Kantharyar Centre
×

Patek Philippeက ထုတ္လုပ္သည့္ Reference 1518 နာရီကို ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ ေလလံပြဲ တစ္ခုတြင္ ကမာၻ႕စံခ်ိန္တင္ ေစ်းျဖင့္ ေရာင္းခ်ႏုိင္ခဲ့ျခင္း ျဖစ္သည္။ ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕တြင္ က်င္းပသည့္ Phillips in Association with Bacs & Russo တန္ဖိုးႀကီး နာရီမ်ား ေလလံပြဲတြင္ လက္ပတ္နာရီ တစ္လံုးအတြက္ ကမာၻေပၚတြင္ အျမင့္ဆံုးေစ်းအျဖစ္ Reference 1518က ေဒၚလာ ၁၁ သန္းေက်ာ္ ရရွိသြားျခင္း ျဖစ္သည္။

“ဒီနာရီကို ဆြစ္ဖရန္႔ေငြ ၇ သန္း ေရာက္လာတဲ့ထိ လူ ၈ ေယာက္က အၿပိဳင္အဆိုင္ ေလလံဆြဲၾကတယ္။ ေနာက္ပိုင္းမွာေတာ့ ႏွစ္ေယာက္တည္း အၿပိဳင္ႀကဲၿပီး ေစ်းကလည္း ဆြစ္ဖရန္႔ ၁၁ သန္းေက်ာ္ထိ ေျမာက္သြားတာပါ”ဟု Phillips ေလလံဌာန၏ လက္ပတ္နာရီမ်ားဆိုင္ရာ ဌာနခြဲ အႀကီးအကဲ ဆမ္ဟိုင္နက္စ္က ေျပာၾကားခဲ့သည္။ ဆြစ္ဖရန္႔ေငြသည္ ေယဘုယ်အားျဖင့္ အေမရိကန္ေဒၚလာႏွင့္ တန္ဖိုးတူညီသည္။

ယခုနာရီ ေစ်းေကာင္းရျခင္းႏွင့္ ပတ္သက္၍ “လူတိုင္းမက္မွာပဲ။ ေစ်းကြက္ထဲမွာ လံုးဝ အာ႐ံုစိုက္စရာ အသစ္ျဖစ္ေနတယ္။ သိထားသမွ် ဒီနာရီမ်ိဳး ကမာၻေပၚမွာ ေလးလံုးပဲ ရွိတယ္။ ၿပီးေတာ့ လက္ရွိ အေနအထားကလည္း အေကာင္းဆံုး အဆင့္မွာ ရွိေနတယ္ေလ”ဟု ဟိုင္နက္စ္က ရွင္းျပခဲ့သည္။

Patek Philippe Reference 1518 နာရီမ်ားကို ၁၉၄၃ ခုႏွစ္ဝန္းက်င္က ထုတ္လုပ္ခဲ့ၿပီး စဉ္ဆက္မျပတ္ လႈပ္ရွား အလုပ္လုပ္ေနသည့္ ျပကၵဒိန္စနစ္ပါ နာရီမ်ားအျဖစ္ လူသိမ်ားခဲ့သည္။ ထို႔အျပင္ Moonphase Indicatorကဲ့သို႔ Featureမ်ား ပါဝင္ခဲ့ရာ ထိုအခ်ိန္က အလြန္ေခတ္မီဆန္းျပားသည့္ တီထြင္ဖန္တီးမႈမ်ား ျဖစ္ခဲ့သည္။

ယခင္က ကမာၻ႕စံခ်ိန္တင္ ေစ်းအႀကီးဆံုး နာရီမွာ သံမဏိျဖင့္ တည္ေဆာက္ထားသည့္ Patek Philippe Reference 5016 အမ်ိဳးအစားျဖစ္ၿပီး ဝယ္ယူသူ တစ္ဦးက ေဒၚလာ ၇.၃ သန္းထိ ေစ်းေပး ေလလံဆြဲသြားခဲ့သည္။ “တကယ္ေတာ့ Patek Philippeဟာ တစ္ကမာၻလံုးက နာရီထုတ္လုပ္သူေတြ ေလးစားအားက်ရတဲ့ အမွတ္တံဆိပ္ တစ္ခုပါပဲ။ ၁၈၃၉ ခုႏွစ္ေလာက္ ကတည္းက ထုတ္လုပ္မႈ စတင္ခဲ့ၿပီး အစဉ္အလာနဲ႔ အမွတ္တံဆိပ္ တန္ဖိုးက ျမင့္မားလြန္းတယ္ေလ။ ေျပာရရင္ သူတို႔ဟာ နာရီေလာကရဲ႕ Rolls-Royceပါပဲ”ဟု ဟိုင္နက္စ္က ညႊန္းဆိုခဲ့သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ ေလလံပြဲတြင္ လက္ပတ္နာရီ ၁၇၇ လံုး ေရာင္းထြက္ခဲ့ၿပီး စုစုေပါင္း ေဒၚလာ ၂၇.၈ သန္းနီးပါး ရရွိခဲ့ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
Patek Philippeက ထုတ်လုပ်သည့် Reference 1518 နာရီကို ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲ တစ်ခုတွင် ကမ္ဘာ့စံချိန်တင် ဈေးဖြင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် Phillips in Association with Bacs & Russo တန်ဖိုးကြီး နာရီများ လေလံပွဲတွင် လက်ပတ်နာရီ တစ်လုံးအတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဈေးအဖြစ် Reference 1518က ဒေါ်လာ ၁၁ သန်းကျော် ရရှိသွားခြင်း ဖြစ်သည်။

“ဒီနာရီကို ဆွစ်ဖရန့်ငွေ ၇ သန်း ရောက်လာတဲ့ထိ လူ ၈ ယောက်က အပြိုင်အဆိုင် လေလံဆွဲကြတယ်။ နောက်ပိုင်းမှာတော့ နှစ်ယောက်တည်း အပြိုင်ကြဲပြီး ဈေးကလည်း ဆွစ်ဖရန့် ၁၁ သန်းကျော်ထိ မြောက်သွားတာပါ”ဟု Phillips လေလံဌာန၏ လက်ပတ်နာရီများဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဆမ်ဟိုင်နက်စ်က ပြောကြားခဲ့သည်။ ဆွစ်ဖရန့်ငွေသည် ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်။

ယခုနာရီ ဈေးကောင်းရခြင်းနှင့် ပတ်သက်၍ “လူတိုင်းမက်မှာပဲ။ ဈေးကွက်ထဲမှာ လုံးဝ အာရုံစိုက်စရာ အသစ်ဖြစ်နေတယ်။ သိထားသမျှ ဒီနာရီမျိုး ကမ္ဘာပေါ်မှာ လေးလုံးပဲ ရှိတယ်။ ပြီးတော့ လက်ရှိ အနေအထားကလည်း အကောင်းဆုံး အဆင့်မှာ ရှိနေတယ်လေ”ဟု ဟိုင်နက်စ်က ရှင်းပြခဲ့သည်။

Patek Philippe Reference 1518 နာရီများကို ၁၉၄၃ ခုနှစ်ဝန်းကျင်က ထုတ်လုပ်ခဲ့ပြီး စဉ်ဆက်မပြတ် လှုပ်ရှား အလုပ်လုပ်နေသည့် ပြက္ဒဒိန်စနစ်ပါ နာရီများအဖြစ် လူသိများခဲ့သည်။ ထို့အပြင် Moonphase Indicatorကဲ့သို့ Featureများ ပါဝင်ခဲ့ရာ ထိုအချိန်က အလွန်ခေတ်မီဆန်းပြားသည့် တီထွင်ဖန်တီးမှုများ ဖြစ်ခဲ့သည်။

ယခင်က ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး နာရီမှာ သံမဏိဖြင့် တည်ဆောက်ထားသည့် Patek Philippe Reference 5016 အမျိုးအစားဖြစ်ပြီး ဝယ်ယူသူ တစ်ဦးက ဒေါ်လာ ၇.၃ သန်းထိ ဈေးပေး လေလံဆွဲသွားခဲ့သည်။ “တကယ်တော့ Patek Philippeဟာ တစ်ကမ္ဘာလုံးက နာရီထုတ်လုပ်သူတွေ လေးစားအားကျရတဲ့ အမှတ်တံဆိပ် တစ်ခုပါပဲ။ ၁၈၃၉ ခုနှစ်လောက် ကတည်းက ထုတ်လုပ်မှု စတင်ခဲ့ပြီး အစဉ်အလာနဲ့ အမှတ်တံဆိပ် တန်ဖိုးက မြင့်မားလွန်းတယ်လေ။ ပြောရရင် သူတို့ဟာ နာရီလောကရဲ့ Rolls-Royceပါပဲ”ဟု ဟိုင်နက်စ်က ညွှန်းဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲတွင် လက်ပတ်နာရီ ၁၇၇ လုံး ရောင်းထွက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၇.၈ သန်းနီးပါး ရရှိခဲ့ကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top