Property Expo
×

တင္းတိပ္ ဆိုတာ အေရျပားေပၚမွာ ေတြ႕ရတတ္တဲ့ အညိဳေရာင္ အစက္အေျပာက္မ်ား ျဖစ္ပါတယ္။ အေမရိကန္ အေရျပား ပညာရွင္မ်ား အဖြဲ႕ရဲ႕ အဆိုအရ ၄င္းဟာ အသားအေရ ပ်က္စီးျခင္း လကၡဏာ ျဖစ္ပါတယ္။ တင္းတိပ္ ျဖစ္ရျခင္း အေၾကာင္းအရင္းမ်ား ကေတာ့ ေနေရာင္ အလြန္အကၽြံ ထိေတြ႕ျခင္း၊ မ်ဳိး႐ိုး၊ ေဟာ္မုန္း မညီမွ်မႈ တို႔ေၾကာင့္ ျဖစ္ပါတယ္။ တင္းတိပ္ေတြက မ်က္ႏွာတင္မွာ သာမက ခႏၶာကိုယ္ ေနရာ အႏွံ႔ အျပားမွာ ျဖစ္ေပၚတတ္ ပါတယ္။ တင္းတိပ္ေတြကို ဖယ္ရွားဖို႔ အထူးကုသမႈေတြ ရွိေပမယ့္ ေစ်းအလြန္ႀကီး ပါတယ္။ ယင္းတင္းတိပ္ မ်ားကို အိမ္မွာ ေနရင္း သဘာ၀ ကုထံုးေတြနဲ႔ စမ္းသပ္ ကုသျခင္းျဖင့္ အလြယ္တကူ ဖယ္ရွားႏိုင္ ပါတယ္။

၁။ သံပုရာရည္

-သံပုရာရည္ကို တင္းတိပ္ျဖစ္တဲ့ ေနရာေတြ အႏွံ႔လိမ္းပါ။ (၁၀-၁၅) မိနစ္ခန္႔ ထားၿပီး ၾကက္သီးေႏြး ေရနဲ႔ ေဆးခ်ပါ။ ထိုနည္း အတိုင္း တစ္ေန႔ ႏွစ္ႀကိမ္ လုပ္ပါ။

-ေနာက္တစ္နည္း ကေတာ့ သံပုရာသီးကို ထက္ျခမ္းျခမ္းၿပီး သံပုရာျခမ္းေပၚမွာ သၾကားဇြန္းေသး တစ္ဇြန္း ျဖဴးပါ။ ယင္းသံပုရာျခမ္းနဲ႔ မိနစ္ အနည္းငယ္ၾကာ အေရျပားကို ပြတ္တိုက္ပါ။ ထို႔ေနာက္ ေရေဆးပါ။ ထိုနည္းကို တစ္ပတ္ကို တစ္ႀကိမ္မွ ႏွစ္ႀကိမ္ ပံုမွန္ လုပ္ေဆာင္ပါ။

၂။ ပ်ားရည္

-ပ်ားရည္နဲ႔ ေရကို ေရာၿပီး အပူေပးပါ။ ၄င္းကို တင္းတိပ္ရွိတဲ့ အေရျပားမွာ လိမ္းၿပီး မိနစ္ အနည္းငယ္ ၾကာထားပါ။ ထို႔ေနာက္ ေရေႏြးနဲ႔ ေဆးပါ။ ထိုနည္းကို ေန႔စဥ္ လုပ္ေဆာင္ႏိုင္ ပါတယ္။

- ေနာက္တစ္နည္း ကေတာ့ ပ်ားရည္နဲ႔ ဒိန္ခ်ဥ္ကို ေရာၿပီး တင္းတိပ္မ်ားေပၚ မိနစ္ (၃၀)ၾကာ လိမ္းပါ။ ေန႔စဥ္ လုပ္ေဆာင္ပါ။

၃။ သေဘၤာသီး

-လတ္လတ္ဆတ္ဆတ္ သေဘၤာသီး အရည္ကို ဂြမ္း အသံုးျပဳၿပီး တင္းတိပ္မ်ားေပၚ တုိက္႐ိုက္ လိမ္းပါ။ (၁၀) မိနစ္ၾကာ ထားၿပီးေနာက္ ေရေအးျဖင့္ ေဆးပါ။ တစ္ေန႔ တစ္ႀကိမ္ ပံုမွန္ လုပ္ေဆာင္ သြားပါ။

၄။ ၾကက္သြန္နီ

-ၾကက္သြန္နီ တစ္လံုးကို ခပ္ထူထူ လွီးၿပီး ထိုၾကက္သြန္ကြင္း မ်ားနဲ႔ တင္းတိပ္မ်ားကို တစ္ေန႔ ႏွစ္ႀကိမ္ ညင္သာစြာ ပြတ္ပါ။ ထိုနည္းကို တင္းတိပ္မ်ား မွိန္သြားသည္ အထိ ဆက္လက္ လုပ္ေဆာင္ပါ။

-ေနာက္တစ္နည္း ကေတာ့ ၾကက္သြန္နီ တစ္လံုးကို ျခစ္ၿပီး အရည္ညႇစ္ပါ။ ၾကက္သြန္နီရည္ကို တင္းတိပ္ ရွိေသာ အသားအေရေပၚ တစ္ေန႔ ႏွစ္ႀကိမ္ လိမ္းပါ။ ပိုမို ထိေရာက္ လိုလွ်င္ ၾကက္သြန္နီရည္ထဲ ရွာလကာ ရည္ဇြန္းေသးတစ္ဇြန္း ထည့္ေရာပါ။

၅။ ခရမ္းသီး

-ခရမ္းသီး တစ္လံုးကို ခပ္ထူထူ လွီးပါ။ လွီးထားေသာ အခ်ပ္မ်ားကို တင္းတိပ္ရွိေသာ ေနရာ မ်ားတြင္ တင္ထားပါ။ ထိုအခ်ပ္မ်ားကို တင္းတိပ္မ်ားေပၚ စက္၀ိုင္းပံု ပြတ္တိုက္ပါ။ ထို႔ေနာက္ (၁၀-၁၅) မိနစ္ၾကာ ထားပါ။ ထိုနည္းအတိုင္း တစ္ေန႔တစ္ႀကိမ္ လုပ္ပါ။

၆။ ႏွမ္း

-ႏွမ္းတစ္ဇြန္းကို ႀကိတ္ေခ်ၿပီး နႏြင္းမႈန္႔ ဇြန္းေသး တစ္ဇြန္းႏွင့္ ေရ အနည္းငယ္ ေရာၿပီး အေရျပားေပၚ လိမ္းပါ။(၁၀-၁၅) မိနစ္ၾကာထား ၿပီးေနာက္ ေရေအးျဖင့္ ေဆးပါ။ ထိုနည္းကို ေန႔စဥ္ လုပ္ေဆာင္ေပးျခင္းျဖင့္ တင္းတိပ္မ်ား အေရာင္မွိန္သြားပါ လိမ့္မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Messenger

#Unicode Version

တင်းတိပ် ဆိုတာ အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် အစက်အပြောက်များ ဖြစ်ပါတယ်။ အမေရိကန် အရေပြား ပညာရှင်များ အဖွဲ့ရဲ့ အဆိုအရ ၎င်းဟာ အသားအရေ ပျက်စီးခြင်း လက္ခဏာ ဖြစ်ပါတယ်။ တင်းတိပ် ဖြစ်ရခြင်း အကြောင်းအရင်းများ ကတော့ နေရောင် အလွန်အကျွံ ထိတွေ့ခြင်း၊ မျိုးရိုး၊ ဟော်မုန်း မညီမျှမှု တို့ကြောင့် ဖြစ်ပါတယ်။ တင်းတိပ်တွေက မျက်နှာတင်မှာ သာမက ခန္ဓာကိုယ် နေရာ အနှံ့ အပြားမှာ ဖြစ်ပေါ်တတ် ပါတယ်။ တင်းတိပ်တွေကို ဖယ်ရှားဖို့ အထူးကုသမှုတွေ ရှိပေမယ့် ဈေးအလွန်ကြီး ပါတယ်။ ယင်းတင်းတိပ် များကို အိမ်မှာ နေရင်း သဘာ၀ ကုထုံးတွေနဲ့ စမ်းသပ် ကုသခြင်းဖြင့် အလွယ်တကူ ဖယ်ရှားနိုင် ပါတယ်။

၁။ သံပုရာရည်

-သံပုရာရည်ကို တင်းတိပ်ဖြစ်တဲ့ နေရာတွေ အနှံ့လိမ်းပါ။ (၁၀-၁၅) မိနစ်ခန့် ထားပြီး ကြက်သီးနွေး ရေနဲ့ ဆေးချပါ။ ထိုနည်း အတိုင်း တစ်နေ့ နှစ်ကြိမ် လုပ်ပါ။

-နောက်တစ်နည်း ကတော့ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး သံပုရာခြမ်းပေါ်မှာ သကြားဇွန်းသေး တစ်ဇွန်း ဖြူးပါ။ ယင်းသံပုရာခြမ်းနဲ့ မိနစ် အနည်းငယ်ကြာ အရေပြားကို ပွတ်တိုက်ပါ။ ထို့နောက် ရေဆေးပါ။ ထိုနည်းကို တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ် ပုံမှန် လုပ်ဆောင်ပါ။

၂။ ပျားရည်

-ပျားရည်နဲ့ ရေကို ရောပြီး အပူပေးပါ။ ၎င်းကို တင်းတိပ်ရှိတဲ့ အရေပြားမှာ လိမ်းပြီး မိနစ် အနည်းငယ် ကြာထားပါ။ ထို့နောက် ရေနွေးနဲ့ ဆေးပါ။ ထိုနည်းကို နေ့စဉ် လုပ်ဆောင်နိုင် ပါတယ်။

- နောက်တစ်နည်း ကတော့ ပျားရည်နဲ့ ဒိန်ချဉ်ကို ရောပြီး တင်းတိပ်များပေါ် မိနစ် (၃၀)ကြာ လိမ်းပါ။ နေ့စဉ် လုပ်ဆောင်ပါ။

၃။ သင်္ဘောသီး

-လတ်လတ်ဆတ်ဆတ် သင်္ဘောသီး အရည်ကို ဂွမ်း အသုံးပြုပြီး တင်းတိပ်များပေါ် တိုက်ရိုက် လိမ်းပါ။ (၁၀) မိနစ်ကြာ ထားပြီးနောက် ရေအေးဖြင့် ဆေးပါ။ တစ်နေ့ တစ်ကြိမ် ပုံမှန် လုပ်ဆောင် သွားပါ။

၄။ ကြက်သွန်နီ

-ကြက်သွန်နီ တစ်လုံးကို ခပ်ထူထူ လှီးပြီး ထိုကြက်သွန်ကွင်း များနဲ့ တင်းတိပ်များကို တစ်နေ့ နှစ်ကြိမ် ညင်သာစွာ ပွတ်ပါ။ ထိုနည်းကို တင်းတိပ်များ မှိန်သွားသည် အထိ ဆက်လက် လုပ်ဆောင်ပါ။

-နောက်တစ်နည်း ကတော့ ကြက်သွန်နီ တစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။ ကြက်သွန်နီရည်ကို တင်းတိပ် ရှိသော အသားအရေပေါ် တစ်နေ့ နှစ်ကြိမ် လိမ်းပါ။ ပိုမို ထိရောက် လိုလျှင် ကြက်သွန်နီရည်ထဲ ရှာလကာ ရည်ဇွန်းသေးတစ်ဇွန်း ထည့်ရောပါ။

၅။ ခရမ်းသီး

-ခရမ်းသီး တစ်လုံးကို ခပ်ထူထူ လှီးပါ။ လှီးထားသော အချပ်များကို တင်းတိပ်ရှိသော နေရာ များတွင် တင်ထားပါ။ ထိုအချပ်များကို တင်းတိပ်များပေါ် စက်ဝိုင်းပုံ ပွတ်တိုက်ပါ။ ထို့နောက် (၁၀-၁၅) မိနစ်ကြာ ထားပါ။ ထိုနည်းအတိုင်း တစ်နေ့တစ်ကြိမ် လုပ်ပါ။

၆။ နှမ်း

-နှမ်းတစ်ဇွန်းကို ကြိတ်ချေပြီး နနွင်းမှုန့် ဇွန်းသေး တစ်ဇွန်းနှင့် ရေ အနည်းငယ် ရောပြီး အရေပြားပေါ် လိမ်းပါ။(၁၀-၁၅) မိနစ်ကြာထား ပြီးနောက် ရေအေးဖြင့် ဆေးပါ။ ထိုနည်းကို နေ့စဉ် လုပ်ဆောင်ပေးခြင်းဖြင့် တင်းတိပ်များ အရောင်မှိန်သွားပါ လိမ့်မည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top