Kantharyar Centre
×
Credit: 7 day daily
#Unicode Version
အီတလီနိုင်ငံသို့ ရောက် ရှိနေသော တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့်အဖွဲ့သည် နိုဝင် ဘာ ၁၂ ရက်တွင် တူရင်မြို့ရှိ တိုက်လေယာဉ်များထုတ်လုပ် သည့် LEONARDO AIRCRAFT ကုမ္ပဏီသို့ သွားရောက်လေ့လာ ခဲ့သည်။
တပ်ချုပ်သည် ကုမ္ပဏီလေ ယာဉ်ထုတ်လုပ်ရေး အလုပ်ရုံနှင့် ထုတ်ကုန်ပစ္စည်းများကို လှည့် လည်ကြည့်ရှုလေ့လာခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။
LEONARDO AIRCRAFT ကုမ္ပဏီသည် Eurofighter Typhoon တိုက်ခိုက်ရေးလေ ယာဉ်များ၊ Joint Strike Fighter တိုက်ခိုက်ရေးလေယာဉ်များ၊ ATR Maritime Patrol သယ်ယူ ပို့ဆောင်ရေးလေယာဉ်များ၊ C- 27.J-Multi-Mission Transport လေယာဉ်များ၊ ရေပြင်နှင့် မြေ ပြင်ကာကွယ်ရေး နည်းစနစ်များ၊ အာကာသနည်းပညာနှင့်ဆိုင် သော နည်းစနစ်များကို တီထွင် ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းဝင်ငွေသည် အပြည် ပြည်ဆိုင်ရာ ကုမ္ပဏီများနှင့် ပူး ပေါင်းပြီး    ယင်းလေယာဉ်များ ထုတ်လုပ်ရောင်းချမှုမှ အဓိက ရရှိသည်။
တပ်ချုပ်သည် စစ်သုံးယာဉ် များ၊ မီးသတ်ယာဉ်များ၊ ကွန်တိန် နာကား၊ ဆေးရုံကားနှင့် Gene- rator နောက်တွဲယာဉ်များကို တီ ထွင်ထုတ်လုပ်လျက်ရှိသော ARIS ကုမ္ပဏီသို့လည်း သွား ရောက်လေ့လာခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ည ပိုင်းတွင် တူရင်မြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ ရောမမြို့သို့ ည ၆ နာရီတွင် ပြန် လည်ရောက်ရှိကြသည်။ ရောမ မြို့သိ့ု ရောက်ရှိနေသော တပ်ချုပ် နှင့် အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ တွင် ရောမမြို့ရှိ စစ်သမိုင်းပြ တိုက် GRANATIERJ သို့ သွား ရောက်လေ့လာခဲ့သည်။
GRANATIERJ စစ်သမိုင်းပြ တိုက်တွင် ပထမကမ္ဘာစစ်အတွင်း အီတလီပါဝင်ခဲ့သော စစ်ပွဲများ၊ စစ်ပွဲများအတွင်း အသုံးပြုခဲ့သော လက်နက်များနှင့် စစ်အသုံးအ ဆောင်ပစ္စည်းများ၊ အီတလီတပ် မတော်သမိုင်းနှင့် သူရဲကောင်းစစ် သည်မှတ်တမ်းတို့ကို စနစ်တကျ ခင်းကျင်းပြသထားရှိသည်။
တပ်ချုပ်သည် အီတလီတပ် မတော်စစ်ဦးစီးချုပ်နှင့် နိုဝင်ဘာ ၁၁ ရက်က နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား ဆက်ဆံရေးနှင့် ပူး ပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အ ပြန်အလှန်လည်ပတ်ရေးနှင့် အ နာဂတ်တွင် တပ်မတော်နှစ်ရပ်အ ကြား ပူးပေါင်းဆောင်ရွက်မှု ပြု လုပ်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top