Property Expo
×

အလွအပပိုင္းဆုိင္ရာ ျပဳျပင္ခြင့္ရရွိပါက ေမးေစ့ရွည္ေန သည္ကို စိတ္တိုင္းမက်ေသာ ေၾကာင့္ ျပင္ဆင္လုိေၾကာင္း ပက္ထရစ္ရွာက ေျပာသည္။

‘‘ေမးေစ့ရွည္ေနတာကို ျပင္ ခ်င္တာ။ ေမးေစ့ကိုတိုခ်င္တာ။ အခုေခတ္က ေမးေစ့ရွည္တဲ့ေခတ္ မျပင္နဲ႔ဆုိၿပီး အိမ္ကလည္း ေပး မျပင္ဘူး’’ဟု ၎က ေျပာသည္။

မ်ိဳး႐ိုးအရ မ်က္ႏွာရွည္သည္ ကို ခြဲစိတ္ျပဳျပင္ထားသည္ဟု ေဝ ဖန္မႈမ်ားရွိေသာေၾကာင့္ ယင္းအ ေပၚတြင္ စိတ္မေကာင္းျဖစ္ရ ေၾကာင္း ပက္ထရစ္ရွာက ဆုိ သည္။

‘‘ညီမ ေမာ္ဒယ္စလုပ္တုန္း က မ်က္ႏွာျပည့္တယ္သာေျပာ တာ။ ကိုယ္လံုးကလည္း ဒီထက္ ျပည့္တယ္။ လက္ေမာင္းေတြက အစ ေဖာင္းေဖာင္းေလး။ အခုက လူပါပိန္ၿပီး မ်က္ႏွာလည္း ပိန္ သြားတာ။ အရင္တုန္းက ေဖာင္း ေဖာင္းေလး’’ဟု ၎ကို ခြဲစိတ္ျပဳ ျပင္မႈ ျပဳလုပ္သည္ဟု ေျပာဆုိမႈ မ်ားအေပၚ တုံ႔ျပန္ေျပာၾကား သည္။လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ Dancer ေကာင္မေလးအျဖစ္ သ႐ုပ္ေဆာင္ရမည့္ ႐ုပ္ရွင္တစ္ကား လက္ခံ ထားၿပီး ဗီဒီယိုႏွင့္ ႐ုပ္ရွင္မ်ား ဆက္တိုက္႐ိုက္ကူးရန္ အစီအစဥ္ရွိ ေၾကာင္း ပက္ထရစ္ရွာက ဆုိ သည္။

‘‘အရင္ကဆုိရင္ ညီမသ႐ုပ္ ေဆာင္တဲ့ ကာ႐ိုက္တာေတြက ႐ိုး႐ိုးေအးေအးေကာင္မေလးပံုစံ မ်ိဳး။ အဝတ္အစားဝတ္တာက အစ ႐ိုး႐ိုးေလးနဲ႔ လံုလံုၿခံဳၿခံဳဝတ္ တဲ့ ဇာတ္ကားေလးေတြပဲမ်ား တယ္။ Reflection မွာက်ေတာ့ အက္ရွင္ကားဆုိေတာ့ ဖိုက္တင္ ခန္းေတြလည္းပါတယ္။ အဝတ္ အစားဝတ္တာေတြလည္း ဆန္း ဆန္းေတြပါတယ္’’ဟု မင္းသမီး ေလးဦး အဓိကပါဝင္သ႐ုပ္ေဆာင္ ထားသည့္ Reflection ဇာတ္ ကားႏွင့္ပတ္သက္၍ ၎က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အလှအပပိုင်းဆိုင်ရာ ပြုပြင်ခွင့်ရရှိပါက မေးစေ့ရှည်နေ သည်ကို စိတ်တိုင်းမကျသော ကြောင့် ပြင်ဆင်လိုကြောင်း ပက်ထရစ်ရှာက ပြောသည်။

‘‘မေးစေ့ရှည်နေတာကို ပြင် ချင်တာ။ မေးစေ့ကိုတိုချင်တာ။ အခုခေတ်က မေးစေ့ရှည်တဲ့ခေတ် မပြင်နဲ့ဆိုပြီး အိမ်ကလည်း ပေး မပြင်ဘူး’’ဟု ၎င်းက ပြောသည်။

မျိုးရိုးအရ မျက်နှာရှည်သည် ကို ခွဲစိတ်ပြုပြင်ထားသည်ဟု ဝေ ဖန်မှုများရှိသောကြောင့် ယင်းအ ပေါ်တွင် စိတ်မကောင်းဖြစ်ရ ကြောင်း ပက်ထရစ်ရှာက ဆို သည်။

‘‘ညီမ မော်ဒယ်စလုပ်တုန်း က မျက်နှာပြည့်တယ်သာပြော တာ။ ကိုယ်လုံးကလည်း ဒီထက် ပြည့်တယ်။ လက်မောင်းတွေက အစ ဖောင်းဖောင်းလေး။ အခုက လူပါပိန်ပြီး မျက်နှာလည်း ပိန် သွားတာ။ အရင်တုန်းက ဖောင်း ဖောင်းလေး’’ဟု ၎င်းကို ခွဲစိတ်ပြု ပြင်မှု ပြုလုပ်သည်ဟု ပြောဆိုမှု များအပေါ် တုံ့ပြန်ပြောကြား သည်။လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် Dancer ကောင်မလေးအဖြစ် သရုပ်ဆောင်ရမည့် ရုပ်ရှင်တစ်ကား လက်ခံ ထားပြီး ဗီဒီယိုနှင့် ရုပ်ရှင်များ ဆက်တိုက်ရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း ပက်ထရစ်ရှာက ဆို သည်။

‘‘အရင်ကဆိုရင် ညီမသရုပ် ဆောင်တဲ့ ကာရိုက်တာတွေက ရိုးရိုးအေးအေးကောင်မလေးပုံစံ မျိုး။ အဝတ်အစားဝတ်တာက အစ ရိုးရိုးလေးနဲ့ လုံလုံခြုံခြုံဝတ် တဲ့ ဇာတ်ကားလေးတွေပဲများ တယ်။ Reflection မှာကျတော့ အက်ရှင်ကားဆိုတော့ ဖိုက်တင် ခန်းတွေလည်းပါတယ်။ အဝတ် အစားဝတ်တာတွေလည်း ဆန်း ဆန်းတွေပါတယ်’’ဟု မင်းသမီး လေးဦး အဓိကပါဝင်သရုပ်ဆောင် ထားသည့် Reflection ဇာတ် ကားနှင့်ပတ်သက်၍ ၎င်းက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top