က်ဴးလြန္မႈ ျဖစ္တယ္လို႔ သေဘာထားၿပီး သူ႔ကို ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနၾကတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့အပတ္ကေတာ့ သမၼတပတ္က တခ်ိဳ႕အခ်က္အလက္ေတြကို မစၥခၽြိဴင္နဲ႔အတူတူ တိုင္ပင္ေဆြးေႏြးခဲ့တာျဖစ္ၿပီး သမၼတရဲ႕ မိန္႔ခြန္းေတြကိုလည္း တည္းျဖတ္ခြင့္ျပဳခဲ့တယ္လို႔ ဝန္ခံေျပာဆိုၿပီး ထပ္ေတာင္းပန္ခဲ့ပါတယ္။ “ျပည္သူလူထုႀကီးကို က်မ နက္နက္နဲနဲ ေတာင္းပန္ပါတယ္” လို႔ မစၥပတ္က ရွားရွားပါးပါး ေလသံေပ်ာ့နဲ႔ ေတာင္းပန္ခဲ့ေပမယ့္ ေနာက္ဆံုး လူထုေထာက္ခံမႈ စစ္တမ္းအရေတာ့ သူ႔ကို ေထာက္ခံသူက ၉ ရာခုိင္ႏႈန္းပဲ ရွိေနတာကို ေတြ႔ရပါတယ္။

သမၼတပတ္က အဲဒီေလာက္အထိ မစၥခၽြိဳင္ကို ဘာလို႔ ဒီေလာက္ထိ တိုင္းေရးျပည္ရာကိစၥက စလို႔ ဘာလို႔မ်ား ယံုၾကည္အပ္ႏွံ ေပါင္းသင္းဆက္ဆံေနရတာပါလဲ။ ဒါက ေတာင္ကိုရီးယား ျပည္သူလူထုေတြအေနနဲ႔ ေမးကိုေမးရမယ့္ ေမးခြန္းျဖစ္သလို သိကိုသိရမယ့္အေျဖျဖစ္တယ္ ဆိုတာကေတာ့ ရွင္းပါတယ္။ ဒါေၾကာင့္လည္း ဒီကေန႔အထိ ေတာင္ကိုရီးယားျပည္သူေတြက လမ္းေပၚထြက္ၿပီး သူတို႔ ေရြးခ်ယ္တင္ေျမႇာက္ခဲ့တဲ့ သမၼတကို သူတို႔ကိုယ္တိုင္ ကန္႔ကြက္ဆန္႔က်င္ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနၾကတာပဲ ျဖစ္္ပါတယ္။ ေတာင္ကိုရီးယားျပည္သူေတြက သူတို႔ ေရြးခ်ယ္ေပးလိုက္တဲ့ လႊတ္ေတာ္အမတ္ေတြ၊ အစိုးရအဖြဲ႔ဝင္ေတြနဲ႔ ႏိုင္ငံအထြတ္အထိပ္အျဖစ္ သူတို႔ေရြးခ်ယ္ေပးလိုက္တဲ့ သမၼတဟာ ဘာလုပ္ဖို႔ တာဝန္ရွိတယ္၊ ဘာေတြလုပ္ရမယ္၊ ဘာေတြလုပ္လို႔ မရဘူး၊ မလုပ္ရဘူး ဆိုတဲ့ အခ်က္ေတြကို ႏိုင္ငံေရးပညာေရးအရ သိရွိနားလည္ၿပီး ျဖစ္ပါတယ္။

စကားညႇပ္အရ က်ေနာ္တို႔ႏိုင္ငံက သမၼတ ဘာလုပ္လုပ္ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြ ဘာလုပ္လုပ္ ဘာမွမသိ၊ သိခြင့္မရတဲ့ ျပည္သူလူထုေတြအဖို႔ သမၼတ အပါအဝင္ အစိုးရအဖြဲ႔ဝင္ေတြ အားလံုး ဘာလုပ္လုပ္၊ ဘာေျပာေျပာ ေခါင္းညိတ္လိုက္တာဟာ အႏၲရာယ္ အကင္းဆံုးဆိုတဲ့ အေခ်ာင္သမား အေတြးအေခၚကို အမွန္တရားအျဖစ္၊ က်င့္ဝတ္အျဖစ္ လက္ခံလိုက္ၾကပါၿပီလား။ အဲဒီအခ်က္ မွန္သြားမွာ၊ အဲဒီ အေတြးအေခၚ အယူအဆဟာ မွန္တယ္၊ တို႔ ဒီလိုေနမွျဖစ္မယ္ဆိုၿပီး ယံုၾကည္ေတြးျမင္သြားမွာကိုေတာ့ က်ေနာ္ အမွန္တကယ္ စိုးရိမ္မိိပါတယ္။

တကယ္ေတာ့ ေတာင္ကိုရီးယားသမၼတ မစၥပတ္ဂြမ္ဟိုင္းရဲ႕ ခု ႏိုင္ငံေရးရာကိစၥေတြနဲ႔ အလႉေငြကိစၥေတြ ေပၚေပါက္လာတာက လပိုင္းပဲ ရွိပါေသးတယ္။ သူက ကိုရီးယားႏိုင္ငံက အႀကီးဆံုးေကာ္ပိုေရးရွင္းႀကီးေတြကို ေဒၚလာသန္း ၇၀ ေက်ာ္ ေငြညႇစ္ရယူခဲ့တဲ့အတြက္ သူ႔အေပၚ ျပည္သူလူထုရဲ႕ ယံုၾကည္မႈကေတာ့ အႀကီးအက်ယ္ ထိုးက်သြားခဲ့ပါတယ္။ ေနာက္ တကၠသုိလ္ဝင္ခြင့္ကိစၥမွာလည္း အေတာ္ဆံုး မဟုတ္ခဲ့တဲ့ သူ႔သမီးကို ဂုဏ္သိကၡာႀကီးမားတဲ့ Ewha အမ်ိဳးသမီးတကၠသိုလ္ကို ဝင္ေရာက္ခြင့္ေပးခဲ့တဲ့ ကိစၥမွာလည္း မသမာ ေဖာက္လႊဲေဖာက္ျပန္ လုပ္ခဲ့တဲ့အတြက္ လူထုယံုၾကည္မႈ ပ်က္ျပားခဲ့တဲ့အျဖစ္ ရွိခဲ့ပါတယ္။ Ewha တကၠသိုလ္ေက်ာင္းသားေတြရဲ႕ မ်က္ႏွာသာေပးမႈ ဆန္႔က်င္ေရး ကန္႔ကြက္ဆႏၵျပမႈေတြကလည္း သမၼတပတ္နဲ႔ သူ႔ရဲ႕လူယံုဆက္ဆံေရးကိစၥကို ပိုၿပီး စံုစမ္းေမးျမန္းစရာ ျဖစ္ေစခဲ့တဲ့အတြက္ သမၼတရဲ႕ အပ်က္အဆင္းကို ပထမျဖစ္ေစခဲ့တဲ့ အေၾကာင္းတရားတခုလို႔ ယူဆရမွာပဲ ျဖစ္ပါတယ္။ ဒါကလည္း ကိုရီးယားႏိုင္ငံမွာ သိပ္ေတာ့ မဆန္းလွပါဘူး။

ကိုရီးယားျပည္သူလူထုက အရင္ အာဏာရွင္သမၼတ ခၽြန္းဒူးဝမ္ လက္ထက္ ေဒၚလာသန္းတေထာင္နီးပါး မသမာတဲ့နည္းနဲ႔ ရယူသြားခဲ့တာကို သိရွိထားခဲ့ၿပီး ျဖစ္ပါတယ္။ လက္ရွိသမၼတ ပတ္ဂြမ္ဟိုင္းလက္ထက္မတိုင္ခင္ ကိုရီးယားသမၼတ ျဖစ္ခဲ့တဲ့ လီေျမာင္ဘတ္ရဲ႕ ေဒၚလာ ဘီလ်ံ ၂၀ နီးပါးတန္တဲ့ ျမစ္ေလးျမစ္စီမံကိန္း ဆိုတာကလည္း အစိုးရေငြေတြကို အႀကီးစားေဆာက္လုပ္ေရး လုပ္ငန္းႀကီးေတြ လုပ္ေနၾကတဲ့ ခ႐ိုနီေတြလက္ထဲကို တြန္းပို႔ေပးလိုက္တဲ့ အဂတိလိုက္စားမႈ စီမံကိန္းႀကီးအျဖစ္ လူသိမ်ားခဲ့တာလည္း လူသိရွင္ၾကား ျဖစ္ခဲ့တာပါပဲ။ သမၼတအဆက္ဆက္ဟာ ပိုေကာင္းတာထက္ ပိုဆိုးတာက မ်ားခဲ့ေတာ့ ကုိရီးယားျပည္သူလူထုဟာ သူတို႔ရဲ႕သမၼတေတြဆီက အဂတိလိုက္စားမႈကို ေမွ်ာ္လင့္ထားခဲ့ၾကၿပီး ျဖစ္တယ္လို႔ေတာင္ ေလ့လာသံုးသပ္သူေတြက ဆိုပါတယ္။ ဒီလိုျဖစ္ေနေပမယ့္ သမၼတ ပတ္ဂြမ္ဟိုင္းက်မွ ဘာျဖစ္လို႔ ဒီေလာက္ ျပင္းျပင္းထန္ထန္တုံ႔ျပန္မႈနဲ႔ ႀကံဳေတြ႔ရသလဲလို႔ ေမးစရာအေၾကာင္း ရွိပါတယ္။ အေၾကာင္းကေတာ့ ကိုရီးယားျပည္သူလူထုက သမၼတပတ္ အဂတိလိုက္စားတာကို ေတြ႔ရွိသြားလို႔ မဟုတ္ပါဘူး။ သူတို႔ရဲ႕သမၼတပတ္ဟာ လူတေယာက္ရဲ႕ မဆင္မျခင္ အဂတိလိုက္စားတာကို ခံေနခဲ့ရလို႔ပဲ ျဖစ္ပါတယ္။ ဘာျဖစ္လို႔မ်ား သမၼတပတ္ဟာ သူ႔အုပ္ခ်ဳပ္ေရးအႏၲရာယ္ ျဖစ္ေလာက္ေအာင္အထိ ခၽြိဳင္ဆြန္ဆီအတြက္ လုပ္ေပးခဲ့တာလဲ ဆိုတာကို အထိတ္တလန္႔ ျဖစ္ခဲ့ၾကတာပါ။ သမၼတျဖစ္တဲ့ ပတ္ဟာ ဘာမွမဟုတ္တဲ့ လူတေယာက္အတြက္ ဘာလို႔ ဒီေလာက္ဒုကၡခံခဲ့ရတာပါလဲ။ တကယ္ေတာ့ သမၼတပတ္ဂြမ္ဟိုင္းဟာ ခၽြိဳင္ဆြန္ဆီကို ခၽြိဳင္ရဲ႕အေဖ ခၽြဳိင္ေတမင္းကမွတဆင့္ ေတြ႔ဆံုခဲ့ရတာပါ။ ခၽြဳိင္ေတမင္းဟာ ခရစ္ယာန္ ဘာသာေရးဂိုဏ္းအတုတခုရဲ႕ ေခါင္းေဆာင္တေယာက္ ျဖစ္ခဲ့ပါတယ္။ အစက ပုလိပ္တပ္ အဖြဲ႔ဝင္တေယာက္၊ စစ္သားတေယာက္ ျဖစ္ခဲ့ေပမယ့္ ၁၉၇၀ စုႏွစ္ကာလေတြမွာေတာ့ သူဟာ ဘာသာေရးဂိုဏ္းေခါင္းေဆာင္ဘဝကို အပီအျပင္ခံယူခဲ့ၿပီး လူေတြကို ေဆးကုသေပးခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ကိုယ္သူ သင္းအုပ္ဆရာတေယာက္လို႔ ေခၚခဲ့ေပမယ့္ ဘယ္တုန္းကမွ က်မ္းစာသင္ေက်ာင္းေတြ ဘာေတြ တက္ေရာက္ခဲ့တာ မရွိခဲ့ပါဘူး။

ခၽြဳိင္ေတမင္းက ပတ္ဂြမ္ဟိုင္း အသက္ ၂၃ ႏွစ္သမီးအရြယ္ ၁၉၇၅ ခုႏွစ္မွာ စတင္ေတြ႔ဆံုခဲ့ၿပီး အဲဒီအခ်ိန္ဟာ သူ႔မိခင္ကို ေျမာက္ကိုရီးယား စပိုင္တေယာက္က လုပ္ႀကံသတ္ျဖတ္ခံရလို႔ မိခင္ကို ဆံုး႐ံႈးၿပီးခါစအခ်ိန္ ျဖစ္ပါတယ္။ (တကယ္ေတာ့ ေျမာက္ကိုရီးယားစပိုင္က သူ႔အေဖ သမၼတ ပတ္ခၽြန္ဟီးကို လုပ္ႀကံခဲ့တာျဖစ္ေပမယ့္ သမၼတကေတာ္ပဲ ေသဆံုးသြားခဲ့ရတာပါ)။ ခၽြဳိင္ေတမင္းက ပတ္ဂြမ္ဟိုင္းကို သူ႔အေမရဲ႕ဝိညာဥ္က သူ႔ဆီ လာလည္ေလ့ရွိတဲ့အတြက္ သူ႔အေမ ေျပာတာေတြကို သူ႔ဆီကတဆင့္ ၾကားရႏိုင္တယ္လို႔ စာေတြအမ်ားႀကီး ေရးသားေပးပို႔ခဲ့ရာက ဇာတ္လမ္းစခဲ့တာ ျဖစ္ပါတယ္။ မစၥပတ္ သမၼတျဖစ္ၿပီးခ်ိန္မွာ ခၽြဳိင္ေတမင္းကို သမၼတအိမ္ေတာ္ကို ဖိတ္ေခၚေတြ႔ဆံုခဲ့ၿပီး အဲဒီအခ်ိန္မွာ ခၽြဳိင္ေတမင္းက ပတ္ရဲ႕မိခင္ဟာ တကယ္ေသဆံုးတာမဟုတ္ဘဲ ပတ္ဂြမ္ဟိုင္းအတြက္ လမ္းဖြင့္ေပးခဲ့တာသာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒါဟာပဲ သမၼတ ပတ္ဂြမ္ဟိုင္းနဲ႔ ခၽြဳိင္မိသားစုရဲ႕ မသူေတာ္ခ်င္း သတင္းေလြ႔ေလြ႔ စၿပီးျဖစ္ခဲ့ၾက၊ ခၽြဳိင္ေတမင္းရဲ႕သမီး ခၽြိဳင္ဆြန္ဆီနဲ႔ သမၼတပတ္တို႔ရဲ႕ ဆက္ဆံေရး စတင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဘာသာေရးဂိုဏ္းဆရာရဲ႕ သမီးကလည္း သမၼတပတ္ကို ၾသဇာလႊမ္းမိုးေအာင္ လုပ္ခဲ့ပံုရပါတယ္။ ဒါေပမယ့္ ဒါကို သမၼတတေယာက္ျဖစ္တဲ့ ပတ္ဂြမ္ဟိုင္းက သူ႔ရဲ႕အုပ္ခ်ဳပ္ေရးကိစၥ၊ ႏိုင္ငံကိစၥေတြကအစ စြက္ဖက္ပတ္သက္ခြင့္ျပဳခဲ့တာကေတာ့ ေတာင္ကိုရီးယား ျပည္သူလူထုေတြအဖို႔ ဘယ္လိုမွ သည္းညည္းခံႏိုင္စရာ မရွိတာကိုေတာ့ အျပစ္မဆိုသာပါဘူး။

က်ေနာ့္အျမင္အရေတာ့ တာဝန္သိတဲ့ သမၼတ တေယာက္အေနနဲ႔ ၂ ႀကိမ္တိုင္တိုင္လည္း ေတာင္းပန္ၿပီးတဲ့အထိ ျပည္သူလူထုက ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနဆဲျဖစ္လို႔
 ႏုတ္ထြက္ေပးလိုက္တာ အေကာင္းဆံုးျဖစ္မယ္လို႔ ယူဆမိပါေၾကာင္း။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:စိုးေနလင္း (Dvb Burmese)

#Unicode Version
အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ အီးမေးကိစ္စနဲ့ ဆက်တိုက်ဆိုသလို နိုင်ငံတကာကို ပွင့်ထွက်လာတဲ့ ဟိုးလေးတကျော်ကိစ္စတခုကတော့ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟိုင်းရဲ့ မိတ်ဆွေရင်းချာ အမျိုးသမီး ချွိုင်ဆွန်ဆီနဲ့ သမ္မတပတ်တို့ရဲ့ ဆက်ဆံရေးမှာ သမ္မတရဲ့ အစိုးရပိုင်းဆိုင်ရာကိစ္စတွေအထိ သြဇာလွှမ်းမိုးတာတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆို ကန့်ကွက်လာကြတာပဲ ဖြစ်ပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဟီလာရီအတွက် သူ့ရဲ့ ပုဂ္ဂလိက အီးမေးအကောင့်နဲ့ အစိုးရကိစ္စတွေကို ဆက်သွယ်ခဲ့တယ်ဆိုတဲ့ကိစ္စ ပေါ်ထွက်လာတာဟာ သူ့ရဲ့ သမ္မတ မဲဆွယ်စည်းရုံးရေးမှာ နောက်ဆုံးအချိန်အထိ အနှောင့်အယှက် အဟန့်အတားဖြစ်ပြီး သမ္မတရွေးပွဲမှာ လူထုထောက်ခံမှုနည်းတဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က အနိုင်ယူသွားနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတာကို စာဖတ်သူတွေ သိခဲ့ကြပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စပတ်ဂွမ်ဟိုင်းရဲ့ သူ့ရဲ့မိတ်ဆွေရင်းချာ အမျိုးသမီး ချွိုင်ဆွန်ဆီနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အစိုးရလုပ်ငန်းကိစ္စတွေအထိ ချွိုင်ဆွန်ဆီက သြဇာလွှမ်းမိုးခဲ့တယ်။ အဲဒီလို သြဇာလွှမ်းမိုးလာတာကိုလည်း သမ္မတ ပတ်ဂွမ်ဟိုင်းက ခွင့်ပြုလိုက်လျောခဲ့တယ်ဆိုတာ ပေါ်လွင်လာခဲ့တဲ့အတွက် ဒီကိစ္စကို ကန့်ကွက်ဆန့်ကျင်လာခဲ့ကြတဲ့ နိုင်ငံရေးလောကနဲ့ ပြည်သူလူထုတွေက ခုဆို သမ္မတပတ်ကို နုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီကိစ္စကြောင့် တောင်ကိုရီးယား တရားရုံးက သမ္မတရဲ့ မိတ်ဆွေရင်းချာဖြစ်သူ ချွိုင်ဆွန်ဆီကို ဖမ်းဝရမ်းထုတ်ပေးရတဲ့အထိ ဖြစ်ခဲ့ပြီး ချွိုင်ဆွန်ဆီတယောက် အောက်တိုဘာလ ၃၁ ရက်နေ့ (တနင်္လာနေ့) ကတည်းက ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရပါတယ်။ သူ့ကို အစိုးရကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှုနဲ့ သူ ကိုင်တွယ်ထိန်းချုပ်ထားတဲ့ အမြတ်အစွန်းရယူမှုမလုပ်တဲ့ ရန်ပုံငွေတွေအတွက် စီးပွားရေးလုပ်ငန်းတွေက အလှူငွေတွေ ထည့်ဝင်လာအောင် ရေလာမြောင်းပေးလုပ်ပြီး ရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားခဲ့ပါတယ်။ ခုချိန်မှာတော့ တရားစွဲဆိုသူတွေဘက်က သူ့အပေါ်စွပ်စွဲထားတဲ့ ကိစ္စတွေအတွက် စစ်ဆေးနေပြီ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေအတွက် တာဝန်ရှိတဲ့သူက သမ္မတသာဖြစ်တယ်ဆိုပြီး သမ္မတပတ်ကို နုတ်ထွက်ခိုင်းတဲ့အထိ ဖြစ်လာခဲ့တာပါ။

နိုဝင်ဘာလ ၃ ရက်နေ့ ကြာသပတေးနေ့မှာတော့ တရားရေးဝန်ကြီးဌာနဝန်ကြီး ကင်မ်ဟွန်ဝွန်းက စုံစမ်းစစ်ဆေးရေးဘက်က လိုအပ်မယ်ဆိုရင် သမ္မတပတ်ဟာ တရားစွဲဆိုရေး အရာရှိတွေရဲ့ မေးခွန်းထုတ်တာကို ခံရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုအင်အားနဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ခံလာရတဲ့ သမ္မတပတ်ဟာ နိုဝင်ဘာလ ၄ ရက် သောကြာနေ့က ကိုရီးယားပြည်သူလူထုကို လူသိရှင်ကြား အားလုံးဟာ သူ့ရဲ့အမှားသာဖြစ်တဲ့အကြောင်း ဝန်ခံတောင်းပန်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ကိုရီးယားပြည်သူလူထုနဲ့ နိုင်ငံရေး အတိုက်အခံတွေအားလုံးကတော့ ဒါဟာ သမ္မတ တယောက်အနေနဲ့ ခွင့်လွှတ်နိုင်စရာမရှိတဲ့ အပြစ်ကျူးလွန်မှု ဖြစ်တယ်လို့ သဘောထားပြီး သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ သမ္မတပတ်က တချို့အချက်အလက်တွေကို မစ္စချွိူင်နဲ့အတူတူ တိုင်ပင်ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတရဲ့ မိန့်ခွန်းတွေကိုလည်း တည်းဖြတ်ခွင့်ပြုခဲ့တယ်လို့ ဝန်ခံပြောဆိုပြီး ထပ်တောင်းပန်ခဲ့ပါတယ်။ “ပြည်သူလူထုကြီးကို ကျမ နက်နက်နဲနဲ တောင်းပန်ပါတယ်” လို့ မစ္စပတ်က ရှားရှားပါးပါး လေသံပျော့နဲ့ တောင်းပန်ခဲ့ပေမယ့် နောက်ဆုံး လူထုထောက်ခံမှု စစ်တမ်းအရတော့ သူ့ကို ထောက်ခံသူက ၉ ရာခိုင်နှုန်းပဲ ရှိနေတာကို တွေ့ရပါတယ်။

သမ္မတပတ်က အဲဒီလောက်အထိ မစ္စချွိုင်ကို ဘာလို့ ဒီလောက်ထိ တိုင်းရေးပြည်ရာကိစ္စက စလို့ ဘာလို့များ ယုံကြည်အပ်နှံ ပေါင်းသင်းဆက်ဆံနေရတာပါလဲ။ ဒါက တောင်ကိုရီးယား ပြည်သူလူထုတွေအနေနဲ့ မေးကိုမေးရမယ့် မေးခွန်းဖြစ်သလို သိကိုသိရမယ့်အဖြေဖြစ်တယ် ဆိုတာကတော့ ရှင်းပါတယ်။ ဒါကြောင့်လည်း ဒီကနေ့အထိ တောင်ကိုရီးယားပြည်သူတွေက လမ်းပေါ်ထွက်ပြီး သူတို့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတကို သူတို့ကိုယ်တိုင် ကန့်ကွက်ဆန့်ကျင် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားပြည်သူတွေက သူတို့ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံအထွတ်အထိပ်အဖြစ် သူတို့ရွေးချယ်ပေးလိုက်တဲ့ သမ္မတဟာ ဘာလုပ်ဖို့ တာဝန်ရှိတယ်၊ ဘာတွေလုပ်ရမယ်၊ ဘာတွေလုပ်လို့ မရဘူး၊ မလုပ်ရဘူး ဆိုတဲ့ အချက်တွေကို နိုင်ငံရေးပညာရေးအရ သိရှိနားလည်ပြီး ဖြစ်ပါတယ်။

စကားညှပ်အရ ကျနော်တို့နိုင်ငံက သမ္မတ ဘာလုပ်လုပ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘာလုပ်လုပ် ဘာမှမသိ၊ သိခွင့်မရတဲ့ ပြည်သူလူထုတွေအဖို့ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ အားလုံး ဘာလုပ်လုပ်၊ ဘာပြောပြော ခေါင်းညိတ်လိုက်တာဟာ အန္တရာယ် အကင်းဆုံးဆိုတဲ့ အချောင်သမား အတွေးအခေါ်ကို အမှန်တရားအဖြစ်၊ ကျင့်ဝတ်အဖြစ် လက်ခံလိုက်ကြပါပြီလား။ အဲဒီအချက် မှန်သွားမှာ၊ အဲဒီ အတွေးအခေါ် အယူအဆဟာ မှန်တယ်၊ တို့ ဒီလိုနေမှဖြစ်မယ်ဆိုပြီး ယုံကြည်တွေးမြင်သွားမှာကိုတော့ ကျနော် အမှန်တကယ် စိုးရိမ်မိပါတယ်။

တကယ်တော့ တောင်ကိုရီးယားသမ္မတ မစ္စပတ်ဂွမ်ဟိုင်းရဲ့ ခု နိုင်ငံရေးရာကိစ္စတွေနဲ့ အလှူငွေကိစ္စတွေ ပေါ်ပေါက်လာတာက လပိုင်းပဲ ရှိပါသေးတယ်။ သူက ကိုရီးယားနိုင်ငံက အကြီးဆုံးကော်ပိုရေးရှင်းကြီးတွေကို ဒေါ်လာသန်း ၇၀ ကျော် ငွေညှစ်ရယူခဲ့တဲ့အတွက် သူ့အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုကတော့ အကြီးအကျယ် ထိုးကျသွားခဲ့ပါတယ်။ နောက် တက္ကသိုလ်ဝင်ခွင့်ကိစ္စမှာလည်း အတော်ဆုံး မဟုတ်ခဲ့တဲ့ သူ့သမီးကို ဂုဏ်သိက္ခာကြီးမားတဲ့ Ewha အမျိုးသမီးတက္ကသိုလ်ကို ဝင်ရောက်ခွင့်ပေးခဲ့တဲ့ ကိစ္စမှာလည်း မသမာ ဖောက်လွှဲဖောက်ပြန် လုပ်ခဲ့တဲ့အတွက် လူထုယုံကြည်မှု ပျက်ပြားခဲ့တဲ့အဖြစ် ရှိခဲ့ပါတယ်။ Ewha တက္ကသိုလ်ကျောင်းသားတွေရဲ့ မျက်နှာသာပေးမှု ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုတွေကလည်း သမ္မတပတ်နဲ့ သူ့ရဲ့လူယုံဆက်ဆံရေးကိစ္စကို ပိုပြီး စုံစမ်းမေးမြန်းစရာ ဖြစ်စေခဲ့တဲ့အတွက် သမ္မတရဲ့ အပျက်အဆင်းကို ပထမဖြစ်စေခဲ့တဲ့ အကြောင်းတရားတခုလို့ ယူဆရမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း ကိုရီးယားနိုင်ငံမှာ သိပ်တော့ မဆန်းလှပါဘူး။

ကိုရီးယားပြည်သူလူထုက အရင် အာဏာရှင်သမ္မတ ချွန်းဒူးဝမ် လက်ထက် ဒေါ်လာသန်းတထောင်နီးပါး မသမာတဲ့နည်းနဲ့ ရယူသွားခဲ့တာကို သိရှိထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိသမ္မတ ပတ်ဂွမ်ဟိုင်းလက်ထက်မတိုင်ခင် ကိုရီးယားသမ္မတ ဖြစ်ခဲ့တဲ့ လီမြောင်ဘတ်ရဲ့ ဒေါ်လာ ဘီလျံ ၂၀ နီးပါးတန်တဲ့ မြစ်လေးမြစ်စီမံကိန်း ဆိုတာကလည်း အစိုးရငွေတွေကို အကြီးစားဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ လုပ်နေကြတဲ့ ခရိုနီတွေလက်ထဲကို တွန်းပို့ပေးလိုက်တဲ့ အဂတိလိုက်စားမှု စီမံကိန်းကြီးအဖြစ် လူသိများခဲ့တာလည်း လူသိရှင်ကြား ဖြစ်ခဲ့တာပါပဲ။ သမ္မတအဆက်ဆက်ဟာ ပိုကောင်းတာထက် ပိုဆိုးတာက များခဲ့တော့ ကိုရီးယားပြည်သူလူထုဟာ သူတို့ရဲ့သမ္မတတွေဆီက အဂတိလိုက်စားမှုကို မျှော်လင့်ထားခဲ့ကြပြီး ဖြစ်တယ်လို့တောင် လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုဖြစ်နေပေမယ့် သမ္မတ ပတ်ဂွမ်ဟိုင်းကျမှ ဘာဖြစ်လို့ ဒီလောက် ပြင်းပြင်းထန်ထန်တုံ့ပြန်မှုနဲ့ ကြုံတွေ့ရသလဲလို့ မေးစရာအကြောင်း ရှိပါတယ်။ အကြောင်းကတော့ ကိုရီးယားပြည်သူလူထုက သမ္မတပတ် အဂတိလိုက်စားတာကို တွေ့ရှိသွားလို့ မဟုတ်ပါဘူး။ သူတို့ရဲ့သမ္မတပတ်ဟာ လူတယောက်ရဲ့ မဆင်မခြင် အဂတိလိုက်စားတာကို ခံနေခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့များ သမ္မတပတ်ဟာ သူ့အုပ်ချုပ်ရေးအန္တရာယ် ဖြစ်လောက်အောင်အထိ ချွိုင်ဆွန်ဆီအတွက် လုပ်ပေးခဲ့တာလဲ ဆိုတာကို အထိတ်တလန့် ဖြစ်ခဲ့ကြတာပါ။ သမ္မတဖြစ်တဲ့ ပတ်ဟာ ဘာမှမဟုတ်တဲ့ လူတယောက်အတွက် ဘာလို့ ဒီလောက်ဒုက္ခခံခဲ့ရတာပါလဲ။ တကယ်တော့ သမ္မတပတ်ဂွမ်ဟိုင်းဟာ ချွိုင်ဆွန်ဆီကို ချွိုင်ရဲ့အဖေ ချွိုင်တေမင်းကမှတဆင့် တွေ့ဆုံခဲ့ရတာပါ။ ချွိုင်တေမင်းဟာ ခရစ်ယာန် ဘာသာရေးဂိုဏ်းအတုတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်ခဲ့ပါတယ်။ အစက ပုလိပ်တပ် အဖွဲ့ဝင်တယောက်၊ စစ်သားတယောက် ဖြစ်ခဲ့ပေမယ့် ၁၉၇၀ စုနှစ်ကာလတွေမှာတော့ သူဟာ ဘာသာရေးဂိုဏ်းခေါင်းဆောင်ဘဝကို အပီအပြင်ခံယူခဲ့ပြီး လူတွေကို ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ သင်းအုပ်ဆရာတယောက်လို့ ခေါ်ခဲ့ပေမယ့် ဘယ်တုန်းကမှ ကျမ်းစာသင်ကျောင်းတွေ ဘာတွေ တက်ရောက်ခဲ့တာ မရှိခဲ့ပါဘူး။

ချွိုင်တေမင်းက ပတ်ဂွမ်ဟိုင်း အသက် ၂၃ နှစ်သမီးအရွယ် ၁၉၇၅ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး အဲဒီအချိန်ဟာ သူ့မိခင်ကို မြောက်ကိုရီးယား စပိုင်တယောက်က လုပ်ကြံသတ်ဖြတ်ခံရလို့ မိခင်ကို ဆုံးရှုံးပြီးခါစအချိန် ဖြစ်ပါတယ်။ (တကယ်တော့ မြောက်ကိုရီးယားစပိုင်က သူ့အဖေ သမ္မတ ပတ်ချွန်ဟီးကို လုပ်ကြံခဲ့တာဖြစ်ပေမယ့် သမ္မတကတော်ပဲ သေဆုံးသွားခဲ့ရတာပါ)။ ချွိုင်တေမင်းက ပတ်ဂွမ်ဟိုင်းကို သူ့အမေရဲ့ဝိညာဉ်က သူ့ဆီ လာလည်လေ့ရှိတဲ့အတွက် သူ့အမေ ပြောတာတွေကို သူ့ဆီကတဆင့် ကြားရနိုင်တယ်လို့ စာတွေအများကြီး ရေးသားပေးပို့ခဲ့ရာက ဇာတ်လမ်းစခဲ့တာ ဖြစ်ပါတယ်။ မစ္စပတ် သမ္မတဖြစ်ပြီးချိန်မှာ ချွိုင်တေမင်းကို သမ္မတအိမ်တော်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး အဲဒီအချိန်မှာ ချွိုင်တေမင်းက ပတ်ရဲ့မိခင်ဟာ တကယ်သေဆုံးတာမဟုတ်ဘဲ ပတ်ဂွမ်ဟိုင်းအတွက် လမ်းဖွင့်ပေးခဲ့တာသာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာပဲ သမ္မတ ပတ်ဂွမ်ဟိုင်းနဲ့ ချွိုင်မိသားစုရဲ့ မသူတော်ချင်း သတင်းလွေ့လွေ့ စပြီးဖြစ်ခဲ့ကြ၊ ချွိုင်တေမင်းရဲ့သမီး ချွိုင်ဆွန်ဆီနဲ့ သမ္မတပတ်တို့ရဲ့ ဆက်ဆံရေး စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘာသာရေးဂိုဏ်းဆရာရဲ့ သမီးကလည်း သမ္မတပတ်ကို သြဇာလွှမ်းမိုးအောင် လုပ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် ဒါကို သမ္မတတယောက်ဖြစ်တဲ့ ပတ်ဂွမ်ဟိုင်းက သူ့ရဲ့အုပ်ချုပ်ရေးကိစ္စ၊ နိုင်ငံကိစ္စတွေကအစ စွက်ဖက်ပတ်သက်ခွင့်ပြုခဲ့တာကတော့ တောင်ကိုရီးယား ပြည်သူလူထုတွေအဖို့ ဘယ်လိုမှ သည်းညည်းခံနိုင်စရာ မရှိတာကိုတော့ အပြစ်မဆိုသာပါဘူး။

ကျနော့်အမြင်အရတော့ တာဝန်သိတဲ့ သမ္မတ တယောက်အနေနဲ့ ၂ ကြိမ်တိုင်တိုင်လည်း တောင်းပန်ပြီးတဲ့အထိ ပြည်သူလူထုက နုတ်ထွက်ပေးဖို့ တောင်းဆိုနေဆဲဖြစ်လို့ နုတ်ထွက်ပေးလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိပါကြောင်း။ ။


ဖိုးသူတော် (www.phothutaw.com)
Credit:စိုးနေလင်း (Dvb Burmese)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top