Property Expo
×

အိပ္စက္ေနတုန္းမွာ ခႏၶာကိုယ္ေနဟန္ထား လြဲေခ်ာ္မႈေၾကာင့္ ႏိုးထလာတဲ့အခါ ေဝဒနာအခ်ိဳ႕ကို ခံစားေလ့ရွိပါတယ္။ ဒီလိုမျဖစ္ေအာင္ အိပ္စက္မႈပံုစံ မွန္ကန္ဖို႔ လိုအပ္ပါတယ္။
အထူးသျဖင့္ စတင္အိပ္စက္တဲ့အခ်ိန္မွာ ဘယ္လိုကိုယ္ေနဟန္ထားနဲ႔ အိပ္စက္သင့္လဲဆိုတာ အေရးႀကီးပါတယ္။ ေဆးပညာရွင္ေတြအဆိုအရေတာ့ ဘယ္ဘက္ကို ေစာင္းအိပ္တဲ့ ကိုယ္ေနဟန္ထားဟာ အေကာင္းဆံုးပံုစံျဖစ္တယ္လို႔ ဆိုပါတယ္။ ေမွာက္အိပ္တဲ့အခါ လည္ပင္နဲ႔ ေနာက္ေက်ာေအာက္ပိုင္း(ခါးတစ္ဝိုက္)အတြက္ အႏၱရာယ္ရွိပါတယ္။ ပက္လက္အိပ္တဲ့အခါ တင္ပါးနဲ႔ ေက်ာအေပၚပိုင္းအတြက္ အႏၱရာယ္ရွိတယ္လို႔ ဆိုပါတယ္။

ဘယ္ဘက္ကို ေစာင္းအိပ္တဲ့အခါမွာေတာ့ ႏွလံုးရဲ႕အလုပ္လုပ္ပံုဟာ ပိုမိုေကာင္းမြန္လာၿပီး လည္ပတ္မႈကို အေထာက္အကူျပဳေစတဲ့ ေသြးျဖဴရည္ၾကည္ေတြ ထြက္လာေစတယ္လို႔ ဆိုပါတယ္။ ေသြးခဲမႈကိုလည္း တားဆီးေပးပါတယ္။ ဘယ္ဘက္ေစာင္းအိပ္ျခင္းဟာ အိပ္ေနတုန္း အသက္႐ႈျခင္းအတြက္လည္း အေကာင္းဆံုးပံုစံျဖစ္ပါတယ္။

အိပ္ရင္းေဟာက္တတ္သူေတြေတာင္ ဘယ္ဘက္ေစာင္းအိပ္ရင္ အဆင္ေျပတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အိပ်စက်နေတုန်းမှာ ခန္ဓာကိုယ်နေဟန်ထား လွဲချော်မှုကြောင့် နိုးထလာတဲ့အခါ ဝေဒနာအချို့ကို ခံစားလေ့ရှိပါတယ်။ ဒီလိုမဖြစ်အောင် အိပ်စက်မှုပုံစံ မှန်ကန်ဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် စတင်အိပ်စက်တဲ့အချိန်မှာ ဘယ်လိုကိုယ်နေဟန်ထားနဲ့ အိပ်စက်သင့်လဲဆိုတာ အရေးကြီးပါတယ်။ ဆေးပညာရှင်တွေအဆိုအရတော့ ဘယ်ဘက်ကို စောင်းအိပ်တဲ့ ကိုယ်နေဟန်ထားဟာ အကောင်းဆုံးပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ မှောက်အိပ်တဲ့အခါ လည်ပင်နဲ့ နောက်ကျောအောက်ပိုင်း(ခါးတစ်ဝိုက်)အတွက် အန္တရာယ်ရှိပါတယ်။ ပက်လက်အိပ်တဲ့အခါ တင်ပါးနဲ့ ကျောအပေါ်ပိုင်းအတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါမှာတော့ နှလုံးရဲ့အလုပ်လုပ်ပုံဟာ ပိုမိုကောင်းမွန်လာပြီး လည်ပတ်မှုကို အထောက်အကူပြုစေတဲ့ သွေးဖြူရည်ကြည်တွေ ထွက်လာစေတယ်လို့ ဆိုပါတယ်။ သွေးခဲမှုကိုလည်း တားဆီးပေးပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အိပ်နေတုန်း အသက်ရှုခြင်းအတွက်လည်း အကောင်းဆုံးပုံစံဖြစ်ပါတယ်။

အိပ်ရင်းဟောက်တတ်သူတွေတောင် ဘယ်ဘက်စောင်းအိပ်ရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top