Kantharyar Centre
×

ကုန္စည္သယ္ယူပုိ႕ေဆာင္ေရးသုံး လွ်ပ္စစ္ကားတစ္မ်ဳိးကုိ လန္ဒန္မွာျပဳလုပ္တဲ့ နည္းပညာကြန္ဖရင့္မွာ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဆုိပါ လွ်ပ္စစ္ကားကုိ ေပါ့ပါးတဲ့ ပစၥည္းအစိတ္အပိုင္းနဲ႕ အင္ဂ်င္တုိ႕ကုိ အသုံးျပဳထားၿပီး ကားရဲ႕အေလးခ်ိန္ကုိ ေပါ့ပါးေစရန္ ဖန္တီးထားပါတယ္။

ေလထုညစ္ညမ္းမႈ ျဖစ္ေစတဲ့ မီးခိုးထုတ္လႊတ္မႈ မ႐ွိေစတဲ့အျပင္ ေမာင္းသူမဲ့စနစ္ကုိ အသုံးျပဳထားတဲ့ နည္းပညာျမင့္ ကုန္စည္ပုိ႕ေဆာင္ေရး လွ်ပ္စစ္ကားျဖစ္ေၾကာင္း သိရပါတယ္။

ေအာက္စ္ဖုိ႕႐ႈိင္းယား အေျခစိုက္  Charge ကုမၸဏီက ထုတ္လုပ္တဲ့ နည္းပညာျမင့္ ေမာင္းသူမဲ့ လွ်ပ္စစ္ ကုန္စည္ပုိ႕ေဆာင္ေရးကားကုိ လူတစ္ဦးတည္းျဖင့္ အခ်ိန္ေလးနာရီအတြင္း တည္ေဆာက္ထုတ္လုပ္ႏုိင္တယ္လို႕လည္း ဆုိပါတယ္။

ကုမၸဏီရဲ႕အဆုိအရ စက္႐ုံဝန္ထမ္း ၁၀ ဦးျဖင့္ တစ္ႏွစ္လွ်င္ အဆုိပါ ကားအမ်ဳိးအစား အစီးေရ ၁၀,၀၀၀ ကုိ တပ္ဆင္ထုတ္လုပ္ႏုိင္ေၾကာင္း သိရပါတယ္။ ၿဗိတိန္ႏုိင္ငံမွာ ေမာင္းသူမဲ့ လွ်ပ္စစ္ကုန္စည္ပုိ႕ေဆာင္းေရး ကားစက္႐ုံကုိ လာမယ့္ ၂၀၁၇ ခုႏွစ္အတြင္း ဖြင့္လွစ္သြားမွာ ျဖစ္ပါတယ္။

Charge ရဲ႕ ေမာင္းသူမဲ့ ကုန္စည္ပုိ႕ေဆာင္ေရး လွ်ပ္စစ္ကားေတြကုိ ၿဗိတိန္မွာ အေစာဆုံးအေနနဲ႕ ၂၀၁၇ ခုႏွစ္အတြင္း အသုံးျပဳႏုိင္ဖြယ္႐ွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကုန်စည်သယ်ယူပို့ဆောင်ရေးသုံး လျှပ်စစ်ကားတစ်မျိုးကို လန်ဒန်မှာပြုလုပ်တဲ့ နည်းပညာကွန်ဖရင့်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ လျှပ်စစ်ကားကို ပေါ့ပါးတဲ့ ပစ္စည်းအစိတ်အပိုင်းနဲ့ အင်ဂျင်တို့ကို အသုံးပြုထားပြီး ကားရဲ့အလေးချိန်ကို ပေါ့ပါးစေရန် ဖန်တီးထားပါတယ်။

လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ မီးခိုးထုတ်လွှတ်မှု မရှိစေတဲ့အပြင် မောင်းသူမဲ့စနစ်ကို အသုံးပြုထားတဲ့ နည်းပညာမြင့် ကုန်စည်ပို့ဆောင်ရေး လျှပ်စစ်ကားဖြစ်ကြောင်း သိရပါတယ်။

အောက်စ်ဖို့ရှိုင်းယား အခြေစိုက်  Charge ကုမ္ပဏီက ထုတ်လုပ်တဲ့ နည်းပညာမြင့် မောင်းသူမဲ့ လျှပ်စစ် ကုန်စည်ပို့ဆောင်ရေးကားကို လူတစ်ဦးတည်းဖြင့် အချိန်လေးနာရီအတွင်း တည်ဆောက်ထုတ်လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ စက်ရုံဝန်ထမ်း ၁၀ ဦးဖြင့် တစ်နှစ်လျှင် အဆိုပါ ကားအမျိုးအစား အစီးရေ ၁၀,၀၀၀ ကို တပ်ဆင်ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ ဗြိတိန်နိုင်ငံမှာ မောင်းသူမဲ့ လျှပ်စစ်ကုန်စည်ပို့ဆောင်းရေး ကားစက်ရုံကို လာမယ့် ၂၀၁၇ ခုနှစ်အတွင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Charge ရဲ့ မောင်းသူမဲ့ ကုန်စည်ပို့ဆောင်ရေး လျှပ်စစ်ကားတွေကို ဗြိတိန်မှာ အစောဆုံးအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top