Property Expo
×
Credit:Trend Myanmar
Unicode Version
လူတိုင်းကတော့ ချစ်စရာကောင်းတဲ့၊ ကိုယ့်ကိုအသိအမှတ်ပြုတဲ့ လက်ဆောင်လေးတွေ လိုချင်တတ်ကြတာချည်းပါပဲ။ သင့်ကိုသာ တစ်ယောက်ယောက်က ဒီလိုပေးလာခဲ့ရင် သင်ဘယ်လိုခံစားရမလဲ။ သင်ကရော သင်ချစ်ရတဲ့သူ သူငယ်ချင်း၊ မိသားစုဝင်၊ ချစ်ရသူကို ဒီလိုခံစားချက်မျိုး မပေးချင်ဘူးလား။ သူတို့ဟာ သင့်အပေါ် တကယ်ကို ကောင်းကြတဲ့သူတွေသာဆိုရင် သူတို့ကို သင်ကျေးဇူးတင်ချစ်ခင်ပါကြောင်း ပြသနိုင်တဲ့ လက်ဆောင်မွန်တွေ ရှိနေပါတယ်။ ဒီတော့ ၇ရက်အတွက် ချစ်ခင်ရသူတွေကို သင့်စိတ်ထဲသူတို့ ရှိနေကြောင်းနဲ့သင့်အနားမှာ သူတို့အမြဲရှိပြီးသင့်ဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဒီလိုလေးတွေပြုမူပြီးပြသလိုက်ပါ။
၁။ သင့်မိဘတွေဆီကို ပန်းလက်ဆောင်ပို့ပေးလိုက်ပါ။
၂။ ကဒ် (၅) ခုဝယ်ပြီး ကဒ်ပေါ်မှာ သူတို့ကို ဘယ်လောက်ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်းရေးသားပြီး သင်အခင်ရဆုံး လူ (၅) ဦးထံပို့ပါ။
၃။ စားသောက်ဆိုင် တစ်ဆိုင်မှာ ပိုက်ဆံရှင်းပြီး ပိုတဲ့ငွေကို waiter ကို tip ပေးလိုက်ပါ။
၄။ သင်နဲ့အတူနေတဲ့ အခန်းဖော်အတွက် အခန်းရှင်းပေးပါ။
၅။ အိမ်မှာမုန့်တစ်ခုခုလုပ်ပြီး ရုံးကလုပ်ဖော်ကိုင်ဖက်တွေအတွက် ယူသွားလိုက်ပါ။
၆။ သင့်ဘဝအတွက် အရေးပါတဲ့သူ တစ်ဦးတစ်ယောက်ဆီကို ကိုယ်တိုင်အလည်သွားပြီး စကားတွေပြောပါ။
၇။ ချစ်ရတဲ့ သူငယ်ချင်းအတွက် အိမ်ခေါ်ပြီး ထမင်း ဟင်းချက်ကျွေးလိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top